မိန်းကလေးများသိသင့်တဲ့ Diet လုပ်နည်းများ

နာမည်ကြီးအနုပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေကို အားကျနေသလား။ ဝိတ်ချဖို့အတွက် အစားတွေရှောင်၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေရပါသလား။ ဒါပေမယ့် ဒီလို ခန္ဒာကိုယ်မျိုးကို လွယ်လွယ်မရနိုင်ပါဘူး။ နေ့စဉ်လေ့ကျင့်ခန်းအပြင် တစ်ခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ကဲ လွယ်ကူတာမို့အခုပဲလိုက်လုပ်ကြည့်ရအောင်။ သေချာဝါးစားပါ။ အစားအစာများကို သေချာဝါးစားသင့်ပါတယ်။ ဒီလို အရသာခံပြီး ကြေညက်အောင်ဝါးစားရင် အစားလျှော့စားသလို ဖြစ်သွားပါလိမ့်မယ်။ အရသာခံတာတွေကို ရှောင်ကြဉ်ပါ။ သင်လျှာကို အလိုမလိုက်ပါနဲ့။ ခံတွင်းတွေ့စေမယ့် အစားအစာတွေဆိုရင် ထပ်ခါထပ်ခါ တောင်းတ တတ်ပါတယ်။ ဒါကြောင့် ရှောင်ကြည်ရန် အထူးလိုအပ်ပါတယ်။ လျှာကို မကြာခဏဆေးပေးပါ။ အသီးအရွက်များများစားပါ။ ကျန်းမာရေးအတွက် အထူးလိုအပ်တာ အသီးအရွက်တွေပါ။ အဆီတွေကို လျော့ချပေးပြီး လိုအပ်တဲ့ အာဟာရပေးနိုင်တဲ့အတွက် နေ့စဉ်အစားအသောက်မှာ အထူးလိုအပ်ပါတယ်။ ဗီနီကာထည့်ပါ။ သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနိုင်သော်လည်း Diet အတွက် အလွန်ကောင်းပါတယ်။… Continue reading မိန်းကလေးများသိသင့်တဲ့ Diet လုပ်နည်းများ

ဘီယာ သည် ကြွက်သားများကို ပိုမိုသန်မာစေရန် အားပေးကြောင်း တွေ့ရှိ

  ဘီယာချစ်သူများအတွက် သတင်းကောင်းပါ။ ဘီယာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားများကို ပိုမိုသန်မာစေအောင် အားပေးလှုံ့ဆော်နိုင်ကြောင်း ဂျပန်နိုင်ငံ တိုကူရှီးမားတက္ကသိုလ်မှ သုတေသီတစ်ယောက်မှ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘီယာဟာ ကြွက်သားထုကို ပိုမိုသန်မာအောင် အားပေးနိုင်ပြီး ဘီယာသောက်သူနဲ့ မသောက်သူနဲ့ ကြွက်သားသန်စွမ်းမှု အားကို ယှဉ်ကြည့်တဲ့အခါမှာ ဘီယာသောက်သူက ကြွက်သားပိုမိုအားကောင်းတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် 6 packs ကြွက်သားဖြစ်ချင်လို့ ဘီယာတွေ ထိုင်သောက်နေရင်တော့ အလကားဖြစ်ပါလိမ့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ဘီယာဟာ ကြွက်သားသန်စွမ်းမှုနဲ့ ကြီးထွားလာမှုကိုသာ အားပေးတာဖြစ်ပြီး ဒါကို အချိုးကျကျဖြစ်အောင် လေ့ကျင့်ခန်း လုပ်ဖို့တော့လိုပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ ဘီယာမှာပါဝင်တဲ့ အယ်ကိုဟော ဓာတ်ကြောင့် သင့်ကို အသက်တိုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အားကစားသမားများအနေဖြင့် ဘီယာအဖြူကို မသောက်သုံးသင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဘီယာအဖြူ မဟုတ်သော… Continue reading ဘီယာ သည် ကြွက်သားများကို ပိုမိုသန်မာစေရန် အားပေးကြောင်း တွေ့ရှိ

စိတ်ပျော်ရွှင်စေမယ့် အစာ (၇ ) မျိုး

လူတစ်ယောက်ရဲ့ စိတ်ဟာပျော်ရွှင်နေဖို့ အရမ်းကို အရေးကြီးပါတယ်။ စိတ်ပျော်ရွှင်နေပါမှ သူလုပ်သမျှအလုပ်တွေအပေါ်မှာ အမြင်မှန်များ၊ ဆုံးဖြတ်ချက်အမှန်များကို ချနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတဲ့ စကားအတိုင်း စိတ်မပျော်မရွှင်ဖြစ်နေပါက ခန္ဓာကိုယ်မှ ကိုယ်ခံစွမ်းအားတွေဟာလည်း အလိုလိုကျလာတတ်ပါတယ်။ ဒါကြောင့် စိတ်ကို ပျော်ရွှင်နေစေဖို့ ဘယ်လို အစားအစာတွေကို စားသုံးပေးရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဂျုံပေါင်မုန့် ဂျုံပြောင်း စတဲ့သီးနှံတွေမှာပါတဲ့ ပရိုတင်းဓါတ်နဲ့ အမိုင်နိုအက်စစ်တွေက ဦးနှောက်ထဲရှိ လိုင်းများကို နိုးစွပေးနိုင်စွမ်းရှိပါတယ်။ ပုံမှန်အခြေအနေထက် သွေးတွင်းပျော်ဝင်နေတဲ့ ဓါတ်တွေကို (၃)ဆပိုတိုးအောင် လုံဆောင်ပေးနိုင်စွမ်းရှိသောကြောင့် မနက်တိုင်း ပေါင်မုန့်ချပ်အနည်းငယ်ကို နံနက်စာအဖြစ် စားသုံးသင့်ပါတယ်။ ၂။ကြက်ဆင်သားနှင့်ကြက်သား ထိုအသားများတွင် ပါဝင်သော ပရိုတင်းဓါတ်က လူများ၏ စိတ်ဖိစီးမှုဒါဏ်များကို လျော့ချပေးနိုင်စွမ်းရှိပါသည်။ ၃။ ရေ ကိုယ်တွင်းအဆီဓါတ်ကို ချေဖျက်နိုင်စွမ်းရှိပါသည်။ တစ်နေ့ရေ(၈)ခွက်မှ… Continue reading စိတ်ပျော်ရွှင်စေမယ့် အစာ (၇ ) မျိုး

အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

BrewDog ဆိုတာ ဘီယာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး စကော့တလန် ဘီယာတစ်မျိုးဖြစ်ပါတယ်။ လက်ရှိမှာတော့ အမေရိကားအထိ ဈေးကွက်ချဲ့ထွင်နေပြီ ဖြစ်သလို သူ့ရဲ့ ရာဇဝင်နောက်ကြောင်းကို ကြည့်မယ်ဆိုရင် အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ BrewDog ဘီယာလုပ်ငန်းကို  ၂၀၀၇ ခုနှစ်မှာ ဂျိန်းစ်ဝက်တ် နဲ့ မာတင် ဒစ်ကီ တို့ တည်ထောင်ခဲ့ပြီး ဆိုင်ခန်းမငှားနိုင်သေးလို့ ကားဂိုထောင်ထဲမှာ လုပ်ငန်းစတင်ခဲ့ပါတယ်။ မာတင်ဒစ်ကီ ရဲ့ အမေ ပိုင်ဆိုင်တဲ့ ကားဂိုဒေါင်ထဲမှာဘဲ ဘီယာချက်လုပ်ပြီး ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းသောက်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်။ မာတင် ဒစ်ကီ တို့ရဲ့ BrewDog ဘီယာကို လယ်သမားတွေက အမာခံ ပရိတ်သတ်အနေနဲ့ ဝယ်ယူသောက်သုံးတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျိန်းစ်ဝက်တ်နဲ့ မာတင် ဒစ်ကီ တို့ဟာ… Continue reading အိမ်တွင်းဖြစ် ဘီယာလုပ်ငန်းကနေ ဘီလီယံနဲ့ချီပြီး တန်ဖိုးမြင့်တက်ခဲ့တဲ့ BrewDog

ကြက်သွန်ဖြူရနံ့မွှေးပုစွန် ဟင်းတစ်ခွက် ဘယ်လိုချက်မလဲ

ဒီတစ်ပတ်ဖော်ပြမှာက ချက်ရတာအလွန်လွယ်ကူ မြန်ဆန်တဲ့ဟင်းတစ်ခွက်ပါ။ ပေါင်မုန့်နဲ့ တွဲဖက်သုံးဆောင်ရမယ့် ဥရောပစတိုင်လ်ဟင်းပွဲပဲဖြစ်ပါတယ်။ ဒါပေမဲ့ထမင်းပူပူနွေးနွေး၊ ဟင်းချိုပူပူတစ်ခွက်၊ အရံဟင်းတစ်ခွက်တို့နဲ့တွဲဖက်ကာ အာရှစတိုင်သုံးဆောင်ပါကလည်း လိုက်ဖက်ပါတယ်။ ပါဝင်ပစ္စည်းများ ပုစွန်အလတ်စား၊ (အခွံခွာ၊ အကြောထုတ်၍ အမြီးချန်ထားရန်) ၉၀ကျပ်သား၊ သံလွင်ဆီ ၁၅၀ မီလီလီတာ၊ ထောပတ် ငါးကျပ်သား၊ ကြက်သွန်ဖြူနုပ်နုပ်စဉ်း ၁၀မွှာ၊ ငရုတ်သီးစိမ်းအနီရောင် နုပ်နုပ်စဉ်း သုံးတောင့်၊ ကြက်သွန်မြိတ်ပါးပါးလှီး သုံးပင်၊ သံပရိုသီး (အစိတ်လေးများစိတ်ထားပါ) တွဲဖက်သုံးဆောင်ရန်၊ ဆားအနည်းငယ် ချက်ပြုတ်နည်း (၁) ပုစွန်ကို ကျောမှထက်ခြမ်း အရာပေးခွဲ၍ အကြောထုတ်ထားပါ။ ဒယ်အိုးကြီးကြီးတစ်လုံးထဲတွင် ဆီနှင့်ထောပတ်တို့ကို မီးပြင်းပြင်းဖြင့် အပူပေး၍ ထောပတ်ပျော်လျှင် ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မွှေးလာသည်အထိ ဆီသတ်ပါ။ (၂) မွှေးလာပါက ပုစွန်ထည့်၍ ကျက်ရုံချက်ပါ။ ကျက်လောက်ပြီဆိုပါက  ကြက်သွန်မြိတ်နှင့် ဆားခတ်၍… Continue reading ကြက်သွန်ဖြူရနံ့မွှေးပုစွန် ဟင်းတစ်ခွက် ဘယ်လိုချက်မလဲ

သင်သောက်နေတဲ့ ဈေးကွက်ထဲက သစ်သီးဖျော်ရည်က ကျန်းမာရေးအတွက် အထောက်အကူပြုရဲ့လား

အခုလို ပူတဲ့ရာသီမှာ လူအများစုက အေးမြတဲ့ သစ်သီးဖျော်ရည် တစ်ခွက်ကို တမ်းတ တတ်ကြပါတယ်။ အရင်ခေတ်ကာလ မတိုးတက်စဉ်အချိန်က လူတွေဟာ သစ်သီးတွေကို သဘာဝအတိုင်း ခွဲခြမ်း စားသောက်လာကြတယ်။ သစ်သီးတွေကို အခွံနွှာစရာလိုရင် နွှာမယ်၊ ဖယ်စရာရှိတာတေ ွဖယ်မယ်။ ဒါမှမဟုတ် ဒီအတိုင်းစားရင်းနဲ့ပဲ မလိုတာတွေကို ချန်ထားတတ်ကြတယ်။ ခေတ်တွေ တိုးတက်လာတဲ့အခါမှာ ဒီသစ်သီးတွေကို ဖျော်ရည်အဖြစ် ဖျော်ပြီးသောက်လာကြပြန်တယ်။ ဒီလိုက တဆင့် လက်နဲ့ ဖျော်တဲ့အဆင့်ကနေ စက်တွေသုံးပြီး ဖျော်လာကြတယ်။ စက်တွေကိုသုံးတဲ့အချိန်မှာတော့ အရသာရှိတဲ့ အသီးအနှံစုံတွေကို ရောစပ်တီထွင်ပြီး စားသောက်လာကြပါတယ်။ ဒါတွေဟာ လတ်ဆတ်တဲ့ ဖျော်ရည် Fresh Juice တွေဖြစ်ပါတယ်။ အခုအခါမှာတော့ လူတွေဟာ လတ်ဆတ်တဲ့ ဖျော်ရည်တွေအစား ဈေးကွက်ထဲမှာ အသင့်ရနိုင်တဲ့ ဖျော်ရည်Juice တွေကို သောက်သုံးလာကြပါတယ်။… Continue reading သင်သောက်နေတဲ့ ဈေးကွက်ထဲက သစ်သီးဖျော်ရည်က ကျန်းမာရေးအတွက် အထောက်အကူပြုရဲ့လား

သင့်စိတ်တွေပျော်ရွှင်တက်ကြွဖို့ ဒါတွေကိုစားပါ

အစားအစာနဲ့ စိတ်ဓာတ် ပျော်ရွှင်တက်ကြွမှု ကလည်း ဆက်စပ်နေတယ် ဆိုပါလား။ သင့် စိတ်ထဲမှာတော့ ဒါတွေတကယ်ရော ဟုတ်မှဟုတ်ရဲ့လားလို့ တွေးကောင်းတွေးနိုင်ပါတယ်။ သင်စဉ်းစားကြည့်လိုက်ပါ။ တစ်ခါတစ်ရံမှာ သင်စားလိုက်တဲ့အစားအစာတစ်ခုဟာ စားတုန်းခံတွင်းတွေ့ပေမယ့် စားပြီးလို့ သိပ်မကြာခင် ထင်သလိုမဟုတ်တာတွေ၊ ဗိုက်သာဖေါင်းလာပြီး စိတ်ထဲမသိုးမသန့် တွေ့တာတွေဖြစ်လာတတ်ပါတယ်။ ဒါပေမယ့်သိပ္ပံနည်းကျ စနစ်တကျစူးစမ်းလေ့လာမှုတွေအရ တစ်ချို့အစားအစာတွေဟာ စားသူကို စိတ်ဓာတ်တက်ကြွရွှင်လန်းစေပြီး ပျော်ရွှင်မှုကို ခံစားရတယ်လို့ ဆိုပါတယ်။ ဆန်းသစ်မြန်မာပရိတ်သတ်တွေအတွက် ဒီအစားအစာတွေနဲ့ သိပ်ပြီး အလှမ်းမဝေးလှတာကြောင့် ရှာဖွေစုဆောင်းတင်ပြလိုက်ပါတယ်။ (၁) သဘာဝအတိုင်းရတဲ့ သစ်ကြားသီးနဲ့ သီဟိုဠ်စေ့ ( Raw Walnuts and Cashews) နယူးယောက်မှ အာဟာရပညာရှင်လည်းဖြစ်ပြီး  ပိုနုတဲ့နောက်သီတင်းပတ် “Younger Next Week”စာအုပ်ထဲတွင် အစားအသောက်ပိုင်းဆိုင်ရာတွေရေးတဲ့ Elisa Zied ကတော့ သစ်ကြားသီး တစ်အောင်စ… Continue reading သင့်စိတ်တွေပျော်ရွှင်တက်ကြွဖို့ ဒါတွေကိုစားပါ

အမဲသားကိုက်လန်ညှပ်ခေါက်ဆွဲ တစ်ပွဲ ဘယ်လိုချက်မလဲ

ဆန်းသစ်မြန်မာပရိသတ်ကြီးလည်း Recipe လေးတွေ ဖတ်ပြီး အသစ်လေးတွေ ချက်ပြုတ်မစားရတာလည်း ကြာပြီး မဟုတ်လားရှင်။ ကဲ အခု ခိုင်ပြောပြမယ့် တရုတ်အစားအစာလေး တစ်မျိုးကို ထမင်းစားရတာ ငြီးငွေ့တဲ့ အခါမျိုးမှာ အပြောင်းအလဲလေးဖြစ်အောင် လုပ်စားဖို့ ရည်ရွယ်ဖော်ပြပေးလိုက်ပါတယ်။ အမဲကိုက်လန်ညှပ်ခေါက်ဆွဲ ပါဝင်ပစ္စည်းများ -မြေပဲဆီ ထမင်းစားဇွန်းသုံးဇွန်း -တရုတ်ငံပြာရည်အကျဲ ထမင်းစားဇွန်း တစ်ဇွန်း -ပဲငံပြာရည် အပျစ် ထမင်းစားဇွန်း သုံးဇွန်း -အမဲသားပြုတ်ရည် ထမင်းစားဇွန်း ၇ဇွန်း -မညှပ်ရသေးသော ညှပ်ခေါက်ဆွဲဖတ် (တစ်လွှာချင်းဆီခွာ၍ တစ်လက်မအရွယ်အပြားများ ညှပ်ပါ) ၆၀ကျပ်သား -အမဲမိုးခိုသား (ပါးပါးလှီးပါ) ၃၀ကျပ်သား -ကြက်သွန်နီ နုပ်နုပ်စင်း တစ်ဥ -ကြက်သွန်ဖြူ နုပ်နုပ်စင်း လေးမွှာ -ကိုက်လန်(အမျှင်နွှာ၍ လက်နှစ်ဆစ်စီခန့် ဖြတ်ထားပါ) ၂၅ကျပ်သားခန့် -ငရုတ်သီးစိမ်းအနီ (နုပ်နုပ်စင်းထားပါ) ငါးတောင့်… Continue reading အမဲသားကိုက်လန်ညှပ်ခေါက်ဆွဲ တစ်ပွဲ ဘယ်လိုချက်မလဲ

သင့်အတွက် အကောင်းဆုံး ငှက်ပျောသီးကို ဘယ်လိုရွေးချယ်မလဲ

သင်ဟာ ငှက်ပျောသီး ကိုကြိုက်နှစ်သက်သူ ဖြစ်ရင်တော့ ငှက်ပျောသီးအကြောင်းကို သေချာသိဖို့လိုပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ငှက်ပျောသီးဟာ အာဟာရဓာတ်အင်မတန်မှ ကြွယ်ဝတဲ့ အသီးတစ်မျိုး ဖြစ်တဲ့အပြင် မတူညီတဲ့ ငှက်ပျောသီးပုံစံ တစ်မျိုးခြင်းဆီမှာ မတူညီတဲ့ ဓာတ်သဘာဝတွေ ရှိနေပါတယ်။ ဒါပေမယ့် ငှက်ပျောသီး အမျိုးအစားနဲ့ အရသာ ဘယ်လိုဘဲ ကွာပြားပေမယ့် အကြမ်းအားဖြင့် ၃ မျိုး ခွဲခြားနိုင်ပါတယ်။ အဲ့ဒါတွေကတော့ ၁။ အစက်အပြောက်ပါသော ငှက်ပျောသီး၊ အညိုရောင်သန်းသော ငှက်ပျောသီး သင်စားမယ့် ငှက်ပျောသီးမှာ အညိုရောင်သန်းမယ်၊ ဒါမှမဟုတ် အစက်အပြောက်တွေ ပါတဲ့ ငှက်ပျောသီးဆိုရင်တော့ ကျန်းမာရေး အတွက် ပိုမိုကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝနေပါတယ်။ ပရိုတင်းဓာတ်ပိုမိုကြွယ်ဝပြီး ကြွက်သွားထု ဖြစ်ထွန်းဖို့ အတွက် အားပေးပါတယ်။ ၂။ မှည့်နေသော ငှက်ပျောသီး… Continue reading သင့်အတွက် အကောင်းဆုံး ငှက်ပျောသီးကို ဘယ်လိုရွေးချယ်မလဲ

သခွားသီးက လူတွေအပေါ် ဘယ်လိုကောင်းကျိုးပြုလဲ

သခွားသီးဟာ အတို့အမြှုပ်အဖြစ် စားရုံသာမက အလှအပရေးရာအတွက်ပါ ကောင်းကျိုးပြုနေပါတယ်။ ရေဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး သွေးအတွင်းမှာ ဆိုဒီယမ် (အငန်) ဓာတ် တိုးပွားလာမှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတွင်း အဆီတက်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ သွေးထွက်လွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ၁။ ရေဓာတ်ဖြည့်ပေးနိုင်တယ်။ သခွားသီးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေဓာတ်ဖြင့် ဖွဲ့စည်းထားတာကြောင့် ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါတယ်။ နွေရာသီမှာ များများစားသင့်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ၂။ အသားအရေစိုပြေစေတယ်။ အသားအရေစိုပြေအတွက် သခွားသီးကို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ထိတွေ့ရုံနဲ့ ရေဓာတ်ရနိုင်ပါတယ်။ နေလောင်ဒဏ်ကြောင့် အသားအရေမွဲခြောက်မှုအတွက် သခွားသီးကို ပါးပါးလေးလှီးပြီး အသားမှာ ဖြည်းညှင်းစွာ ပွတ်ပေးရုံပါဘဲ။ ဒါ့အပြင် မျက်စိ ကနေ အပူစုပ်ထုတ်ဖို့အတွက် ညအိပ်တဲ့အခါ သခွားသီးကို မျက်လုံးပေါ်မှာ တင်ပြီး… Continue reading သခွားသီးက လူတွေအပေါ် ဘယ်လိုကောင်းကျိုးပြုလဲ