အသင်းရဲ့ တတိယဦးစားပေး အသင်းခေါင်းဆောင် ဖြစ်လာမယ့် ဘန်ဇီမာ

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ကာရင်ဘန်ဇီမာကို ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းကနေ ထွက်ခွာသွားတော့မယ် ဝါရင့်နောက်ခံလူ ပီပီရဲ့တာဝန်ဖြစ်တဲ့ အသင်းရဲ့တတိယဦးစားပေး အသင်းခေါင်းဆောင်ရာထူးကို လွဲပြောင်းပေးအပ်သွားတော့မယ်လို့ သိရှိရပါတယ်။ ပီပီဟာ ရီးရဲလ်အသင်းမှာ ဆယ်နှစ်တာ ပါဝင်ကစားပေးခဲ့ပြီး ဆာဂျီယိုရာမို့စ်နဲ့ မာဆယ်လိုတို့ရဲ့နောက် တတိယဦးစားပေး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့တာဖြစ်ပါတယ်။ ယခု ပီပီဟာ ရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး စာချုပ်မတိုးတော့တာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေတာပြီး ရီးရဲလ်အသင်းရဲ့ တာဝန်ရှိသူများအနေနဲ့ ပီပီရဲ့တာဝန်ကို အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဆီ လွဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့ ဒီတာဝန်ဟာ အသင်းရဲ့အဓိက ကစားသမား စီရိုနယ်ဒိုအတွက် ပိုသင့်လျော်တယ်ဆိုပေမယ့် ရိုနယ်ဒိုဟာ အခွန်ကိစ္စများကြောင့် အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေတာကြောင့် အခုလို ဘန်ဇီမာကိုသာ တာဝန်လွဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။ အသက် ၂၉နှစ်အရွှယ်ရှိ ပြင်သစ်ကစားသမား ဘန်ဇီမာဟာ… Continue reading အသင်းရဲ့ တတိယဦးစားပေး အသင်းခေါင်းဆောင် ဖြစ်လာမယ့် ဘန်ဇီမာ

မိုရာတာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးရဲလ်ဥက္ကဌရှင်းလင်း

မန်ယူအသင်းကို ပြောင်းရွှေ့ကစားဖို့ အခြေအနေတော်တော်များများဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အဲဗာရိုမိုရာတာရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ရီးရဲလ်အသင်း ဥက္ကဌဖြစ်သူ ဖလော်ရန်တီနိုပီရက်ဇ်က ဖြေရှင်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ဂိုးတွေတောက်လျှောက်သွင်းပေးခဲ့သူ ဆွီဒင်တိုက်စစ်မှူး ဇလာတန်အီဗရာဟီမိုဗစ်နဲ့ လမ်းခွဲခဲ့တာကြောင့် တိုက်စစ်မှူးအသစ်တစ်ယောက်ကို ခေါ်ယူဖို့ အသည်းအသန် ရှာဖွေနေတာဖြစ်ပါတယ်။ မန်ယူအသင်း ခေါ်ယူလိုနေတဲ့ တိုက်စစ်မှူးတွေထဲမှာ အဲဗာတန်တိုက်စစ်မှူး လူကာကူ ၊ တိုရီနို ဘလော့တီနဲ့ ရီးရဲလ်တိုက်စစ်မှူး မိုရာတာတို့ဖြစ်ပါတယ်။ ဒီကစားသမားသုံးယောက်ထဲကမှ မိုရာတာက မန်ယူကိုရောက်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး လာမယ့်တစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့ အပြီးသတ်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ရှိနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းများနဲ့ပတ်သက်ပြီး ရီးရဲလ်ဥက္ကဌပီရက်ဇ်က မိုရာတာအပါအဝင် စီရိုနယ်ဒိုနဲ့ ဂျိမ်းစ်ရိုဒရီဂွက်တို့အတွက်ပါ ဘယ်အသင်းဆီကမှ ကမ်းလှမ်းမှုတွေ မရှိရသေးပါကြောင်း ရှင်းလင်းတုန့်ပြန်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ ဘင်ဖီကာအသင်းရဲ့… Continue reading မိုရာတာရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရီးရဲလ်ဥက္ကဌရှင်းလင်း

လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း

ဒေါ့မွန်အသင်းရဲ့ဂါဘွန်လူမျိုး တိုက်စစ်မှူး အူဘာမီယန်းဟာ အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေများနေလျက်ရှိပြီး နည်းပြဟောင်း ဂျာဂင်ကလော့ရှိရာ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေပါတယ်။ အသက် ၂၇နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၄၁ ပါဝင်ကစားထားခဲ့ပြီး ၃၈ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ဘွန်ဒက်လီဂါရဲ့ ဂိုးသွင်းချန်ပီယံဆုကိုပါ ရရှိခဲ့ပါတယ်။ ဒီလို လျှမ်းလျှမ်းတောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းကြောင့် အူဘာမီယန်းကို ခေါ်ယူချင်နေတဲ့ ဥရောပအသင်းတွေ များစွာပေါ်ထွက်ခဲ့လာပြီး မန်စီးတီးနဲ့ ပီအက်စ်ဂျီအသင်းတို့ကတော့ အထူးတလည်ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် အူဘာမီယန်းကတော့ သူရဲ့နည်းပြဟောင်း ဂျာဂင်ကလော့ ကိုင်တွယ်နေတဲ့ လီဗာဘူးအသင်းကို ပြောင်းရွှေ့ကစားလိုနေပြီး လီဗာဘူးအသင်းဘက်ကနေလည်း ပေါင် ၆၁သန်းခန့်လောက်နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ အူဘာမီယန်းဟာ ၂၀၁၃ခုနှစ်က ပြင်သစ်ကလပ် စိန့်အက်တီယန်ကနေ ဒေါ့မွန်ကို… Continue reading လီဗာဘူးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်လျက်ရှိနေတဲ့ အူဘာမီယန်း

ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့ ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဒဏ်ရာတွေနဲ့ လုံးပန်းနေရပြီး ပုံမှန်ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးနေရတဲ့ ဝေးလ်လက်ရွေးစင် ကစားသမား ဂါရတ်ဘေးလ်ဟာ လာမယ့်နွေရာသီမှာ အသင်းကနေ စွန့်ခွာသွားဖို့ စဉ်းစားနေပြီလို့ သိရှိရပါတယ်။ အသက် ၂၇နှစ်အရွှယ်ရှိ ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြသနာများကြောင့် ဒီနှစ်ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲပေါင်း ၁၃ပွဲနဲ့ ချန်ပီယံလိဂ်ပွဲပေါင်း ၄ပွဲအထိကို လွဲချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာအရှိန်များကြောင့် ကစားပုံပါ ကျဆင်းလာခဲ့ပြီး ရီးရဲလ်နည်းပြ ဇီးဒန်းက ဘေးလ်မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွတ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် စိတ်ဆန္ဒပြင်းပျနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘေးလ်အနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွေ့မှာ ရီးရဲလ်ကနေ ထွက်ခွာပြီး သူကိုပုံမှန်နေရာပေးနိုင်တဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့ကစားဖို့ အလိုရှိနေတာဖြစ်ပါတယ်။ မီဒီယာတစ်ခုရဲ့ ထုတ်ဖော်ချက်အရ ဘေးလ်ဟာ မန်ယူ ၊ ချဲလ်ဆီး ၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကိုသာ ပြောင်းရွေ့လိုကြောင်း… Continue reading ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိနေတဲ့ ဂါရတ်ဘေးလ်

ဘောလုံး ကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ကန်တီ

ချဲလ်ဆီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ကန်တီဟာ ဘောလုံးဆောင်းပါးကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံးကစားသမားဆု ( FWA ) ဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လက်စတာအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ကန်တီဟာ ဒီနှစ်ရာသီမှာလည်း အသင်းသစ် ချဲလ်ဆီးအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ပြီး ပရီးမီးယားချန်ပီယံဆု ရယူပေးဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ကန်တီဟာ ဘောလုံးသမားများ ရွေးချယ်ပေးတဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံးပရီးမီးယားလိဂ် ကစားသမားဆု PFA ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပြီး အခုအခါမှာလည်း FWA ဆုကိုပါ ထပ်မံဆွတ်ခူးသွားခဲ့ရပြန်တာဖြစ်ပါတယ်။  ကန်တီဟာ မန်ယူအသင်းကို ပြန်လည်ပြောင်းရွေ့လာခဲ့တဲ့ တစ်နိုင်ငံတည်းသား ပေါ့ဘာထက်ကို ပိုမိုခြေစွမ်းပြနိုင်ခဲ့သလို ချဲလ်ဆီးအသင်းကို အမှတ်ပေးချန်ပီယံဖြစ်စေဖို့အတွက် အပြောင်မြောက်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကန်တီဟာ FWA… Continue reading ဘောလုံး ကလောင်ရှင်များ ရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ကန်တီ

စပါးအသင်းကို လေးစားချစ်ခင်မိတယ်ဆိုတဲ့ ဒေးဗစ်လုဇ်

ချဲလ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဒေးဗစ်လုဇ်က ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အက်အေဖလား ဆီးမီးဖိုင်နယ်ပွဲရဲ့ပြိုင်ဘက်လည်းဖြစ် လန်ဒန်ဒါဘီရဲ့ ခါးသီးပြိုင်ဘက်လည်းဖြစ်တဲ့ စပါးအသင်းအပေါ် လေးစားချစ်ခင်မိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့စပါးအသင်းတို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေကြသလို သက်တမ်းအရင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ အက်အေဖလား ဆီးမီးဖိုင်နယ်မှာ တိုက်တိုက်ဆိုင်ဆိုင် လာရောက်ဆုံတွေ့နေလျက်ရှိပါတယ်။ ဒီလို ခါးသီးပြိုင်ဘက်နဲ့ တိုက်ဆိုင်စွာ ဆုံတွေ့နေရမှုအပေါ် ချဲလ်ဆီးနောက်ခံလူ ဒေးဗစ်လုဇ်က ” စပါးက တကယ်ကို အသင်းကောင်းတစ်သင်းပါ။ ကြောက်စရာကောင်းတဲ့ ကစားသမားတွေနဲ့ အရမ်းကောင်းတဲ့နည်းပြကို ပိုင်ဆိုင်ထားတာပါ။ ဒီအသင်းကို ကျွန်တော် ချစ်မြတ်နိုးမိ လေးစားမိပါတယ်။ စပါးအသင်းကို ကျွန်တော်တို့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာလည်း သေချာနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းမှာ ကြောက်စရာကောင်းတဲ့ ကစားသမားတွေ ရှိနေတာပဲလေ။ ဥပမာ ကန်တီပေါ့။ ခက်ခဲတဲ့ ပြိုင်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပေမယ့်… Continue reading စပါးအသင်းကို လေးစားချစ်ခင်မိတယ်ဆိုတဲ့ ဒေးဗစ်လုဇ်

အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားတဲ့ Sead Kolasinac

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ အဓိကပြစ်မှတ်ဖြစ်နေတဲ့ ရှော်ကေးအသင်းရဲ့နောက်ခံကစားသမား Sead Kolasinac ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားခဲ့ပြီး ဆေးစစ်မှုတွေလည်း ပြုလုပ်ပြီးသွားပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ အသက် ၂၃နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဂျာမနီလူမျိုး ဘယ်နောက်ခံကစားသမား Sead Kolasinac ကို အာဆင်နယ်အသင်းအပြင် ချဲလ်ဆီးအသင်းနဲ့ အဲဗာတန်အသင်းတို့ကလည်း ခေါ်ယူရန် အပြိုင်ကမ်းလှမ်းခဲ့ပြီး အာဆင်နယ်အသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရရှိသွားခဲ့တာဖြစ်ပါတယ်။ Goal.com နဲ့ ဖော်ပြချက်အရ Kolasinac ဟာ အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးအတွက် လာမယ့်နွေရာသီ အပြောင်းအရွေ့ ကနဦးခေါ်ယူမှုလည်း ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ အာဆင်ဝင်းဂါးအနေနဲ့ အာဆင်နယ်က ထွက်ခွာဖြစ်မယ်ဆိုရင်တော့ Kolasinac ဟာ သူနောက်ဆုံးခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်သွားနိုင်ပါတယ်။ Kolasinac ဟာ ရှော်ကေးအသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၇ခုနှစ်အထိ ငါးနှစ်တာခန့်… Continue reading အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရသွားတဲ့ Sead Kolasinac

မြန်မာ ဘော်လုံးပွဲကရသော သင်ခန်းစာများ

မြန်မာရတယ် ၊မြန်မာယူလာတယ်…၊ ဂိုးရှေ့ကို ဖြတ်ပေးလိုက်တယ်….ပင်နင်လ်တီဧရိယာ အစကိုရောက်လာပြီ…. ……ကန်လိုက်ပြီ…ကန်ချက်က အနည်းငယ်လွဲသွားတယ်ခင်ဗျာ…။ မနေ့ညနေ(၆)နာရီက အစပြုခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ အာရှဖလားခြေစစ်ပွဲ ကြေငြာ တင်ဆက်သူထံက ထွက်လာတဲ့အသံပါ။ မနေ့က ဆိုရင် ဒီအသံမျိုး ဆယ်မိနစ် ဆယ့်ငါးမိနစ် တစ်ကြိမ်မက ခဏခဏကို ကြားနေရတဲ့အသံပါ။ ဟုတ်ပါတယ်။ မနေ့ကဆိုရင် မြန်မာအသင်းက တစ်ချိန်လုံး တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားနေခဲ့ပြီး အိန္ဒိယအသင်းကတော့ အိမ်ရှင်ပရိတ်သတ်ရှေ့မှာ တစ်ချက်တစ်ချက်သာ ထိုးဖောက်ကစားပြီးဂိုးရဖို့ကြိုးစားနိုင်ခဲ့တာ ကြည့်မိလိုက်တဲ့ ဘော်လုံး ပရိတ်သတ်တိုင်းသိကြပါတယ်။ ကျွန်တော်က ဘော်လုံးပွဲဆိုတာနဲ့ ထမင်းမေ့ဟင်းမေ့ အားပေးနေကျပါ။ မြန်မာဘော်လုံးပွဲတစ်ပွဲကြည့်ပြီးတိုင်း အသက်ရှုမဝတာ၊ နှလုံးခုန်မြန်ပြီး စိတ်တိုစိတ်ဆတ်တာ၊ ဒေါသထွက်တာ၊ အော်ငေါက်တာတွေ ပိုများလာတာပဲ အဖတ်တင်ပါတယ်။ပရိတ်သတ်တွေလည်း ဒီအတိုင်းပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲခင်းထဲက တစ်ချို့ပရိတ်သတ်တွေဆို  စိတ်မထိန်းနိုင်လို့ မြန်မာဘော်လုံးအဖွဲ့ချုပ်လည်း… Continue reading မြန်မာ ဘော်လုံးပွဲကရသော သင်ခန်းစာများ

မလေးရှားမှ ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ ဆူဇူကီးဖလားပြိုင်ပွဲမှ ထွက်လျှင် အရေးယူခံရမည်ဟု အာရှဘောလုံးအသင်းချုပ်မှ သတိပေး

မလေးရှား လူငယ်နှင့် အားကစားရေးရာဝန်ကြီး ခိုင်ရီဂျမာ လက်ဒင် မှ ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံမှ ပူးတွဲ အိမ်ရှင် အဖြစ်ကျင်းပသော ဆူဇူကီးဘောလုံးပြိုင်ပွဲကို ဆန္ဒပြမည်ဟု ပြီးခဲ့သော ရက်သတ္တပတ်မှ ပြောကြားခဲ့သည်။ ထို့ကြောင့် အာရှဘောလုံး အသင်းချုပ်မှ ထိုကိစ္စနဲ့ပတ်သတ်၍ သတိပေးခဲ့ပါတယ်။ မလေးရှားအသင်းမှ နောက်ဆုံးအုပ်စုပွဲတွင် မကစားဘဲ ဆန္ဒပြ ပါက နောက်ပွဲတွေမှာ ယှဉ်ပြိုင်ဝင်ရောက်ခွင့်ကို ပိတ်သွားမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းအရ နောင်လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲကို နှစ် ကြိမ်တိုင်တိုင် ကစားခွင့်ပိတ်ပင်ခံရမှာဖြစ်ပါတယ် လို့ ဘောလုံးအသင်းချုပ်က သတိပေးပြောကြားလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ အရေးကိစ္စနဲ့ပတ်သတ်ပြီး ဘင်္ဂလီတွေအပေါ် မြန်မာအစိုးရ ရဲ့ ပြုမူဆက်ဆံပုံနဲ့ပတ်သတ်ပြီး မကျေနပ်၍ မလေးရှား လူငယ်နဲ့ အားကစားရေးရာ ဝန်ကြီးက အားကစားနဲ့ နိုင်ငံရေးကို ရောချပြီး ဆန္ဒပြခြင်းဖြစ်ပါတယ်လို့ နိုင်ငံခြားမီဒီယာများ… Continue reading မလေးရှားမှ ရခိုင်ပြည်နယ်အရေးကိစ္စကို အကြောင်းပြု၍ ဆူဇူကီးဖလားပြိုင်ပွဲမှ ထွက်လျှင် အရေးယူခံရမည်ဟု အာရှဘောလုံးအသင်းချုပ်မှ သတိပေး