ပရီးမီးယားလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို

မန်ယူအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ပရီးမီးယားလိဂ်ကနေတစ်ဆင့် နောက်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို လက်လျှော့သွားမှာမဟုတ်ပဲ ဆက်လက်တိုက်ပွဲဝင်နေမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ မှာ အာဆင်နယ်အသင်းကို အရေးနိမ့်ခဲ့ရပြီး အဆင့်လေးက မန်စီးတီးအသင်းနဲ့ လေးမှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ရပါတယ်။ ဒါကြောင့် မန်ယူဟာ အဆင့်လေးအတွင်းဝင်ရောက်ပြီး ချန်ပီယံဝင်ခွင့်ရဖို့ ခဲယဉ်းသွားရပြီဖြစ်တာကြောင့် ယူရိုပါလိဂ်ကို ဗိုလ်စွဲအောင်ကြိုးပမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ဆောင်သွားဖို့ ဖြစ်နိုင်ခြေပိုများနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ” ကျွန်တော်တို့အနေနဲ့ ယူရိုပါလိဂ်လမ်းကြောင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အဓိကကြိုးစားနေတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်မှာလည်း ရပ်တည်မှုကောင်းကောင်းနဲ့ ရာသီသိမ်းသွားနိုင်အောင် ကြိုးပမ်းသွားမှာပါ။ ပရီးမီးယားလိဂ်မှာက ဘာမဆိုဖြစ်သွားနိုင်တယ်လေ။ ကျွန်တော်တို့အသင်းလည်း အဆင့်လေးအတွင်းဝင်ရောက်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားနိုင်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လာမယ့်ကြာသပတေးနေ့… Continue reading ပရီးမီးယားလိဂ်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ပြောဆိုလိုက်တဲ့ မော်ရင်ဟို