မြေအောက် ဂူသင်္ချိုင်းတွင် ၃ရက်ခန့်ပိတ်မိနေသည့် ဆယ်ကျော်သက် ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့

ပြင်သစ်နိုင်ငံ ပါရီမြို့မှာရှိတဲ့ သေခြင်းတရားတို့၏ ဧကရာဇ် လို့ အမည်တွင်သော ဂူသင်္ချိုင်းတစ်ခုမှာ ၃ရက်ကြာပိတ်မိနေတဲ့ လူငယ် ၂ယောက်ကို ကယ်ဆယ်နိုင်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဂူသင်္ချိုင်းမှာ ပိတ်ပင်ထားသော နေရာတစ်ခုဖြစ်ပြီး ဥမင်ပေါင်းများစွာရှိကာ ကွန်ရက်ကဲ့သို့ဖြန့်ကျက်ထားတဲ့ မြေအောက်သင်္ချိုင်းအမျိုးအစားဖြစ်ပါတယ်။ ၁၈ ရာစုထဲက မြေအောက်ဂူသင်္ချိုင်းဖြစ်ပြီး လူပေါင်း ၆သန်းကျော်ရဲ့ ရုပ်ကြွင်းများ မြှုပ်နှံရာနေရာလည်း ဖြစ်ပါတယ်။ အဆိုပါနေရာကို ပြင်သစ်နိုင်ငံမှ ဝင်ရောက်ခွင့်ပိတ်ပင်ထားသော်လည်း ဆယ်ကျော်သက် ၂ ဦးကတော့ လူငယ်သဘာ၀ စူးစမ်းလိုစိတ်နဲ့ စပ်စုပြီး ခိုးဝင်သွားပြီးမှ ပြန်ထွက်မရဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့များ၊ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များဖြင့် ဥမင်အတွင်းထိ ဝင်ရောက်ရှာဖွေခဲ့ရပြီးမှ ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ခွေးများကို အသုံးပြု၍ ရှာဖွေစေခဲ့ပြီး လက်ရှိမှာတော့ အဆိုပါ လူငယ် ၂ ဦးကို ဆေးရုံသို့… Continue reading မြေအောက် ဂူသင်္ချိုင်းတွင် ၃ရက်ခန့်ပိတ်မိနေသည့် ဆယ်ကျော်သက် ၂ ဦးကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့