မိတ်ဆွေ အစစ်နှင့် အတုခွဲခြားနိုင်သော နည်းလမ်း (၈)သွယ်

လောကီအကျိုးစီးပွားအလို့ငှာ မိတ်ဆွေကောင်းနှင့်ပေါင်းဖက်ရခြင်းက အလွန်တရာ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဘယ်သူကမိတ်ဆွေကောင်းလဲဆိုတာကို ခွဲခြားနိုင်ဖို့ နည်းလမ်း(၈)သွယ်ကို ဖေါ်ပြလိုက်ပါတယ်။ (၁) မိတ်ဆွေစစ်က ကိုယ်ချင်းစာစိတ်ရှိတယ်။ အတုအယောင်က ကိုယ့်ကို ထိခိုက်စေတယ်။ (၂) သင့်အပေါ်ရောသူတို့ကိုယ်တိုင်အပေါ်ရော လေးစားသမှု ရှိကြတယ်။အတုကတော့ စိတ်တိုပြီးဒေါသထွက်တတ်တယ်။ (၃) ဆွေးနွေးပြောဆိုရတဲ့အချိန်တွေကို သဘောကျတယ်။ အတုကတော့ အနိူင်ယူလိုတယ်။ (၄) သတိတရနဲ့ဖုန်းဆက်တတ်တယ်။အတုကတော့ လိုအပ်မှရှာတတ်တယ်။ (၅) မိတ်ဆွေစစ်က သင့်ရဲ့နည်းလမ်းကို လက်ခံတတ်တယ်။ အတုကတော့သင့်ကိုထိန်းချုပ်ပြီး သင့်နည်းလမ်းကို ပြောင်းလဲဖို့ကြိုးပမ်းတတ်တယ်။ (၆) မိတ်ဆွေစစ်က သင့်ရဲ့ကိုယ်ပိုင်အချိန်တန်ဖိုးရှိမှန်းသိတယ်။အတုကတော့ သင့်အချိန်အများစုကို ဖြုန်းတီးဖို့ကြိုးစားတယ်။ (ရ) မိတ်ဆွေစစ်က သင့်အောင်ပွဲ ဘယ်လိုဆင်နွှဲမလဲဆိုတာ စိတ်အားထက်သန်စွာနဲ့ အကြံပြုတယ်။မိတ်ဆွေတုကတော့ သင့်အောင်မြင်မှုကို မနာလိုဝန်တိုဖြစ်တယ်။ (၈) လူတိုင်းမှာမိတ်ဆွေအမျိုးမျိုးရှိတာကိုနားလည်ပြီး ကြားဝင်အဆုံးအဖြတ် မပေးတတ်ကြ။ မိတ်ဆွေအတုကတော့ သင့်ရဲ့အခြားမိတ်ဆွေတွေကို မကြိုက်တတ်ကြဘူး။… Continue reading မိတ်ဆွေ အစစ်နှင့် အတုခွဲခြားနိုင်သော နည်းလမ်း (၈)သွယ်