မွေးလမ်းကြောင်းထဲ သခွားသီးဝင်သွားလို့ ဆေးရုံရောက်သွားတဲ့ ထိုင်းအမျိုးသမီး

ဖတ်ရှုသူတိုင်းအတွက်တော့ ရယ်စရာဖြစ်ပေမယ့် ခံစားရတဲ့သူအတွက်တော့ ဝေဒနာပါဘဲ။ ထိုင်းနိုင်ငံရှိ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ယောက် ရဲ့ မွေးလမ်းကြောင်းထဲကို သခွားသီး မတော်တဆ ဝင်သွားလို့ ဆေးရုံတင်ပြီး ဆရာဝန်များရဲ့ အကူအညီနဲ့ ပြန်လည်ထုတ်ယူခဲ့ရပါတယ်။ သို့သော်လည်း အဆိုပါ ထိုင်းအမျိုးသမီးကတော့ သခွားသီးဝင်သွားရခြင်းဟာ ချော်လဲသွားလို့ ဖြစ်ရတာပါလို့ ဆိုပါတယ်။ ချော်လဲရင်း ကံမကောင်းစွာဘဲ သခွားသီးက မွေးလမ်းကြောင်းထဲကို ဝင်သွားတာ ဖြစ်ပါတယ်။ ဒါကတော့ သူ့အပြောပါ။ ဆရာဝန်ကတော့ အမျိုးသမီးရဲ့ သိက္ခာကို ထိခိုက်မှာ စိုးတဲ့အတွက် မည်သည့်မှတ်ချမှ မပေးခဲ့ပါဘူး။ ဒါပေမယ့် လူအတော်များများကတော့ ဒီအတိုင်းကြီးတော့ မဝင်နိုင်ပါဘူးလို့ မှတ်ချက်ပေးကြပါတယ်။ ချော်လဲတယ်ဆိုရင်လည်း ဘယ်လို ဝင်သွားလဲဆိုတာတော့ မတွေးတတ်ပါဘူးလို့ ပြောကြပါတယ်။ Zawgyi font : မွေးလမ်းကြောင်းထဲ သခွားသီးဝင်သွားလို့… Continue reading မွေးလမ်းကြောင်းထဲ သခွားသီးဝင်သွားလို့ ဆေးရုံရောက်သွားတဲ့ ထိုင်းအမျိုးသမီး

ဘာပြစ်မှုမှ မရှိဘဲ ထောင်ထဲကို ဘဝအတွေ့အကြုံအနေနဲ့ ဝင်ချင်တဲ့ အသက် ၉၉နှစ်အရွယ် ဘွားဘွား

ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ အတွေ့အကြုံရချင်လို့ ထောင်ထဲဝင်ဖို့ အကူအညီတောင်းတဲ့ဖြစ်ရပ်မျိုး နယ်သာလန် နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အသက် ၉၉နှစ်အရွယ် ဘွားဘွား အန်နီ ကတော့ ဘဝမှာ ထောင်ထဲ တစ်ခါမှ မဝင်ဖူးတာ ကြောင့် ဘ၀ အတွေ့အကြုံအနေနဲ့ ထောင်ထဲဝင်ချင်လို့ ရဲတွေကို အကူအညီတောင်းလိုက်ပါတယ်။ ရာဇဝတ်ပြစ်မှု တစ်စုံတစ်ရာမှ မရှိတဲ့ ဘွားဘွား စိတ်ကျေနပ်အောင် ရဲတွေက ကူညီလိုက်ရပြီး ပိုမိုပီပြင်သွားအောင် လက်ထိပ်ပါ ခတ်ပြီး အချုပ်ခန်းမှာ ခေတ္တထားပေးလိုက်ရပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အမှတ်တရနေ့ရက် အမည်နဲ့ Facebook ပေါ်သို့ တင်ပေးခဲ့ပါတယ်။ ဘွားဘွား အန်နီ အနေနဲ့လည်း သူ့ရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည် ပေါ်သွားတာကြောင့် စိတ်ကျေနပ်မှုရရှိသွားပါတယ်။ ဒေသခံပြည်သူတွေကတော့ အဘွားအိုရဲ့ဆန္ဒကို ပြည့်ဆည်းပေးခဲ့တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ကြောင်း… Continue reading ဘာပြစ်မှုမှ မရှိဘဲ ထောင်ထဲကို ဘဝအတွေ့အကြုံအနေနဲ့ ဝင်ချင်တဲ့ အသက် ၉၉နှစ်အရွယ် ဘွားဘွား

Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

ဟယ်လို မင်္ဂလာပါ၊ Facebook မှာ ဆယ်လီမဖြစ်သေးလို့ စိတ်ညစ်နေတာလား၊ ကျနော်တို့ရဲ့ အပျံစား အကြံပေးချက်တွေကို လိမ်လိမ်မာမာနဲ့ နားထောင်ပြီး ကျင့်ကြံရင် ဆယ်လီဖြစ်ဖို့ အာမခံပါတယ်။ ဆယ်လီဆိုတာ ဘာပါလိမ့်၊ လွယ်လွယ်ပြောရရင် ကိုယ့်ကို လူသိများနေရင် ဆယ်လီဖြစ်နေပြီပေါ့။ ကဲ သင် ဘာကြောင့် ဆယ်လီဖြစ်ဖို့လိုတာလဲ။ ဟဲဟဲ ရှင်းပါတယ်။ ကိုယ့်ကို လူသိများသွားတာပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ Facebook မှာ friend ၅ထောင် ပြည့်ဖို့လွယ်ပေမယ့် ယောက်ျားလေးအနေနဲ့တော့ ဆယ်လီမဟုတ်ရင် သိပ်မလွယ်လှပါဘူး။ မိန်းကလေးတစ်ယောက် Facebook မှာ status တင်တဲ့အခါ သာမီးလှလားဟင်၊ စားကြပါအုံး ကြိုက်သလိုရေးရေး like တွေများ ရလွန်းလို့၊ ကိုယ်တွေ ယွကျားလေးတွေ အဲ့လိုတင်ရေးရင် ဆဲသံတွေ ပလူပျံသွားတာဘဲ။ အို…… Continue reading Facebook မှာ အချိန်တိုအတွင်း ဆယ်လီဖြစ်နည်း

Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

ချစ်သူများနေ့မှာ ရည်းစားမရှိလို့ စိတ်ညစ်နေတာလား။ ဒါ စိတ်ညစ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ဂုဏ်ယူရမယ့် ကိစ္စလို့တောင် ပြောလို့ရပါတယ်။ သူများစုံတွဲတွေကို အပြင်ပန်းကြည့်ပြီး အားမကျလိုက်ပါနဲ့။ အားလုံးမှာ ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ ကဲ ဘာကြောင့် Single တွေ အနေနဲ့ V Day မှာ ဂုဏ်ယူသင့်တာလဲ။ ဖတ်ပြီးရင် ပြန် ရှယ်ပေးဖို့ မမေ့နဲ့နော်။ ၁။ ကိုယ့်ကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မှီတဲ့သူတွေ မဟုတ်ပါဘူး။ ကိုယ့်ဘေးနားမှာ စကီလေးတွေ၊ ဘဲလေးတွေ မရှိရင် အချို့သော သူများက ကိုယ်တွေကို Forever Alone (FA) လို့ ခေါ်ကြပါတယ်။ အမှန်တော့ ကိုယ်တွေကို FA လို့ပြောတဲ့သူတွေဟာ ဉာဏ်စဉ်မမှီကြတာများပါတယ်။ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်တတ်တဲ့ ကိုယ်တွေလို ဉာဏ်ကြီးတဲ့သူအဖို့ကတော့ … Continue reading Valentine Day မှာ Single အဖြစ် ဂုဏ်ယူလိုက်ပါ

ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App

သင်ဟာ ကြောင်ချစ်သူတစ်ယောက် ဆိုရင်တော့ Candid Catmera App ကတော့ တစ်ကယ့်ကို အသုံးဝင်မှာပါ။ အင်တာနက်ပေါ်မှာ ကြောင်တွေကိုယ်တိုင် selfie ရိုက်တဲ့ပုံပေါင်း များစွာကို သင်တွေ့ဖူးမှာပါ။ အမှန်တစ်ကယ်တော့ ဘယ် ကြောင်ကမှ selfie ကို တစ်ကူးတစ်က ရိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Candid Catmera App ကတော့ ကြောင်တွေကိုယ်တိုင် selfie ရိုက်သလို လုပ်ပေးနိုင်ပြီး သင့်ရဲ့ ကြောင်ပုံတွေကို Facebook မှာ ကြွားနိုင်အောင် လုပ်ပေးနိုင်ပါတယ်။ ကြောင်တွေရဲ့ သဘာတရားက လူတွေမရှိတဲ့အချိန်မှာ သူတို့စိတ်ဝင်စားရာကို လုပ်လေ့ရှိပါတယ်။ Candid Catmera App ရဲ့ သဘောတရားကလဲ အဲ့ဒီလိုပါဘဲ။ Tablet သို့မဟုတ် ဖုန်းတွေကို ကြောင်တွေနားမှာ ချထားပေးပြီး သူတို့စိတ်ဝင်စားတဲ့… Continue reading ကြောင်တွေကိုယ်တိုင် Selfie ရိုက်သကဲ့သို့ ပြုလုပ်ပေးနိုင်တဲ့ Candid Catmera App