Samsung Galaxy Note 7 ပြန်လာမည်ဆိုတာ သတင်းအမှားဖြစ်ကြောင်း Samsung မှ ပြော

ဒီရက်ပိုင်းမှာ Samsung Galaxy Note 7 ပြန်ထွက်မယ်ဆိုတာ မဟုတ်ကြောင်း Samsung ကနေ ပြောလိုက်ပါတယ်။ Note 7 ပြန်ထွက်မယ်လို့ သတင်းဟာ ယခုဆိုရင် တစ်ကမ္ဘာလုံးကို ပြန်နှံ့လျက် ရှိပြီး တောင်ကိုးရီးယား သတင်းဌာန တစ်ခုကနေ စပြန့်တာ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာအတော်များများက Samsung Galaxy Note7 ပြန်လာတော့မယ့် အကြောင်းကို ရေးသားခဲ့ကြပြီး Samsung အနေနဲ့ ဒါဟာ သတင်းအမှန်မဟုတ်ဘူး လို့ ပြောလိုက်ပါတယ်။ Samsung အနေနဲ့ သေပြီးသား Galaxy Note 7 ကို အသက်ပြန်သွင်းဖို့ မရှိပါဘူးလို့ဆိုပါတယ်။

Samsung Galaxy Note 7 ပြန်လာမည်

Samsung ဟာ Galaxy Note 7 ကို ရက်နားလိုက်ရပေမယ့် ယခုအချိန်မှာတော့ Note 7 ကို ပြန်လည်ရောင်းချတော့မှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။ Galaxy Note 7 ဖုန်း ပေါက်ကွဲမှုကြောင့် Samsung ဟာ အရှုံးတွေနဲ့ရင်ဆိုင်ရသလို ပေါက်ကွဲမှုပြဿနာရဲ့ မူလအရင်းအမြစ်ကိုလည်း သိဖို့ အချိန်တော်တော်ကြာ သွားပါတယ်။ ယခုအချိန်မှာတော့ ဘတ်ထရီ ပိုင်းဆိုင်ရာကို မူလ 3500 mAh ကနေ 300 mAh သို့မဟုတ် 3200 mAh နဲ့ ပြန်လည်ထုတ်လုပ် ရောင်းချမယ်လို့ သိရှိရပါတယ်။ Samsung အနေနဲ့ Galaxy Note 7 ကို အိန္ဒိယနိုင်ငံနဲ့ ဗီယက်နိုင်ငံတို့မှာ အဓိက ရောင်းချမှာ ဖြစ်ပြီး ၎င်း… Continue reading Samsung Galaxy Note 7 ပြန်လာမည်