Samsung Galaxy S8+ နှင့် One Plus 5 နှိုင်းယှဉ်ချက်များ

မိတ်ဆက် ယနေ့မှာတော့ flagship killer တွေဖြစ်တဲ့ One Plus 5 နဲ့ Galaxy S8+ တို့ကို နှိုင်းယှဉ် ချက်တွေကို ပြောသွား မှာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ တူညီတဲ့ ပရိုဆက်ဆာတွေ ကို အသုံးပြုထားတဲ့ အပြင် အခြားအခြေခံအ ချက်တွေက လည်း တူညီနေကြပါတယ်။ ဒါပေမယ့် မတူညီတဲ့ အချက်တစ်ခုကတော့ Galaxy S8+ ကတော့ မျက်နှာပြင် ပိုကြီးမား ပါတယ်။ ဒါကြောင့် ဖုန်းနှစ်လုံးစလုံးမှာ ပါဝင်တဲ့ အားနည်းချက်တွေ အားသာချက်တွေကို တစ်ခုချင်းစီ လေ့လာကြည့် ရအောင်။ OnePlus 5 OnePlus 5 ဟာ ဒီနှစ်ထဲမှာ ထွက်သမျှဖုန်းတွေထဲမှာ လူပြောများလှတဲ့ စမက်ဖုန်းတစ်လုံး ပါပဲ။ ပြီးတော့လည်း… Continue reading Samsung Galaxy S8+ နှင့် One Plus 5 နှိုင်းယှဉ်ချက်များ

Samsung Galaxy S8 စမတ်ဖုန်းမျက်နှာပြင်တွင် အနီစင်းပြဿနာများ ဖြစ်ပေါ်

Samsung ရဲ့ Galaxy S8 ဟာ တောင်ကိုးရီးယားမှာ ၁၀ ရက်အတွင်း ဖုန်းအလုံးရေ ၁သန်းကျော် အော်ဒါတင် ရောင်းချခဲ့ရပြီး စံချိန်တင်ခဲ့ပါတယ်။ ဒါ့အပြင် Galaxy S8 ဟာ features အသစ်အဆန်းတွေနဲ့ ဒီဇိုင်းပိုင်းမှာ ထူးကဲလှပြီး မနှစ်က ဖြစ်ခဲ့တဲ့ Galaxy Note 7 ပေါက်ကွဲခြင်းပြဿနာကို ဒီနှစ်မှာ Galaxy S8 နဲ့ ပြန်လည် သိက္ခာဆည် ပွဲထုတ်လိုက်တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Samsung အနေနဲ့ Galaxy S8 စမတ်ဖုန်းအချို့ရဲ့ မျက်နှာပြင်မှာ အနီစင်းများ ဖြစ်တဲ့ ပြဿနာ တစ်ရပ် ဖြစ်ပေါ်လာပြီး အဆိုပါ ကိစ္စကို ဖြေရှင်းဖို့ တစ်ပတ်အတွင်း Software Update ထုတ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။… Continue reading Samsung Galaxy S8 စမတ်ဖုန်းမျက်နှာပြင်တွင် အနီစင်းပြဿနာများ ဖြစ်ပေါ်

Samsung Galaxy S8 မှာ ဘတ်ထရီပြဿနာ ရှိနိုင်သေးလား

Samsung ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ Galaxy Note 7 စမတ်ဖုန်း ပေါက်ကွဲမှုများကြောင့် Samsung ရဲ့ သက်တမ်းတစ်လျှောက်မှာ အရှုံးပေါ်ခဲ့ရပြီး ယခုချိန်မှာတော့ Samsung Galaxy S8 ကရော ဘတ်ထရီပြဿနာရှိသေးလား ဆိုတဲ့ မေးခွန်းတွေက မေးစရာဖြစ်နေသေးပါတယ်။ Samsung ရဲ့ Galaxy S8 ဟာ ထူးခြားတဲ့ feature များစွာပါဝင်ပြီး iPhone အသုံးပြုသူတွေတောင် Galaxy S8 ကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပတဲ့ စင်ကာပူနိုင်ငံရှိ Samsung Experience Store မှာ အသေးစားမီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ဖြစ်ချင်းမှာဘဲ လုံခြုံရေးအတွက်ဆိုပြီး… Continue reading Samsung Galaxy S8 မှာ ဘတ်ထရီပြဿနာ ရှိနိုင်သေးလား

Samsung Galaxy S8 ရဲ့ ပုံရိပ်နှင့် ဗီဒီယိုဖိုင်များ ပေါက်ကြားမှုဖြစ်ပွား

Samsung Galaxy S8 မကြာမှီထွက်ရှိ ရောင်းချတော့မှာကို လူတိုင်းသိနေပေမယ့် လက်ရှိမှာ Galaxy S8 ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူမှမသိသေးပါဘူး။ အင်တာနက်ပေါ်မှာ တွေ့နေရတဲ့ ပုံတွေက ခန့်မှန်းရေးဆွဲထားတဲ့ ပုံတွေ ဖြစ်ပြီး ယခုပေါက်ကြားတဲ့ ပုံနဲ့ ဗီဒီယိုကတော့ Samsung Galaxy S8 ရဲ့ ပုံရိပ်အစစ်လို့ ဆိုပါတယ်။ ပေါက်ကြားလာတဲ့ ပုံရိပ်များအရ Galaxy S8 ဟာ home button မပါရှိတော့တာကို တွေ့ရပါမယ်။ ဒါ့အပြင် ဖုန်းကို လုံခြုံရေးအရ လက်ဗွေရာကို မျက်နှာပြင်ပေါ်မှာဘဲ ထိတွေ့ရမယ်လို့ ယူဆရပါတယ်။ ဒါမှမဟုတ် Iris scanner ပါတဲ့ အတွက် မျက်လုံးနဲ့ ဖုန်းကို lock အဖွင့်အပိတ်လုပ်နိုင်မှာပါ။ ဖုန်း ဘတ်ထရီအားသွင်းဖို့ wireless charging… Continue reading Samsung Galaxy S8 ရဲ့ ပုံရိပ်နှင့် ဗီဒီယိုဖိုင်များ ပေါက်ကြားမှုဖြစ်ပွား

Samsung ၏ Galaxy S8 တွင် Sony ၏ ဘတ်ထရီထည့်သွင်းမည်

၂၀၁၆ခုနှစ်မှာ ထွက်ခဲ့တဲ့ Samsung ရဲ့ Galaxy Note 7 မှာ ဘတ်ထရီပြဿနာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး Samsung အနေနဲ့ ဈေးကွက်ရှယ်ယာများ ကျဆင်းခဲ့ရသလို အရှုံးပေါ်ခဲ့တဲ့ နှစ်လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ Samsung Galaxy Note 7 အတွက် ဘတ်ထရီထုတ်ပေးတဲ့ စက်ရုံလဲ မီးလောင်ခဲ့တာ ကြောင့် Samsung အနေနဲ့ မကြာမှီထွက်ရှိလာတော့မယ့် Galaxy S8 မှာ ဘတ်ထရီထည့်သွင်းရေးအတွက် ပြောင်းလဲမှု အသစ်ပြုလုပ်ရပါတယ်။ အဲ့ဒါကတော့ အခြားမဟုတ်ပါဘူး။ Sony ရဲ့ ဘတ်ထရီကို Samsung Galaxy S8 မှာ ထည့်သွင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Samsung အနေနဲ့ lithium-ion… Continue reading Samsung ၏ Galaxy S8 တွင် Sony ၏ ဘတ်ထရီထည့်သွင်းမည်