ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး ဂိမ်းမှာနိုင်အောင် ဘယ်လိုကစားမလဲ

ဂိမ်းကစားနည်းတွေ များစွာထဲမှ ဒီ ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေး ဂိမ်းက ဆော့ကစားရလွယ်ပြီး လူတိုင်းနီးပါး ဆော့ကစားဖူးကြမှာပါ။ အသက်(၅၀)အရွယ်ပင် ဆော့ကစားသည်ကို မြင်ဖူးပါတယ်။ ဒါပေမယ့် ကစားရာမှာ နိုင်ဖို့အတွက် နည်းလမ်းရှိပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာကို လေ့လာပြီးမှ တွေ့ရှိချက်ပဲဖြစ်ပါတယ်။ ၁။ ဒီဂိမ်းကိုဆော့ပြီးဆိုရင် များသောအားဖြင့် လူအများက ကျောက်တုံးကိုပဲရွေးချယ်လေ့ရှိပါတယ်။ ဒါဟာ ခွန်အားကြီးတယ်။ အားပြည့်တယ်ဆိုတဲ့ သဘောကို အစပိုင်းမှာ ဖော်ဆောင်ခြင်းပဲဖြစ်ပါတယ်။ ဒါကိုအသုံးချပြီး သင့်အနေဖြင့် စက္ကူကို ရွေးချယ်လိုက်ပါ။ ဒါဟာ ခွန်အားကြီးတယ်။ အားပြည့်တယ်ဆိုတဲ့ လူတွေနဲ့ ဆော့ကစားရာမှာ ပိုအသုံးဝင်ပါတယ်။ ၂။ ဒီဂိမ်းကို ဝါရင့်တဲ့လူတွေနဲ့ ဆော့မယ့်ဆိုရင် အရင်ဆုံး ကပ်ကြေးကို သုံးသင့်ပါတယ်။ သင့်အတွက် မနိုင်နိုင်သော်လည်း အန္တရာယ်ကင်းစေမည့် လှည့်ကွက်တစ်ခုပဲဖြစ်ပါတယ်။ အားလုံးပဲ အနိုင်ရကြပါစေနော်။

အပစ်အခတ်ဂိမ်းကောင်းကောင်း ကြိုက်သူတွေအတွက် Critical Ops Online Game

Gamer အတော်များများ Counter-Strike ကို ကစားဖူးကြမယ်လို့ထင်ပါတယ်။ Counter-Strike Game ကို PC မှာ အဖွဲ့လိုက် သူငယ်ချင်းအချင်းချင်း နှစ်ဖွဲ့ခွဲပြီး ကစားကြသလို ဒါမှမဟုတ် တစ်ဖွဲ့ထဲမှာပဲ Bot တွေနဲ့ပစ်ခတ်ကစားကြတာမှတ်မိကြအုံးမှာပါ။ ယခုအခါမှာတော့ CS Go Online Game တွေလဲအများအပြားကစားလျက်ရှိကြပါတယ် အဲ့ဒီGame နှစ်ခုလုံး ကို PC တွင်မှာသာကစားလို့ရသာဖြစ်ပြီး လူတိုင်းတော်ရုံမကစားဖြစ်ကြပါဘူး။ ကဲယခုအခါမှာတော့လူတိုင်း ကစားလို့ရအောင် Counter Strike Game လိုအဖွဲ့လိုက် အပြန်အလှန် ပစ်ခတ်ကစားနိုင်ဖို့ Android Game ဖြစ်တဲ့ Critical Ops Online Game နဲ့မိတ်ဆက်ပေးချင်ပါတယ်။ သိတဲ့သူသိကြမယ်ဆိုပေမဲ့ မသိသေးတဲ့ Gamer တွေအတွက်ပြန်လည်မျှဝေလိုက်ပါတယ်။ Critical Ops Game ကို 2015ခုနှစ်ကတည်းကစတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။… Continue reading အပစ်အခတ်ဂိမ်းကောင်းကောင်း ကြိုက်သူတွေအတွက် Critical Ops Online Game

Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ

Fanny ကိုအတော်များများမကိုင်တက်ကြတာတွေ့ရပါတယ်။ Fanny ဟာ Hero အားလုံးထဲမှာ ကိုင်ရ အနည်းငယ်ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ Lv-2 Steel Cable ဟာ ဆွဲချင်တိုင်းဆွဲမရလို့ပါပဲ။ Lv-2 Steel Cable အသုံးပြုတဲ့အခါ နံရံတစ်ဖက် သို့မဟုတ် နံရံနှစ်ဖက် အတားအဆီးရှိသည့် မည်သည့်နေရာမဆို Steel Cable အသုံးပြုပြီးသွားလာနိုင်ပါတယ်။ လူတိုင်းဖြစ်လေ့ ဖြစ်ထရှိတဲ့အဖြစ်ပျက်ကတော့ Steel Cable အသုံးပြုရမှာ ချိန်ဆမတက်တဲ့အခါ လိုအပ်တာထက်ပိုပြီး အဝေးသို့ ရောက်ရှိသွားတာပါပဲ။  အဝေးသို့ ရောက်ရှိသွားတာကိစ္စမရှိပေမဲ့လို့ တစ်ခါတစ်ရံမှာ ရန်သူ့ Tower ထဲသို့ရောက်ရှိသွားတက်ကြတာပါပဲ။ Fanny ကိုသာ ကောင်းကောင်းမွန်မွန် ကျွမ်းကျွမ်း ကျင်ကျင် ကိုင်တက်လို့ရှိရင် Team Battle တွေမှာများစွာအထောက်ကူပြုပါတယ်။ ကဲ Fanny ကိုစကိုင်ပြီးကစားတော့မယ်ဆိုရင် ဘယ်လို… Continue reading Mobile Legends ဂိမ်းထဲက ထိန်းရခက်တဲ့ Fanny Hero ကို ဘယ်လိုကိုင်တွယ်မလဲ

ရှားပါးပိုကီမွန် ဖမ်းမိပြီးနောက် နှလုံးရောဂါဖြင့် သေဆုံး

ပိုကီမွန်ဂိုး ဂိမ်းဟာ ၂၀၁၆ ခုနှစ်မှာ စတင်ထွက်ရှိကာ ပိုကီမွန်အကောင်လေးများကို လိုက်လံဖမ်းစီးရတဲ့ ဂိမ်း ဖြစ်ပါတယ်။ အဆိုပါ ဂိမ်းဟာ ပြင်ပကမ္ဘာပေါ်မှာ ကိုယ်တိုင် အကောင်ဖမ်းရှာထွက်ရတာ ဖြစ်ပြီး လမ်းပေါ်မှာ၊ ပန်းခြံပေါ်မှာနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ပိုကီမွန်ကောင်လေးတွေက နေရာအနှံ့ပေါ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကီမွန် အကောင်အမျိုးအစားများစွာရှိပြီး ဖမ်းဖို့မလွယ်တဲ့ ရှားပါးပိုကီမွန်အကောင်လေးတွေလဲရှိပါတယ်။ စင်ကာပူနိုင်ငံမှာ အသက် ၆၇ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ပိုကီမွန်ဂိမ်းကို စွဲလန်းနှစ်သက်နေသူတစ်ဦး ဖြစ်ပြီး သူ့မှာ ပိုကီမွန်အမျိုးအစား ၂၀၀ ကျော်ဖမ်းမိထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ  အဆိုပါ အမျိုးသားဟာ Lapras monster တစ်ကောင်ကို ဖမ်းမိပြီး နှလုံးရောဂါနဲ့ သေဆုံးသွားပါတယ်။ Lapras monster ဟာ ရှားပါး ပိုကီမွန်အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားလွန်းလို့… Continue reading ရှားပါးပိုကီမွန် ဖမ်းမိပြီးနောက် နှလုံးရောဂါဖြင့် သေဆုံး

Published
Categorized as News Tagged ,

Dota 2 ဂိမ်းပြိုင်ပွဲ ၄ လ ကျော်သည်အထိ အနိုင်ရအသင်းများ၊ Organizer များနဲ့ ပါဝင်သူအတော်များများ ပိုက်ဆံမရရှိသေး

ကမ္ဘာကျော် E-Sport ဂိမ်းဖြစ်တဲ့ Dota 2 ဟာ လက်ရှိ E-Sport Game ပြိုင်ပွဲမှာ ဆုကြေး အမြင့်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် The Score E-Sport ရဲ့ ထုတ်ပြန်ချက်အရ Dota2 ပြိုင်ပွဲမှာ အနိုင်ရရှိသွားတဲ့ အသင်း၊ ပွဲဖြစ်မြောက်ရေး အတွက် ပါဝင်တဲ့ Organizer တွေဟာ ယခုချိန်ထိ ပိုက်ဆံမရသေးဘူးလို့ ပြောပါတယ်။ Northern Arena CEO Carl-Edwin Michel ကတော့ အသင်းအဖွဲ့အတော်များများကိုတော့ ဆုကြေးတွေ ပေးပြီးပါပြီ။ ဒါပေမယ့် ကျန်ရှိတဲ့ အဖွဲ့တွေတော့ အနည်းငယ်ရှိသေးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပြိုင်ပွဲကျင်းပပြီး ၄ လ ကျော်သည် အထိ ဆုကြေးမရသေးတာကြောင့် ဒီသတင်းဟာ မီဒီယာတွေအကြားမှာ ရေးသားဖော်ပြခြင်းကို… Continue reading Dota 2 ဂိမ်းပြိုင်ပွဲ ၄ လ ကျော်သည်အထိ အနိုင်ရအသင်းများ၊ Organizer များနဲ့ ပါဝင်သူအတော်များများ ပိုက်ဆံမရရှိသေး

မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

” ဟာ သွားပြီ၊ ဟိုကောင်နောက် လိုက်ပါဟ၊ ငါ့ လခွမ်း ငါတော့ သေပြီဘဲ၊ Tank က ရှေ့ကမတက်ဘဲ Marksman တွေက အရှေ့ကတက်ရမှာလားဟ၊ ဒီကောင်က ဆေးပါကွာ၊ ပွဲပြီးလို့ကတော့ report ထိဖို့သာ ပြင်ထား” စတဲ့ အသံတွေကို နေရာတိုင်းနီးပါးကြားနေရပါတယ်။ ဒီအသံကြားရပြီဆိုရင် သင်ဟာ Mobile Legends သူရဲကောင်းတွေရဲ့ ပတ်ဝန်းကျင်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။ တစ်ချိန်က COC ဂိမ်းတွေ ခေတ်စားခဲ့သလို ယခုအချိန်မှာ Trend တစ်ခုအနေနဲ့ မြန်မာပြည်က မိုဘိုင်းလ်ဖုန်းတွေပေါ်မှာ နေရာယူထားတဲ့ ဂိမ်းကတော့ Mobile Legends လို့ ပြောရပါလိမ့်မယ်။ Mobile Legends ဂိမ်းဟာ တစ်ဖက်ကို ၅ယောက်စီ တိုက်ခိုက်ရတဲ့ဂိမ်းမျိုး ဖြစ်ရပြီး တစ်ဖက်အသင်းမှာရှိတဲ့… Continue reading မြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ Mobile Legends ဂိမ်း

Sony PS4 Pro ဂိမ်းစက်တွင် ဂိမ်းအဟောင်းများအား လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်မည်

Sony PS4 ဟာ ဂိမ်းအမြင့်ပိုင်းတွေကို ထောက်ပံ့ပေးနိုင်သော်လည်း ယခင်က ထွက်ရှိခဲ့တဲ့ ဂိမ်းအဟောင်းတွေ ကစားရာမှာ အနည်းငယ် အခက်အခဲ ရှိခဲ့ပါတယ်။ အချို့တွေက ဂိမ်းအသစ်တွေကို အများအားဖြင့် ကစားသော်လည်း ဂိမ်းအဟောင်းတွေကို စွဲလန်းနှစ်သက်နေကြသူလည်း အများကြီးပါ။ ဒါကြောင့် Sony အနေနဲ့ ဂိမ်းအဟောင်းများ PS4 အပေါ်မှာ လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်ဖို့ firmware update ထုတ်ပေးခဲ့ပါတယ်။ Firmware ဗားရှင်း ၄.၅ မှာ boost mode အနေနဲ့ပါရှိလာပြီး ဂိမ်းအဟောင်းတွေကို လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ Firmware update လုပ်ပြီးတဲ့အခါ boost mode ကို On မှသာလျှင် အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Boost mode ကို ဖွင့်လိုက်တဲ့အခါ… Continue reading Sony PS4 Pro ဂိမ်းစက်တွင် ဂိမ်းအဟောင်းများအား လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်မည်

Super Mario Run ဂိမ်း အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၃မီလီယံ ရရှိ

Super Mario Run ဂိမ်းကို ဂျပန်ကုမ္ပဏီ Nintendo မှ ဒီဇင်ဘာလမှာ iOS app အနေနဲ့ ထုတ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်ရဲ့ ဒေါင်းလုပ်အကြိမ်အရေအတွက် အများဆုံး ဂိမ်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။ Wall Street Journal ရဲ့ ထုတ်ပြန်ချက် အရ ယခုဆိုရင် Super Mario Run ဂိမ်းကို ဒေါင်းလုပ်ဆွဲသည့် အကြိမ်အရေအတွက်မှာ ၇၈ မီလီယံ ကျော် ရှိပြီး အကျိုးအမြတ်အနေနဲ့ အမေရိကန် ဒေါ်လာ ၅၃မီလီယံခန့် ရရှိနေပြီ ဖြစ်ပါတယ်။ ဂိမ်းမှာ ပါဝင်တဲ့ အခန်းဆက်အားလုံးကို ကစားဖို့ ၁၀ ဒေါ်လာနဲ့ဝယ်ယူရမှာ ဖြစ်ပြီး အခန်းဆက်အားလုံးကို မကစားဖူးဆိုရင်တော့ အခမဲ့ ကစားနိုင်ပါတယ်။ ၁၀ ဒေါ်လာနဲ့ အပြည့်ဝယ်ယူမှ… Continue reading Super Mario Run ဂိမ်း အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၅၃မီလီယံ ရရှိ

၂၀၁၆ ခုနှစ်၏ ဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ အများဆုံးအဖြစ် Super Mario Run ဂိမ်း တစ်ရက်ထဲနှင့် စံချိန်တင်

အားလုံးသိကြတဲ့အတိုင်း ပိုကီမွန်အကောင်လေးတွေကို ဖမ်းရတဲ့ Pokemon ဂိမ်းဟာ ၂၀၁၆ခုနှစ်ရဲ့ ဒေါင်းလုပ်ဆွဲမှုအများဆုံး စံချိန်တင်ခဲ့ ပေမယ့် ယခုမှာတော့ Super Mario Run ဂိမ်းက တစ်ရက်ထဲနဲ့တင် စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ ဂျူလိုင် လမှာ ထွက်ရှိခဲ့တဲ့ ပိုကီမွန်ဂိမ်းဟာ တစ်ရက်ထဲနဲ့ ဒေါင်းလုပ်အကြိမ်အရေအတွက် ၉သိန်းနဲ့စံချိန်တင်ခဲ့ပြီး ယခု ထွက်ရှိတဲ့ Super Mario Run ဂိမ်းကတော့ တစ်ရက်ထဲနဲ့တင် ဒေါင်းလုပ်ဆွဲသူ အကြိမ်ပေါင်း ၂.၈၅မီလီယံ ရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၆ခုနှစ်ရဲ့ နောက်ဆုံးလမှာ Super Mario Run ဂိမ်းက အားလုံးကို ကျော်ဖြတ်ပြီး စံချိန်တင် ခဲ့ပါပြီ။ ယခုဆိုရင် Super Mario Run ဂိမ်းထွက်ရှိတာ ၂ရက်မြောက်ဖြစ်ပါတယ်။  နောက်ဆုံးရသတင်းများအရ ၂ရက်အတွင်းမှာဆိုရင် ဒေါင်း… Continue reading ၂၀၁၆ ခုနှစ်၏ ဒေါင်းလုပ်ဆွဲမှု အကြိမ်ရေ အများဆုံးအဖြစ် Super Mario Run ဂိမ်း တစ်ရက်ထဲနှင့် စံချိန်တင်

iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ

Super Mario Run ဂိမ်းကတော့ လူတိုင်းနီးပါး ကစားဖူးမယ်ထင်ပါတယ်။ ကလေးဘဝမှာတုန်းက Mario ဂိမ်းကို သဲကြီးမဲကြီး ကစားကြ သလို ယခုအချိန်ထိ လူတိုင်းကို ဆွဲဆောင်နိုင်တဲ့ ဂိမ်းဖြစ်နေတုန်းပါဘဲ။ အရင်တုန်းကတော့ Family Game အနေနဲ့ ထွက်ရှိခဲ့ပေမယ့် ယခုအခါမှာတော့ မိုဘိုင်းလ် ဂိမ်းအဖြစ် တစ်ကျော့ပြန်လည်ရောက်ရှိ လာပါပြီ။ လက်ရှိမှာတော့ iOS အတွက်ဘဲ ထွက်ရှိတာဖြစ်ပြီး Android အတွက် ဘယ်တော့ထုတ်မလဲဆိုတာကိုတော့ မကြေငြာရသေးပါဘူး။ ဒါကြောင့် လက်ရှိမှာ Super Mario Game ကို iOS အသုံးပြုသူ များသာ ကစားခွင့်ရအုံးမှာ ဖြစ်ပါတယ်။ Super Mario Run ဂိမ်းကို level တွေနဲ့ အဆင့်ဆင့် သတ်မှတ်ထားပြီး အဆင့်သတ်မှတ်ချက်တွေအားလုံး ကစားချင်ရင်တော့… Continue reading iOS အတွက် Super Mario Run ဂိမ်းထွက်ရှိ