သင်မသိသေးတဲ့ ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ

လူအတော်များများဟာ ကျောက်မျက်ရတနာတွေကို အဓိကအားဖြင့် အလှအပအတွက် ဝတ်ဆင်ကြသော်လည်း အချို့တွေကတော့ လောကီရေးရာမှာ ပြီးပြည့်စုံဖို့အတွက် အစွမ်းထက်သော အဆောင်အယောင်ပစ္စည်းအနေဖြင့် အသုံးပြုကြပါတယ်။ ကျောက်မျက်ရတနာတွေမှာ ကိုယ်စီကိုယ်စီ အစွမ်းတွေရှိကြတယ်လို့ ရှေးပဝေသဏီကပင် လက်ခံယုံကြည်ခဲ့ကြပါတယ်။ အဓိကအနေနဲ့ကတော့ လောကီရေးရာမှာ အဆင်ပြေ အောင်မြင်မှုအတွက် ကျောက်မျက်ရတနာတွေကို ဆောင်ထားလေ့ရှိကြပါတယ်။ မဏိသျှတ္တရခေါ် ရတနာကျမ်းများမှာ ကျောက်မျက်ရတနာရဲ့တန်ခိုးအာနိသင်ကို “ပတ္တမြား ဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကား သိဒ္ဓိ၊ မဏိနီလာ မေတ္တာလွန်စိတ်၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဆိပ်ပြေမဟူရာ၊ မင်္ဂလာကျောက်စိမ်း၊ မူးမိုက်တိမ်းက ပယင်းကိုသာရှုရှိုက်ရာ၏” လို့ဖော်ပြထားပါတယ်။ ပတ္တမြား ‘ပတ္တမြား’ ဟာ မကောင်းတဲ့စိတ်ကိုပယ်တယ်၊ ကျန်းမာရေးကိုအထူးကောင်းမွန်စေတယ်၊ မိတ်ဆွေစစ်၊ အချစ်စစ်ကိုရရှိစေ ပြီးတော့ စီပွားရေးတိုးတက်စေတဲ့ အာနိသင်ရှိတယ်။ မြ ‘မြ’ ကတော့… Continue reading သင်မသိသေးတဲ့ ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ