အန်ဂျလာမာကယ်က လိင်တူ လက်ထပ်ခြင်း နဲ့ ပတ်သက် ပြီး ဂျာမနီ မှာ အရိပ်အမြွက်ပြောကြား

လိင်တူ လက်ထပ်ခြင်း ကိစ္စ နဲ့ ပတ်သက်ပြီး မဲပေးဖို့ အတွက် ပြီးခဲ့တဲ့ တနင်္လာနေ့ မှာ အန်ဂျလာမာကယ်က လွှတ်တော်တွေကလူတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိညဏ် ရှိရှိ လုပ်ဆောင်မယ် လို့ အစမှာ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စဟာ ဂျာမန်ခေါင်းဆောင်တွေ နဲ့ ရှေးရိုးစွဲ ပါတီဖြစ်တဲ့ ခရစ်ယာန် ဒီမိုကရေစီ ပြည်ထောင်စု(CDU) အတွက် အပြောင်းအလဲ တစ်ခု ဖြစ်တယ်လို့ မာကယ်ရဲ့ စကားက ဖော်ပြနေပါတယ်။ ခေါင်းဆောင်တွေနဲ့ ပါတီတွေက ဒီကိစ္စကို ကန့် ကွက်ကြပြီး ရှေးရိုးရာ စံနှုန်းတွေ နဲ့ ပဲဖြစ်စေချင်ကြတာပါ။ ပြီးခဲ့တဲ့ တနင်္လလာနေ့ ညနေက women magazine Brigitte က ဘာလင် မှာ ကျင်းပပြုလုပ်တဲ့ တွေ့… Continue reading အန်ဂျလာမာကယ်က လိင်တူ လက်ထပ်ခြင်း နဲ့ ပတ်သက် ပြီး ဂျာမနီ မှာ အရိပ်အမြွက်ပြောကြား

ဂျာမနီနိုင်ငံတွင် ခရီးသည်တင်Bus ကားနှင့် ကုန်တင်တွဲကားတိုက်မိ၊ သေဆုံးမှုများပြား

ဇူလိုင်လ ၃ရက်နေ့မှာ ဂျာမနီနိုင်ငံ Bavaria မြို့မြောက်ဘက်ရှိ A9 အဝေးပြေးလမ်းမကြီးတွင် ဂျာမနီခရီးသည် ၄၆ဦး သယ်ဆောင်လာသော bus ကားဟာ ကုန်တင်တွဲကားကို ဝင်တိုက်ခဲ့ပါတယ်။ တိုက်မိရုံ မဟုတ်ပဲ ကားနှစ်စီးလုံးမီးလောင်ကျွမ်းသွားတဲ့ အဆင့်ထိဖြစ်သွားပါတယ်။ bus ကားမှခရီးသည် ၁၇ဦးသေဆုံးပြီး Driver နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ရပါတယ်။ လွတ်မြောက်သွားတဲ့ ခရီးသည်တွေမှာလဲ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး ၁၃ယောက်ကတော့ ထိခိုက်မှုမရှိခဲ့ပါဘူး။ ကုန်ကားဘက်မှာတော့ Driver တစ်ယာက်သာပါခဲ့ပြီး သူကတော့ လွတ်မြောက်ခဲ့ပါတယ်။ Bus ကားပေါ်ရှိခရီးသည်တွေဟာ အသက်၄၁နှစ်မှ ၈၁နှစ် ဝန်းကျင်ရှိတဲ့ခရီးသည်တွေဖြစ်ကြပြီး သူတို့ဟာ အားလပ်ရပ်အပျော်ခရီး အဖြင့် Dresden နယ်ကနေ အီတလီရှိ Lake Garda ကို ထွက်လာကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါယာဉ်တိုက်မှုဖြစ်ချိန်တွင် ကယ်ဆယ်ရေးယာဉ်တွေသွားလာမှုကို လမ်းရှိတခြားခရီးသွားယာဉ်တွေက… Continue reading ဂျာမနီနိုင်ငံတွင် ခရီးသည်တင်Bus ကားနှင့် ကုန်တင်တွဲကားတိုက်မိ၊ သေဆုံးမှုများပြား