ကျိုက်ထီးရိုးစေတီရင်ပြင်ဘေးတွင် ချယ်ရီပန်းများ စိုက်ပျိုးမည်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ကျိုက်ထီးရိုးစေတီရင်ပြင်ဘေးတွင် ချယ်ရီပန်းများ စိုက်ပျိုးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ ကျိုက်ထီးရိုးတောင်သည် ပင်လယ်ရေမျက်နှာပြင် ၃၆၀၀ အထက်ရှိသဖြင့် ချယ်ရီပန်းပင်များ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ကြောင့် ဂေါပကအဖွဲ့အား ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ချယ်ရီပန်းပင်သည် တစ်နေ့ကို ရေသုံးကြိမ်ခန့် လောင်းရန်လိုအပ်ပြီး ပင်လယ်ရေမျက်နှာပြင် ၃၀၀၀ နှင့်အထက် ရှိမှ ဖြစ်ထွန်းသော အပင်မျိုး ဖြစ်သည်။ ကျိုက်ထီးရိုးတောင်ပေါ်သို့ လာသော ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ထူးခြားလှပသော မြင်ကွင်းမျိုးရရှိစေ ရန်နှင့် အရိပ်အာဝါသ ရရှိအောင် စိုက်ပျိုးစေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရိုးရိုးလေး တည်းခိုခန်းပိုင်ရှင် အပါအဝင် ဘုရားရင်ပြင်ရှိ ဈေးကော်မတီ၊ တောင်တက်မော်တော်ယာဉ်အသင်းနှင့် ဂေါပက အဖွဲ့ဝင်များ မှ စုပေါင်းစိုက်ပျိုးမည်ဖြစ်ပြီး ချယ်ရီပန်းပင် စုစုပေါင်း ၇၅၀ ခန့်ကို… Continue reading ကျိုက်ထီးရိုးစေတီရင်ပြင်ဘေးတွင် ချယ်ရီပန်းများ စိုက်ပျိုးမည်