Google စောင့်ကြည့်သူတွေက ဟက်ကာတွေဟာ တစ်ပတ်မှာ စကားဝှက် ၂ သိန်း ခွဲလောက်ကို ဟက် လုပ်နေကြတယ်လို့ပြောပါတယ်။

ဟက်ကာအများစုဟာ မကြာခဏ Google ရဲ့အကောင့်ထဲကို ထိုးဖောက်ဝင်ရောက်နေကြပါတယ်။ ဒါကြောင့် Google သုတေသီတွေက တစ်နှစ်လောက်အချိန်ပေးပြီး ဟက်ကာတွေက စကားဝှက်တွေကို ဘယ်လို ခိုးယူနေကြတာလဲဆိုတာကို ခြေရာခံပြီး အင်တာနက် မှောင်ခိုဈေးကွက်နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဘယ်လို ကိရိယာတွေကိုသုံးပြီး ဟက်ကာတွေက စကားဝှက်တွေကို ခိုးယူနေလဲဆိုတဲ့ ခိုင်လုံတဲ့ သက်သေရရှိဖို့အတွက် Google က ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေက စိုက်ဘာ လုံခြုံရေးကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး မှောင်ခိုဈေးကွက်မှာ လုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေအကြောင်းကို ခြေရာခံခဲ့ကြပြီး ရလာဒ်ကို နိုဝင်ဘာလ ၉ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ “အကောင့်တွေ ဘယ်လိုဘယ်ပုံ ဟက်ခံနေရလဲဆိုတဲ့ ပုံပြင်အတိုအစတောင်ရှိပါတယ်။ သူတို့တွေရဲ့လုပ်ဆောင်ချက်တွေက ဆိုးဝါးနေပြီး ခိုင်လုံတဲ့သက်သေတွေ ထုတ်ပြန်သွားမယ်လို့” Google အကြမ်းဖက်မှု ဆန့်ကျင်ရေး သုတေသီ ကဒ်သောမတ်က ပြောပါတယ်။ စကားဝှက်အများစုဟာ… Continue reading Google စောင့်ကြည့်သူတွေက ဟက်ကာတွေဟာ တစ်ပတ်မှာ စကားဝှက် ၂ သိန်း ခွဲလောက်ကို ဟက် လုပ်နေကြတယ်လို့ပြောပါတယ်။