Google Play မှတစ်ဆင့် Duo app ကို install ပြုလုပ်သူ သန်း ၁၀၀ ကျော်ရှိလာ

Google အနေဖြင့် Allo နှင့် Duo ဆိုတဲ့ app နှစ်ခုကို ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့မှာကျင်းပတဲ့ Google Developer Conference မှာ စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်း Duo app ဟာ ပိုမိုပြည့်စုံတဲ့ app တစ်ခု ဖြစ်လာခဲ့ပါတယ်။ Allo ဆိုတာကတော့ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို messeging ပေးပို့နိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ Duo ကတော့ ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ သတိပြုစရာ အချက်တစ်ခုကတော့ Duo app ဟာ ဖုန်းနံပါတ်ကို အခြေပြုပြီး အဆိုပါ ဖုန်းနံပါတ် အချင်းချင်းကြားမှာ ဗီဒီယိုခေါ်ဆိုမှုအတွက် ကြားခံဆက်သွယ်ပေးတဲ့… Continue reading Google Play မှတစ်ဆင့် Duo app ကို install ပြုလုပ်သူ သန်း ၁၀၀ ကျော်ရှိလာ

Google Drive အသစ်တွင် Backup and Sync ကို အပြည့်အဝအသုံးပြုနိုင်ပြီ

ZAWGYI : Google အနေဖြင့် ကွန်ပြုတာရဲ့ System Files တွေကို အွန်လိုင်း Cloud ပေါ်တွင် သိမ်းဆည်းနိုင်ဖို့အတွက် ကြိုးပမ်းမှုဟာ အခုဆိုရင် အောင်မြင်သွားပြီလို့ ပြောနိုင်ပါပြီ။ ဘာလို့လဲဆိုတော့ Google ကနေပြီး Google Drive ကို ပိုမိုကောင်းမွန်ပြီး System File တွေအပါအ၀င် Backup and Sync လုပ်နိုင်မယ့် Tool တစ်ခုကို ယခုအခါ ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ Backup and Sync tool အသစ်အရ Google Drive ကို အသုံးပြုပြီး ကွန်ပြူတာအတွင်းရှိ Hard drive သို့မဟုတ် အခြားသော format တူတဲ့ Memory Card တွေကို… Continue reading Google Drive အသစ်တွင် Backup and Sync ကို အပြည့်အဝအသုံးပြုနိုင်ပြီ

မြန်မာငွေ သိန်း ၇၀ နီးပါးတန်ဖိုးရှိတဲ့ Google White Board

ရုတ်တရက် ဒီသတင်းကို ဖတ်လိုက်ရင် အတော့်ကို ဈေးကြီးတဲ့ White Board လို့ ထင်သွားမှာပါ။ ဟုတ်ပါတယ်.. White Board တော့ White Board ဘဲ။ ဒါပေမယ့် ရိုးရိုး White Board မဟုတ်ပါဘူူး။ Google White Board ဖြစ်ပါတယ်။ Touch Pen လေးနဲ့ ထိတွေ့ခိုင်းစေအသုံးပြုလို့ရမယ့် White Board အမျိုးအစားဖြစ်ပြီး Resolution ကတော့ 4K ရပါတယ်။ မျက်နှာပြင်အကျယ် ၅၅ လက်မရှိပြီး 4k Resolution ကြောင့် တစ်ကယ့်ကို အလန်းစားပါဘဲ။ စီးပွားရေးဆိုင်ရာ လုပ်ငန်းခွင်တွေမှာ အသုံးပြုဖို့ရည်ရွယ်ရောင်းချျတာ ဖြစ်ပြီး အသုံးပြုပုံကတော့ သာမန် tablet လိုပါဘဲ။ ဒါပေမယ့် tablet ထက်ပိုတဲ့… Continue reading မြန်မာငွေ သိန်း ၇၀ နီးပါးတန်ဖိုးရှိတဲ့ Google White Board

ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw

မိမိချစ်ရသူခင်ရသူအတွက် အမှတ်တရဖြစ်စေဖို့ ပန်းချီကားလေးတစ်ခု ပုံလေးတစ်ခုကို ကိုယ်တိုင်ရေးဆွဲချင်ပေမယ့် ပုံဆွဲကလည်းမတော် အချိန်လည်းမရလို့ ခက်ခဲနေပါသလား။ သင်ရဲ့အခက်အခဲကို ကူညီပေးဖို့အတွက် Google က သူတို့ရဲ့နည်းပညာသစ် AutoDraw ကို မိတ်ဆက်ပေးလိုက်ပါပြီ။ AutoDraw ဟာ ပုံဆွဲချင်သူတွေကို အချိန်တိုလေးအတွင်းမှာ ကူညီရေးဆွဲပေးနိုင်မယ့် A.I နည်းပညာသုံး Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုသူအနေနဲ့ မိမိရဲ့စမတ်ဖုန်း ကွန်ပျူတာပေါ်ကနေ AutoDraw ရဲ့ ဝက်ဆိုဒ်ကိုသွားပြီး ပုံသွားဆွဲရမှာဖြစ်ပါတယ်။ ပုံစဆွဲတော့မယ်ဆိုရင်တော့ အဖြူကွက်လပ်ပေါ်မှာ ကိုယ်ဆွဲချင်တဲ့အရာကို စဆွဲပေးလိုက်ပါ။ ဥပမာ ကိုယ်က ခွေးပုံကိုဆွဲတယ်။ ဒါပေမယ့် ခွေးနဲ့တော့ အနည်းငယ်လေး တူတယ်ဆိုရုံလောက်ပဲ ဆိုပါစို့။ ဒါကို AutoDraw ကနေ သူရဲ့မြင့်မားတဲ့ နည်းပညာနဲ့ သင်ရဲ့မညီမညာခွေးပုံကို သေသပ်လှပတဲ့ ခွေးပုံလေးဖြစ်အောင် ပြောင်းလဲပေးသွားပါလိမ့်မယ်။ သင်ရဲ့ပုံက ဆွဲရင်းတန်းလှန်းဖြစ်နေပေမယ့်… Continue reading ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw

Gmail App မှ တစ်ဆင့် ငွေလွှဲနိုင်ပြီ

Google က အီးမေးလ်ဝန်ဆောင်မှုဖြစ်တဲ့ Gmail ကနေ ပိုက်ဆံတွေကို လွှဲပြောင်းခြင်း နှင့် တောင်းဆိုခြင်းတို့ကို ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ အီးမေးလ်ပို့ရင်းနဲ့ တစ်ခါထဲ ပိုက်ဆံလွှဲခြင်း ဝန်ဆောင်မှုကို ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။ လွှဲလိုက်တဲ့ ပိုက်ဆံတွေဟာ Google ရဲ့ Wallet ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် Google အနေနဲ့ Google Wallet ဝန်ဆောင်မှုကို တစ်ကမ္ဘာလုံးကို ချဲ့ထွင်ဖို့ အစီအစဉ်ရှိနေတာကို တွေ့ရမှာပါ။  အဆိုပါ လုပ်ဆောင်ချက်ကို Android ဖုန်းတွေအတွက်ဘဲ update ပေးထားတာ ဖြစ်ပြီး iOS အတွက်တော့ လက်ရှိမှာ မထုတ်သေးပါဘူး။ ဒါပေမယ့်လည်း အမေရိကန်နိုင်ငံမှာသာ အသုံးပြုနိုင်အုံးမှာ ဖြစ်ပြီး Paypal, Payza ကဲ့သို့သော ဝန်ဆောင်မှုများအတိုင်း… Continue reading Gmail App မှ တစ်ဆင့် ငွေလွှဲနိုင်ပြီ

စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မယ့် Levis ရဲ့ စမတ်ဂျာကင်

ဂျက်ကင် ကိုတော့ ကျနော်တို့ အပြင်ထွက်တဲ့အခါ နေပူဒဏ်ကို ကာကွယ်ဖို့ဘဲ ဖြစ်ဖြစ် အလှဝတ်ဖြစ်ဖြစ် ဈေးကြီးကြီးတန်ဘဲ ဖြစ်ဖြစ် ဝတ်ဆင်နေကြပေမယ့် ဘယ်သူကမှတော့ ရုပ်ရှင်ထဲကလိုမျိုး နည်းပညာလုပ်ဆောင်ချက်တွေ ပါတဲ့ ဂျာကင်မျိုး မဝတ်နိုင်ကြသေးပါဘူး။ ဆန်းသစ်တီထွင်မှုမျိုးကို လူတိုင်းက အလိုရှိကြပါတယ်။ အဲ့ဒီလိုမျိုး နည်းပညာ လုပ်ဆောင်ချက်တွေပါဝင်တဲ့ စမတ် ဂျာကင်ကိုတော့ ကမ္ဘာ့ပထမဆုံး အနေနဲ့ Levisကနေ မိတ်ဆက်ကြေငြာလိုက်ပါပြီ။ Levis ဟာ Google နည်းပညာကုမ္ပဏီကြီးနဲ့ ပူးပေါင်းပြီး စမတ်ဂျာကင် တစ်မျိုးကို တီထွင်ဖန်တီးနေပါတယ်။ အဆိုပါ စမတ်ဂျာကင် အား Jacquard ပရောဂျက်အမည်နဲ့ ဆောင်ရွက်နေပြီး Fabric Technology ကို အသုံးပြုပြီး စမတ်ဖုန်းတွေကို ထိန်းချုပ်ခိုင်းစေအသုံးပြုနိုင်မှာပါ။ စမတ်ဖုန်းနဲ့ စမတ်ဂျာကင်ကို ချိတ်ဆက်ဖို့အတွက် Bluetooth ကို အသုံးပြုမှာ… Continue reading စမတ်ဖုန်းတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်နိုင်မယ့် Levis ရဲ့ စမတ်ဂျာကင်

ကြည့်ရှုသူပမာဏ အရမ်းများပြားသွားသဖြင့် YouTube Website ကျသွား

YouTube ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး အင်တာနက် ဗီဒီယိုဝန်ဆောင်မှု ဖြစ်ပြီး လူတိုင်းအခမဲ့ ကြည့်ရှုနိုင်တဲ့ Video Streaming Platform တစ်ခုလဲ ဖြစ်ပါတယ်။ ဥရောပအချိန် မနက် ၉ နာရီ ၄၇ မိနစ်မှာ YouTube Website ဟာ error တက်ပြီး ဗီဒီယိုတွေ ကြည့်ရှု၍ မရတော့ပါဘူး။ အကြောင်းရင်းကတော့ ကြည့်ရှုသူပမာဏ အလွန်များပြားသွားခဲ့တဲ့ အတွက် YouTube Server ဒေါင်းသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း အသေးစိတ်ကိုတော့ YouTube ကနေ ပြန်လည် ဖြေကြားခြင်း မပြုထားပါဘူး။

Google ကုမ္ပဏီမှ ထောင်ပေါင်းများစွာသော ဝန်ထမ်းများ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမိန့်အား ဆန္ဒပြ

Google ကုမ္ပဏီရဲ့ ဌာန ၈ ခုမှ ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမိန့်ကို ဆန္ဒပြလျက်ရှိပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင် နိုင်ငံ (၇) နိုင်ငံ မှ အလည်အပတ်ဖြစ်စေ၊ ပြောင်းရွှေ့နေထိုင်သူဖြစ်စေ၊ အမြဲတမ်းတရားဝင် လက်မှတ်ကိုင်ဆောင်ပြီး နေထိုင်သူ ဖြစ်စေ လက်ရှိတွင် ပြည်ဝင်ခွင့် တားမြစ်ထားတာကြောင့် နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ အနှုတ်ဘက်ကို ရောက်သွားစေတာဖြစ်ပါတယ်။ အမေရိကန်နည်းပညာ ကုမ္ပဏီကြီး များ အပါအဝင်အခြားသော လုပ်ငန်းကြီးများမှာ နိုင်ငံတစ်ကာမှ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ ထရမ့် ၏ ပြည်ဝင်ခွင့်အမိန့်ကြောင့် လုပ်ငန်းကြီးများနှင့် ဝန်ထမ်းတို့အပေါ် သက်ရောက်မှုအား အနှုတ်အသွင်အဖြစ် ဆောင်သွားသည်။ ထို့ကြောင့် ထရမ့်၏ မူဝါဒကို Google မှ ဝန်ထမ်းများ ၄၅မိနစ်ကျော်ခန့်… Continue reading Google ကုမ္ပဏီမှ ထောင်ပေါင်းများစွာသော ဝန်ထမ်းများ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အမိန့်အား ဆန္ဒပြ

Google Map ဗားရှင်းအသစ်တွင် ကားပါကင်ထိုးရန်အတွက် နေရာရှာပေးမည့်လုပ်ဆောင်ချက်ပါဝင်မည်

Google ကနေပြီးတော့ မကြာမှီအချိန်ကာလအတွင်းမှာ ကားပါကင်ရပ်စရာ နေရာလွတ်တွေကို ရှာဖွေပေးမယ့် လုပ်ဆောင်ချက် ထည့်သွင်းပေးမည် ဖြစ်ကြောင်းသိရပါတယ်။ ဒါမျိုးကို အရင်က ရုပ်ရှင်တွေထဲမှာသာ စိတ်ကူးယဉ်အနေဖြင့် ကြည့်ခဲ့ရပေမယ့် မကြာမှီအချိန်မှာ လက်တွေ့အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေရာလွတ်တွေကို Google ကနေ အချိန်နဲ့တစ်ပြေးညီ ဘယ်လိုရှာဖွေပေးမလဲဆိုတာကိုတော့ အတိအကျ မထုတ်ပြန်ထားပါဘူး။ မြေပုံမှာ P ပုံစံအရုပ်လေးပြနေရင် ကားပါကင်ထိုးနိုင်မယ့်နေရာကို ပြတာဖြစ်ပြီး လက်ရှိတည်နေရာနဲ့ ပါကင်ထိုးရမယ့်နေရာ အကွာအဝေးလမ်းကြောင်းနဲ့ မောင်းရချိန်မိနစ်ခန့်မှန်းခြေကအစ ဖော်ပြသွား မှာ ဖြစ်ပါတယ်။ နည်းပညာအရကြည့်ရင် တိုးတက်ကောင်းမွန်လာပေမယ့် ကျနော်တို့လူသားတွေရဲ့လှုပ်ရှားမှုဟာ တစ်ကယ့်ကို လုံခြုံမှုရှိသေးရဲ့လားဆိုတဲ့ ရှု့ထောင့်ကနေ ပြန်ကြည့်ရင် ကျောချမ်းစရာပါဘဲ။

YouTube ကို မကြာမှီ လူမှုကွန်ရက်အနေဖြင့် အသက်သွင်းရန် အလားအလာရှိ

Google ရဲ့ ကိုယ်ပိုင် ဗီဒီယို platform တစ်ခုဖြစ်တဲ့ YoutTube ကို မကြာမှီကာလမှာ Facebook ကဲ့သို့ လူမှုကွန်ရက်ဆိုဒ် အနေဖြင့် အသက်သွင်းရန် အလားအလာရှိလာပါပြီ။ အရင်က YouTube မှာ ဗီဒီယိုတွေတင်ပြီး အချင်းချင်း ပြန်လည်မျှဝေနိုင်တဲ့လုပ်ဆောင်ချက်လောက်သာ ပါဝင်ပြီး ယခုဆိုရင် Facebook Messenger ကဲ့သို့သော အချင်းချင်း စာပို့နိုင်မယ့်စနစ်တွေကို ထည့်သွင်းစမ်းသပ်နေပါပြီ။ အဆိုပါ လုပ်ဆောင်ချက်အသစ်ကို ကနေဒါနိုင်ငံမှာ စတင် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် YouTube ကနေ ဝင်ငွေရှာနေတဲ့ YouTuber တွေအတွက်လည်း ပိုမိုအဆင် ပြေလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Facebook ကလည်း မကြာမှီအချိန်အတွင်းမှာ YouTube ကဲ့သို့ လုပ်ဆောင်ချက်တွေ ထည့်သွားမှာ ဖြစ်ပြီး Facebook video… Continue reading YouTube ကို မကြာမှီ လူမှုကွန်ရက်အနေဖြင့် အသက်သွင်းရန် အလားအလာရှိ