ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw

မိမိချစ်ရသူခင်ရသူအတွက် အမှတ်တရဖြစ်စေဖို့ ပန်းချီကားလေးတစ်ခု ပုံလေးတစ်ခုကို ကိုယ်တိုင်ရေးဆွဲချင်ပေမယ့် ပုံဆွဲကလည်းမတော် အချိန်လည်းမရလို့ ခက်ခဲနေပါသလား။ သင်ရဲ့အခက်အခဲကို ကူညီပေးဖို့အတွက် Google က သူတို့ရဲ့နည်းပညာသစ် AutoDraw ကို မိတ်ဆက်ပေးလိုက်ပါပြီ။ AutoDraw ဟာ ပုံဆွဲချင်သူတွေကို အချိန်တိုလေးအတွင်းမှာ ကူညီရေးဆွဲပေးနိုင်မယ့် A.I နည်းပညာသုံး Application တစ်ခုဖြစ်ပါတယ်။ အသုံးပြုလိုသူအနေနဲ့ မိမိရဲ့စမတ်ဖုန်း ကွန်ပျူတာပေါ်ကနေ AutoDraw ရဲ့ ဝက်ဆိုဒ်ကိုသွားပြီး ပုံသွားဆွဲရမှာဖြစ်ပါတယ်။ ပုံစဆွဲတော့မယ်ဆိုရင်တော့ အဖြူကွက်လပ်ပေါ်မှာ ကိုယ်ဆွဲချင်တဲ့အရာကို စဆွဲပေးလိုက်ပါ။ ဥပမာ ကိုယ်က ခွေးပုံကိုဆွဲတယ်။ ဒါပေမယ့် ခွေးနဲ့တော့ အနည်းငယ်လေး တူတယ်ဆိုရုံလောက်ပဲ ဆိုပါစို့။ ဒါကို AutoDraw ကနေ သူရဲ့မြင့်မားတဲ့ နည်းပညာနဲ့ သင်ရဲ့မညီမညာခွေးပုံကို သေသပ်လှပတဲ့ ခွေးပုံလေးဖြစ်အောင် ပြောင်းလဲပေးသွားပါလိမ့်မယ်။ သင်ရဲ့ပုံက ဆွဲရင်းတန်းလှန်းဖြစ်နေပေမယ့်… Continue reading ပုံအရမ်းဆွဲချင်တဲ့ ပုံဆွဲမတော်သူတွေကို ကူညီပေးနိုင်မယ့် Google ရဲ့ AutoDraw