လန်ဒန်မြို့ရှိ Grenfell တာဝါ မီးလောင်မှု နောက်ဆက်တွဲသတင်း

ဇွန်လ ၁၄ရက်မှာ လန်ဒန်မြို့ရှိ ၂၇ထပ် အမြင့်ရှိ Grenfell တာဝါကြီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်သမားများဟာ မီးလောင်ချိန်မှစ၍ ၁၂နာရီကျော်သည့်တိုင်အောင် မီးကို ငြိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ အဆောက်အဦထဲမှာ ပိတ်မိနေသူများအား ကယ်ဆယ်ရန်ကြိုးစားခဲ့သော်လည်း အခက်အခဲဖြစ်ခဲ့ကြောင်းသိရှိရသည်။ တိုက်ပေါ်မှခုန်ချသူများနှင့် ပြုတ်ကျလာသူများလဲရှိနေတယ်လို့ မျက်မြင်သက်သေတွေကပြောကြားခဲ့ပါတယ်။ ၂၇ထပ်မြင့်ပြီး တိုက်ခန်းပေါင်း ၁၂၀ပါဝင်တဲ့ Grenfell တာဝါဟာ ဒုတိယထပ်မှစ၍ထိပ်ဆုံးထပ်ထိ တစ်နေမှ မကျန်အောင် လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။ ဒီမီးလောင်မှုကို မီးသတ်ကား အစီး၄၀နှင့် မီးသတ်သမား ၂၀၀တို့ ကိုစေလွှတ် ပြီးမီးငြိမ်းအောင်ပြုလုပ်ခဲ့ရပါတယ်လို့ မီးသတ်ဌာနက Twitter ပေါ်တွင်ရေးသားခဲ့ပါတယ်။ မီးလောင်နေသည့် တိုက်ပေါ်မှ အပျက်အစီးများပြုတ်ကျနိုင်တာကြောင့် ရဲများက ပတ်ဝန်းကျင်ရှိ အဆောက် အဦးများကို ရှင်းလင်းထားရပြီး အသွားအလာများသည့် A40 အဝေးပြေးလမ်းမကြီးကိုလဲ ပိတ်ထားခဲ့ရပါတယ်။ ထို့ပြင် Latimer Road ဘူတာအနီး… Continue reading လန်ဒန်မြို့ရှိ Grenfell တာဝါ မီးလောင်မှု နောက်ဆက်တွဲသတင်း