အလှကုန်ပစ္စည်းဝယ်တော့မယ်ဆိုရင်

အလှကုန်ပစ္စည်းများစွာကို အမျိုးသမီးရော၊ အမျိုးသားတိုင်း ဝယ်ယူသုံးစွဲတတ်ကြပါတယ်။ ဒါပေမဲ့ မသုံးတာကြာလို့ပဲဖြစ်ဖြစ်၊ အထားအသိုမမှန်လို့ပဲဖြစ်ဖြစ် ကုန်ဆုံးရက်မတိုင်ခင် စွန့်ပစ်လိုက်ရတာမျိုးမဖြစ်ရလေအောင် အောက်ပါအချက်လေးတွေကို လိုက်နာကြည့်ပါ။ အပူဒဏ်ကြောင့် ပျက်စီးနိုင်တာတွေကို သတိထားပါ တချို့အလှကုန်တွေက အချိန်ကြာကြာ အသုံးပြုဖို့ ဝယ်ထားပေးမဲ့ ရာသီဥတုနဲ့ ပြင်ပအပူဒဏ်တွေကြောင့် ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းနီခရင်မ်၊ မျက်နှာအောက်ခံဖောင်ဒေးရှင်း စတာတွေက ပူပြင်းဒဏ်နဲ့ ထိတွေ့တာနဲ့ ဓာတ်ပြယ်သွားနိုင်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နေရောင်ခြည် တိုက်ရိုက် ထိနိုင်တဲ့နေရာနဲ့ မီးပူတွေအနားမှာ မသိမ်းပါနဲ့။ ထုပ်ပိုးသိမ်းဆည်းမှု သေချာပါစေ စပြီးဝယ်ယူလာတည်းက အဖုံးနဲ့ ထုပ်ပိုးမှုကို သေချာမှတ်သားပြီး အသုံးပြုပြီးတာနဲ့ သေချာပြန်လည်ဖုံးအုပ် သိမ်းဆည်းထားပါ။ တချို့အလှကုန်တွေဟာ ပြင်ပက ရေငွေ့တွေနဲ့ထိမိရင် ဓာတ်ပြောင်းသွားပြီး အရေပြားအတွက် ဓာတ်မတည့်မှုဖြစ်စေတာကြောင့်ပါ။ အဖုံးကို အကြာကြီးဖွင့်ထားမိမယ်ဆိုရင် ပြင်ပက ဘက်တီးရီးယားတွေဝင်ပြီး ပေါက်ပွားနိုင်တာကြောင့်… Continue reading အလှကုန်ပစ္စည်းဝယ်တော့မယ်ဆိုရင်