Not Petya ဆိုက်ဘာတိုက်ခိုက်မှုတွင် ရုရှားပါဝင်သည်ဟု ယူကရိန်းမှ စွပ်စွဲ

ဇွန်လ ၂၇ရက်နေ့ အင်္ဂါနေ့မှာ ယူကရိန်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၀အထိ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ ယူကရိန်း ပညာရှင်အချို့က Not Petya ဟု အမည်ပေးထားသော ကွန်ပျူတာ အဖျက်ဆော့ဖ်ဝဲဖြင့် တိုက်ခိုက်ခဲ့မှုတွင် ရုရှားလုံခြုံရေးဌာနများ ပါဝင်နေသည်ဟု ပြောကြားလိုက်ပြီး အရေးကြီးသော အချက်အလက်များကို ဖျက်ဆီးကာ ကျယ်ပြန့်သောထိခိုက်မှုဖြစ်စေရန် ရည်ရွယ်သော တိုက်ခိုက်မှုဖြစ်သည် ဟုလည်းပြောကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံတွင် စတင်ပြီး အင်္ဂါနေ့၌ ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ခဲ့သည့် ဆိုက်ဘာတိုက်ခိုက်မှုကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလက ယူကရိန်းဓာတ်အားပေးစနစ်ကို တိုက်ခိုက်ခဲ့သည့် ဟက်ကာများက လုပ်ဆောင်ခဲ့သည်ဟု ယူကရိန်း အစိုးရလုံခြုံရေးဌာန SBU၏ ပြောကြားချက်အရသိရပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ယူကရိန်း နိုင်ငံရေးသမားများက ရုရှားကို အပြစ်တင်ခဲ့သော်လည်း ကရင်မလင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ကပြန်လည် ပယ်ချခဲ့တယ်လို့လဲ သိရပါတယ်။ ယူကရိန်းနှင့် အခြားနိုင်ငံများကို… Continue reading Not Petya ဆိုက်ဘာတိုက်ခိုက်မှုတွင် ရုရှားပါဝင်သည်ဟု ယူကရိန်းမှ စွပ်စွဲ

နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ

Check Point Software Technologies အဖွဲ့မှ စစ်ဆေးထုတ်ပြန်ချက်များအရ နာမည်ကြီး Android စမတ်ဖုန်းများထဲတွင် ကြိုတင်ထည့်သွင်းထားသော Malware များ ပါရှိနေကြောင်း သိရှိရသည်။ နာမည်ကြီး စမတ်ဖုန်း ၃၆ မျိုးအတွင်းတွင် Malware များပါရှိနေကြောင်း သိရှိရသည်။ စမတ်ဖုန်းထုတ်သည့် ကုမ္ပဏီများ၏ တရားဝင် firmware များတွင် ပါရှိခြင်းမဟုတ်ဘဲ ကုမ္ပဏီများ၏ စီးပွားဖက်အနေဖြင့် ချိတ်ဆက်ထားသော App များတွင် ပါရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် စမတ်ဖုန်းဝယ်လိုက်သည့်အခါ ဖုန်းနှင့်မသက်ဆိုင်သော App အချို့ကို တွေ့ရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တွေ့ရှိချက်များအရ Loki malware များကို အများဆုံးထည့်သွင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အချို့ Malware များမှာ ကြေငြာအတွက် ကြိုတင်စီစဉ်ထားခြင်း ဖြစ်ပြီး အခြား… Continue reading နာမည်ကြီး Android စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းထားသော Malware များပါဝင်နေ

Brotherhood မြန်မာ ဟက်ကာအဖွဲ့မှ ထိုင်းအစိုးရ ဝက်ဘ်ဆိုဒ်ပေါင်း ၅၃ခုအား တိုက်ခိုက်ခဲ့

Brotherhood of Myanmar အမည်ရှိ မြန်မာ ဟက်ကာအဖွဲ့သည် လိပ်ကျွန်းကိစ္စနဲ့ ပတ်သတ်၍ မြန်မာနိုင်ငံသား ၂ ဦးအား သေဒဏ်ချသည့် စီရင်ချက်ကြောင့် ထိုင်းတရားရုံးကို မကျေနပ်သည့် အနေအဖြစ် ထိုင်းအစိုးရ ဝက်ဘ်ဆိုဒ် ၅၃ ခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Brotherhood of Myanmar ရဲ့ Page မှာ တင်ထားပါတယ်။ မတ်လ ၃ ရက် နံနက် ၅ နာရီမှာ Brotherhood of Myanmar ရဲ့ Facebook Page မှာ ရေးသားထားပါတယ်။ တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ ထိုင်းအစိုးရဝက်ဘ်ဆိုဒ် လိပ်စာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 1 http://loeilocal.go.th/index.php 2 http://bangphrachon-sao.go.th/ 3 http://nonthon.go.th/ 4… Continue reading Brotherhood မြန်မာ ဟက်ကာအဖွဲ့မှ ထိုင်းအစိုးရ ဝက်ဘ်ဆိုဒ်ပေါင်း ၅၃ခုအား တိုက်ခိုက်ခဲ့

Pornhub App ဒီဇိုင်းဖြင့် ဟက်ကာများက တုပပြုလုပ်ကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်

Pornhub ဟာ ကမ္ဘာကျော် အပြာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး လူကြည့်အများဆုံး လိင်ဖျော်ဖြေမှု ဝက်ဘ်ဆိုဒ်တစ်ခုလဲ ဖြစ်ပါတယ်။ ဒါ့အပြင် Pornhub ဟာ android စမတ်ဖုန်းကနေ ကြည့်ရှုနိုင်စေဖို့ android app လည်း ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် Porn App ဖြစ်တဲ့အတွက် Google Play Store မှာ တင်ခွင့်မရဘဲ အခြား third party app store မှာ တင်ထားရပါတယ်။ ဒါကြောင့် ဟက်ကာများက Pornhub App အတုအယောင်များ ဖန်တီးကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်မယ့် malware app ကို ထည့်သွင်းနိုင်မယ့် App တွေ ဖန်တီးထားပြီး လက်ရှိမှာ Pornhub App အတုအယောင်ပေါင်း များစွာရှိတယ်လို့… Continue reading Pornhub App ဒီဇိုင်းဖြင့် ဟက်ကာများက တုပပြုလုပ်ကာ ဖုန်းတွင်းရှိ အချက်အလက်များအား ခိုးယူနိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ website တိုက်ခိုက်ခံရ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ website ဖြစ်တဲ့ donaldjtrump.com ကို တနင်္ဂနွေနေ့မှာ အီရတ် ဟက်ကာ တစ်ယောက် တိုက်ခိုက်ခဲ့ပြီး ” မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး ” ဆိုတဲ့ စာသားကို တင်သွားခဲ့ပါတယ်။ အီရတ်မှ ငြိမ်းချမ်းရေးကို လိုလားပါတယ်လို့ ရေးခဲ့ပါတယ်။ အဆိုပါ website မှာ ထရမ့် မဲဆွယ်ခဲ့တုန်းက အသုံးပြုခဲ့ခြင်း ဖြစ်ပြီး လက်ရှိအချိန်ထိ အချက်အလက်များ ပြန်လည်မျှဝေရေးနဲ့ အလှူငွေများကို လက်ခံနေဆဲဖြစ်ပါတယ်။ အီရတ် ဟက်ကာ မှာ JavaScript ကို အသုံးပြုကာ deface လုပ်သွားခြင်းဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ ကျွမ်းကျင်သူ များက ပြဿနာကို ပြန်လည်ဖြေရှင်းလိုက်နိုင်ပြီ ဖြစ်ပါတယ်။

ATM စက်အား Malware သွင်းရန်ကြိုးစားသော ယူကရိန်း ဟက်ကာအား ဘန်ကောက်ရဲများမှ ဖမ်းဆီး

ATM ငွေထုတ်စက်တွေကနေ ပိုက်ဆံတွေအလိုအလျောက်ထွက်လာအောင် လုပ်တဲ့ဒုစရိုက်မှုတွေက တစ်ကမ္ဘာလုံးမှာ ကြုံတွေ့နေရပါတယ်။ ယခုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရဲ့ Shopping Mall တစ်ခုမှာ အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ယူကရိန်းနိုင်ငံသား ဟက်ကာတစ်ယောက် က credit card အတုတွေနဲ့ ATM စက်ကနေ ပိုက်ဆံထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဘန်ကောက်ရဲ များက အဆိုပါ ဟက်ကာအား အချိန်မှီဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးတဲ့အခါ ဘန်ကောက်မြို့မှာ ရှိတဲ့ ATM စက်တွေရဲ့ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ Laptop တစ်လုံးနဲ့ Credit Card အတု ၅၆ ကဒ်ကို တွေ့ရပါတယ်။ တွက်ဆိုချက်များအရ အဆိုပါ credit card အတုတွေကို ဥရောပနဲ့ အမေရိကန်မှာ ရှိတဲ့ credit card… Continue reading ATM စက်အား Malware သွင်းရန်ကြိုးစားသော ယူကရိန်း ဟက်ကာအား ဘန်ကောက်ရဲများမှ ဖမ်းဆီး

PayPal အသုံးပြုသူများ၏ အချက်အလက်များအား ခိုးယူရန် Phishing Scam များစွာကြုံတွေ့နေရ

လွန်ခဲ့တဲ့ လတွေတုန်းက Gmail ကို ခိုးယူဖို့ကြိုးစားတဲ့ Phishing scam များစွာပေါ်ထွက်လာပြီးနောက် ယခုဆိုရင် PayPal အကောင့်များကို ဟက်ယူရန် phishing scam တွေ ပေါ်ထွက်နေပါတယ်။ ဟက်ကာများမှ PayPal နှင့်ပုံစံတူ ဝက်ဘ်ဆိုဒ်အတု တစ်ခုပြုလုပ်ပြီး PayPal အကောင့်များကို ကြားဖြတ်ဝင်ရောက်ခိုးယူခဲ့ပါတယ်။ PayPal အသုံးပြုသူ များရဲ့ အီးမေးလ်ထဲကို မေးလ်များပို့လွှတ်ပြီး PayPal အကောင့်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ယခုမေးလ်ထဲမှာပါတဲ့ လင့်ကနေ ဝင်ရောက်ဖြေရှင်းပေးဖို့ ဆိုပြီး ပို့လိုက်တာ ဖြစ်ပါတယ်။ ဝင်လိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ နာမည်တွေ၊ လျှို့ဝှက်ကုဒ်တွေ၊ လိပ်စာတွေက အစ Social Security Number ( SSN) အထိ တောင်းပါတယ်။ အသုံးပြုသူများက… Continue reading PayPal အသုံးပြုသူများ၏ အချက်အလက်များအား ခိုးယူရန် Phishing Scam များစွာကြုံတွေ့နေရ

ဟက်ကာများက အမေရိကန် ရေဒီယိုလိုင်းအား hack ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား ဆဲဆိုထားသည့် သီချင်း တစ်နိုင်ငံလုံးသို့လွှင့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒအသစ်ဟာ နည်းပညာလောကအပါအဝင် အခြားသော လုပ်ငန်းများကိုပါ အကြီးအကျယ် ထိခိုက်နစ်နာစေတာကြောင့် လက်ရှိမှာ နည်းပညာကုမ္ပဏီအားလုံးရဲ့ ရှုံ့ချခြင်းကို ခံနေရပါ တယ်။ ဒါကြောင့် လက်ရှိမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး သမ္မတဘက်ကနေလည်း အလျော့ပေးမှုမရှိခဲ့ပါဘူး။ ဒေါ်နယ်ထရမ့် ကို မထောက်ခံသူ ဟက်ကာ တစ်စုက အမေရိကန်နိုင်ငံရဲ့ ပြည်နယ်အတော်များများက ရေဒီယိုလိုင်းတွေကို ဝင်ရောက်ချိုး ဖောက်ခဲ့ပြီး ဒေါ်နယ်ထရမ့်ကို ဆဲထားတဲ့ သီချင်းကို လွှင့်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှ ရက်ပ် အဆိုတော် YG နဲ့ Nipsey Hussle သီဆိုထားတဲ့ ” Fuck Donal Trump ” သီချင်းကို ၁၅ မိနစ်ကျော်ခန့် repeat လုပ်၍ အမေရိကန်ပြည်နယ်တိုင်းနီးပါးကို လွှင့်လိုက်ပါတယ်။ ဟက်ကာတွေဟာ… Continue reading ဟက်ကာများက အမေရိကန် ရေဒီယိုလိုင်းအား hack ပြီးနောက် သမ္မတဒေါ်နယ်ထရမ့်အား ဆဲဆိုထားသည့် သီချင်း တစ်နိုင်ငံလုံးသို့လွှင့်

Anonymous ဟက်ကာအဖွဲ့မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စမတ်ဖုန်းအား hack နိုင်မည့် နည်းလမ်းဖော်ပြ

Anonymous လို့အမည်ရတဲ့ ဟက်ကာအဖွဲ့အစည်းတစ်ခုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ စမတ်ဖုန်းကို ဟက်နိုင်မယ့် နည်းလမ်းကို Twitter မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နည်းလမ်းအပြည့်အစုံမဟုတ်ဘဲ လမ်းစအနေနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် လက်ရှိသုံးနေတဲ့ Samsung Galaxy S3 ဟာ လုံခြုံရေးစနစ် အားနည်းချက် ရှိသည့် အတွက် Stagefright နည်းလမ်းကို အသုံးပြုပြီး လွယ်ကူစွာ ဟက်နိုင်မှာ ဖြစ်ပါတယ်။ Stagefright နည်းလမ်းနဲ့ ဘယ်လို အသေးစိတ်လုပ်မလဲဆိုတာကိုတော့ မပြခဲ့ပါဘူး။ လမ်းစဖော်ရုံလေး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Stagefright  နည်းလမ်း အကြောင်းကို နားလည်တဲ့ သူတိုင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။ ထရမ့်အနေနဲ့ သတင်းဆိုဒ်တွေကနေ လင့်တစ်ခုဖွင့်မိရုံနဲ့တင် ဟက်နိုင်တယ်လို့ Anonymous က… Continue reading Anonymous ဟက်ကာအဖွဲ့မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စမတ်ဖုန်းအား hack နိုင်မည့် နည်းလမ်းဖော်ပြ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ Twitter အကောင့် လုံခြုံရေး အားနည်းချက်ကို ဟက်ကာတစ်ဦးမှ ထုတ်ဖော်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ဟာ သာမန် Gmail ဖြင့်သာ ချိတ်ဆက်ထားတာတွေ့ ရတယ်လို့ ဟက်ကာတစ်ယောက်က ထောက်ပြခဲ့ပါတယ်။ သမ္မတအနေဖြင့် Gmail မဟုတ်ဘဲ သမ္မတရုံး အီးမေးလ်နဲ့ ချိတ်ဆက် အသုံးပြုသင့်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ထရမ့်ဟာ လုံခြုံရေးအားနည်းတဲ့ Samsung Galaxy ဖုန်းကို အသုံးပြုလျက်ရှိ နေပြီး ဖုန်းကိုလဲဖို့ ဒါမှမဟုတ် အသုံးမပြုဖို့ လုံခြုံရေးအရ ဖိအားပေးခံနေရပါသေးတယ်။ ဒါပေမယ့် ထရမ့် ကတော့ ခေါင်းမာလျက်ပါဘဲ။ WauchulaGhost လို့အမည်ရတဲ့ ဟက်ကာတစ်ယောက်က ထောက်ပြခဲ့တာဖြစ်ပြီး ထရမ့်ရဲ့ Twitter အကောင့်ကို တော့ မတိုက်ခိုက်ခဲ့ပါဘူး။ လုံခြုံရေးအဆင့်မြှင့်တင်သင့်ကြောင်း သတိပေးတဲ့အနေနဲ့သာ Public ထုတ်ပြတာ လို့ဆိုပါတယ်။ အဆိုပါ WauchulaGhost အမည်ရတဲ့သူက ISIS နဲ့ပတ်သတ်တဲ့… Continue reading အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ Twitter အကောင့် လုံခြုံရေး အားနည်းချက်ကို ဟက်ကာတစ်ဦးမှ ထုတ်ဖော်