မိမိဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ဘယ်လိုရွေးချယ်မလဲ

ဆံပင်ရဲ့ ဆံသားခြောက်သွေ့မှု၊ အဆီပြန်မှုတွေဟာ ဆံပင် ပါးတာ၊ ထူတာ၊ ကောက်တာ၊ ဖြောင့်တာတွေနဲ့ မဆိုင်ပါဘူး။ လူတစ်ဦနဲ့ တစ်ဦး မိသားစုထဲမှာတောင် ဆံသားပုံစံ မတူညီနိုင်ပါဘူး။ သင့်ဆံသားနဲ့ လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ခြောက်သွေ့သော ဆံသား ခြောက်သွေ့လွန်းတဲ့ ဆံသားဟာ ဖွာထွက်နေပြီး ဆံပင်အဖျားမှာဆိုရင် နှစ်ခွတွေရှိနေတတ်ပါတယ်။ ဆံပင်အရောင်မဆိုးထားပေမယ့် ဆံသားအဖျားတွေဟာ အနီရောင်သန်းနေတတ်ပါတယ်။ အလွယ်တကူ ကျိုးပျက်လွယ်ပြီး ခေါင်းဖြီးရတာလည်း ခက်ခဲတတ်ပါတယ်။ ဒီလိုဆံသားတွေကို ပိုင်ဆိုင််နေပြီဆိုရင် သင်ဟာ အကောင်းဆုံးရေဓာတ်အားဖြည့်နိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ရမှာ ဖြစ်ပြီး ရေများများသောက်ဖို့လည်း လိုပါတယ်။ ခြောက်သွေ့ပြီး အဆီအနှစ်မရှိတဲ့ ဆံသားတွေအတွက် ခေါင်းလျှော်တိုင်း ရေဓာတ်ပါတဲ့ (Moisturizer) ပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ပဲ လျှော်ကာ ပျော့ဆေးကို မဖြစ်မနေသုံးပေးပါ။ သစ်ခွ၊ အုန်းဆီနဲ့… Continue reading မိမိဆံပင်နဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ဘယ်လိုရွေးချယ်မလဲ