အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

တစ်ကယ်လို့ သင် ဘားမှာထိုင်ပြီး သင့်သူငယ်ချင်းတွေနဲ့ ကော့တေး သောက်နေတဲ့အချိန်မှာ ယားယံမှု ကို ခံစားရပြီဆိုရင် ဒီအကြောင်းအရာကနေ သင်ဘာကို သောက်နေတာလဲ ဆိုတာ ပြောပြပါလိမ့်မယ်။ တစ်ချို့ ဝိုင်နဲ့ ဘီယာတွေမှာ ခန္ဓာကိုယ် အတွင်း ရှိ ဒြပ်ပေါင်းကို အန္တရာယ်ပေးတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ အဲ့ဒါက သင့် ခန္ဓာကိုယ်ထဲ ကို ဝင်သွားပြီး ဆိုးရွားတဲ့ ဓါတ်မတည့် မှု ဖြစ်စေတဲ့ အလားအလာ အများကြီးရှိနေပါတယ်။ မတည့် တဲ့ အရာနှင့် ထိတွေ့လို့ ဖြစ်ပေါ် လာတဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ဒြပ်ပေါင်းဟာ အရက် စွဲလန်းသူတွေမှာ ပေါ်လာတတ်ပြီး အဲ့ ဒီဒြပ်ပေါင်းဟာ သင်လမ်းလျှောက်ရင်း ရှုရှိက်မိတဲ့ ပန်းဝတ်မှုန်တွေ ကြောင့်လည်း ထွက်ပေါ်လာတတ်ပါတယ်။ UK… Continue reading အရေပြားယားယံတတ်သူတွေ အရက်၊ဘီယာ သောက်ခြင်းကို ရပ်တန့်ပစ်သင့်သလား

အာလူးချောင်းကြော်က လူ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာ သင်သိပါသလား

အာလူးချောင်းကြော်များများ စားသုံးခြင်းဟာ ကျွန်တော်တို့ရဲ့ အသက်ကိုတိုစေတယ်ဆိုတာ သင်သိပါသလား။ ယောကျာ်းလေးတွေထက် မိန်းကလေးတွေက အာလူးချောင်းကြော်ကို ပိုပြီးစားသုံးတာကို သုတေသီများက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံထုတ် ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ Clinical Nutrition ကတော့ အာလူးကြော်ကို တစ်ပတ်မှာ နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်နဲ့အထက် စားသုံးတဲ့လူတွေဟာ မစားဘဲ ရှောင်ရှားတဲ့ လူတွေထက် နှစ်ဆပိုပြီး စောစော သေစေတယ်လို့ရေးထားပါတယ်။ အာလူးကြော်တွေကသန့်ရှင်းလတ်ဆက်ရဲ့လား အီတလီနိုင်ငံ Padova ရှိ အမျိုးသားသုတေတီကောင်စီမှ သိပ္ပံပညာရှင်တစ်ယောက်နဲ့ Dr.Nicola Veronese တို့က ကမ္ဘာတစ်ဝှမ်းလုံးမှာ အာလူးကြော်စားသုံးတဲ့ လူတွေများလာပါတယ်လို့ သတိပေးခဲ့ပါတယ်။ National Potato ကော်စီမှ ထုတ်ပြန်ချက်အရ ၂၀၁၄ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ လူတစ်ယောက်ရဲ့အာလူးစားသုံးမှု နှုန်း ၁၁၂.၁ ပေါင်ရှိပါတယ်။ အဲဒီအနက် ၃၃.၅ပေါင်ဟာ လတ်ဆက်ပြီး… Continue reading အာလူးချောင်းကြော်က လူ့အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာ သင်သိပါသလား

ငါ့ဖွားဖက်တော်လေး ဘာကြောင့်မဲနေရပါလိမ့်

ဖွားဖက်တော် အရောင်ကိစ္စက ယောက်ျားလေးတွေ အတွက် အရမ်းကို အဖြေရှာရခက်နေတဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ တချို့သော ယောက်ျားလေးတွေက အသားဖြူကြသလို တချို့တွေကတော့ ညိုကြပါတယ်။ အသားဖြူတဲ့သူပဲဖြစ်ဖြစ် အသားညိုတဲ့သူပဲဖြစ်ဖြစ် တစ်ကိုယ်လုံးမှာတော့ ကျွန်တော်တို့ရဲ့ ညီလေးဟာ မွေးစားထားသလားလို့ ထင်ရလောက်အောင် မဲနေတာကိုတွေ့ရမှာပါ။ အဲဒါကို အဖြေရှာလို့တွေ့သွားပါပြီ။ အမေရိကန်မှ အရေပြား ပညာရှင် ဖြစ်တဲ့ Dr.Cameron Rokhsar က “အဲဒါဟာ ဟော်မုန်းတွေကြောင့် ဖြစ်ရတာပါ။ မယ်လနင် (melanin)လို့ခေါ်တဲ့ Protein Pigment အနည်းအများ နဲ့သက်ဆိုင်ပြီး မယ်လနင်များတဲ့သူဟာ အသားပိုညိုတတ်ပါတယ်။ ဖွားဖက်တော်ကတော့ testosterone နဲ့ estrogen လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကြောင့် မယ်လနင်ဓါတ်တွေကို ပိုမိုထုတ်လွှတ်ပေးတာမို့ အခြားနေရာထက် ပိုညိုနေရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက်ကြီး လာလေလေ… Continue reading ငါ့ဖွားဖက်တော်လေး ဘာကြောင့်မဲနေရပါလိမ့်

:လေအေးပေးစက် Airconကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးပြဿနာများ

အခုလို ပူပြင်းတဲ့  နွေရာသီမှာ Air-Conလေးဖွင့်ပြီး နေရတာဟာ အပူဒဏ်ကို သက်သာစေပြီး ဇိမ်ရှိပါတယ်။ Air-Conကို ပိတ်ထားရင် လျှပ်စစ်နဲ့ ပိုက်ဆံကို ချွေတာနိုင်ပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက်လည်း ကာကွယ်နိုင်သလို အောက်ပါ Air-Con ကြောင့် ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို လည်း ကာကွယ်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း ပြဿနာ နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့လေကို နွေးထွေးစေပြီး စိုစွတ်မှုရရှိအောင် နှာခေါင်းအမြှေးပါးမှ ထွက်လာတဲ့ အစိုဓာတ် Moistureတွေက ပြုလုပ်ပေးပါတယ်။ အေးမြခြောက်သွေ့တဲ့လေနဲ့ ရုတ်တရက်ထိတွေ့ရတာကြောင့် နှာခေါင်းအမြှေးပါးတွေ ရောင်ရမ်းပြီး ချွဲတွေပိုထွက်လာကာ နှာစေးနှာပိတ်တာတွေ ဖြစ်လာပါတယ်။ ချွဲရည်တွေများလာတဲ့အခါ လည်ချောင်းထဲ စီးဝင်လာပြီး ချောင်းဆိုးလာပါတယ်။ နှာခေါင်းနဲ့ ဆက်နေတဲ့ မျက်နှာရိုးခေါင်းပေါက်ထဲရောက်သွားကာ Sinusတွေမှာ ချွဲုတွေ ပိတ်မိသွားပါတယ်။… Continue reading :လေအေးပေးစက် Airconကြောင့် ဖြစ်နိုင်သည့် ကျန်းမာရေးပြဿနာများ

နှလုံးတိုက်ခိုက်မခံရမီ ဘာတွေဖြစ်တတ်သလဲ

နှလုံးတိုက်ခိုက်ခံရတဲ့ ပြဿနာဟာ ကမ္ဘာ့လူသားတွေကို တိတ်တဆိတ် ဇီဝိန်ချွေတတ်တဲ့ ရောဂါတစ်ခုအဖြစ် ကင်ပွန်းတပ်ခဲ့ တာကြာခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဒီရောဂါဟာ လူအသေအပျောက် အများဆုံးရောဂါတစ်ခုဖြစ်တယ်လို့ မှတ်တမ်းတွေအရ လေ့လာသိရှိရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ ရောဂါဟာ မဖြစ်ပွားခင်မှာ ရောဂါလက္ခဏာကို ထင်ထင်ရှားရှားပြခဲတယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဒီရောဂါဖြစ်ပွားပြီး သေဆုံးသွားကြသူတွေရဲ့ သုံးပုံနှစ်ပုံလောက်က မဖြစ်ခင် ဘာမှထင်ထင်ရှားရှားမပြကြဘူးလို့ဆိုပါတယ်။ သို့သော်လည်း အောက်ပါ လက္ခဏာ(၅)ချက်ဖြစ်ပေါ်လာရင်တော့ လူတိုင်းမပေါ့ဆဖို့လိုတယ်လို့ ပညာရှင်တွေကသတိပေးပါတယ်။ (၁) ရင်ဘတ်နာခြင်း၊အောင့်ခြင်း၊စူးခြင်း အသိသာဆုံး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ မသက်မသာဖြစ်တာ၊ နာတာ၊စူးတာ၊ ဖိထားသလိုတင်းတာ၊ပူတာမျိုးဖြစ်လာရင်တော့ နှလုံးတိုက်ခိုက်ခံရနိုင်တာမို့ မပေါ့ပါနဲ့။ ရင်ဘတ်ကစူးအောင့်ပြီး ဆင်ကောင်ကြီးတက်ထိုင်ထားသလို ဖြစ်နေရင်တော့သတိထားပါ။ (၂)ရီတီတီဖြစ်ခြင်း၊မူးခြင်းနဲ့ အခြားနာကျင်မှုတွေဖြစ်လာခြင်း မူးတာ၊ပျို့အန်တာတွေက အမျိုးသမီးတွေမှာ ပိုအဖြစ်များတယ်လို့ဆိုပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေ လည်ချောင်းနာတာ၊ကျောနဲ့ လည်ပင်းတွေ၊ မေးရိုးတွေ၊ ဝမ်းဗိုက်တွေ… Continue reading နှလုံးတိုက်ခိုက်မခံရမီ ဘာတွေဖြစ်တတ်သလဲ

လူကောင်းပကတိကနေ Zombie အဖြစ် ပြောင်းနိုင်တဲ့ Flakka မူးယစ်ဆေး

ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ သွေးစုပ်ဖုတ်ကောင် Zombie လိုမျိုး ပြောင်းလဲနိုင်တဲ့ မူးယစ်ဆေးဝါး Flakka ဟာ လွန်စွာမှ ကြောက်စရာကောင်းလှပြီး လက်ရှိမှာ Flakka ကြောင့်ဖြစ်တဲ့ မှုခင်းတွေ ပိုမိုများပြားလာပါတယ်။ အန္တရာယ်များလှပါတယ် ဆိုတဲ့ ကိုကင်း ထက် ပိုမိုအန္တရာယ်ကြီးမားပြီး လူ့စိတ်ကို ပြောင်းလဲစေကာ ကြွက်သားတွေကို ထိန်းချုပ်နိုင်စွမ်းမဲ့လာစေမယ့် အပြင် ဦးနှောက်ကိုပါ ထိန်းချုပ်မှု လွတ်ကင်းသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ Flakka ကို အချို့ဒေသတွေမှာကတော့ Gravel လို့ ခေါ်ပါတယ်။ အခေါ်အဝေါ်သာ ကွာပေမယ့် တူတူဘဲ ဖြစ်ပါတယ်။ Crystal အတုံးငယ်လေးအဖြစ်နဲ့ တွေ့ရမှာဖြစ်ပြီး အဖြူရောင် သို့မဟုတ် ပန်းရောင်သန်းနေပါတယ်။ အဆိုပါ Flakka ကို တိုက်ရိုက်စားသုံးခြင်း၊ အနံ့ရှုရှိုက်ခြင်း၊ အရည်ဖျော်၍ သွေးကြောအတွင်း ထည့်သွင်းခြင်း၊ အီး-စီးကရက်များတွင်… Continue reading လူကောင်းပကတိကနေ Zombie အဖြစ် ပြောင်းနိုင်တဲ့ Flakka မူးယစ်ဆေး

အုန်းရည်ကို နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

အုန်းပင်နဲ့ အုန်းသီးဆိုတာ လူသားတွေရှိတဲ့ နေရာတိုင်းမှာ ရှိနေတတ်ပါတယ်။ အနီးဆုံးမှာရှိနေတဲ့ အုန်းသီးရဲ့ ကောင်းကျိုးကို ကောင်းစွာမသိတဲ့အတွက် အုန်းသီးကို သာမန် မုန့်ပဲသရေစာ လုပ်ရုံသာ သုံးကြတာ များပါတယ်။ တကယ်တော့ အုန်းသီးရဲ့ အတွင်းမှာ ထူးဆန်းအံ့သြစရာအဖြစ်တည်ရှိနေတဲ့ အုန်းသီးရည်ဟာ လူသားတွေရဲ့ကျန်းမာရေးအတွက် အင်မတန်အကျိုးပြုတဲ့ အာဟာရတစ်ခုဖြစ်ပါတယ်။ ဒီလိုအကျိုးများတဲ့ အုန်းသီးရည်ကို တစ်ပတ်လုံးလုံး နေ့စဉ်ဆက်သောက်ပါက အောက်ပါကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ (၁) ကိုယ်ခံအားကောင်းစေတယ်။   ကိုယ်ခနာအတွင်းက ဘက်တီးရီးယားတွေကိုဖယ်ရှားပေါ်နိုင်တယ်။ (၂) ရွှင်လန်းတက်ကြွစေတယ်။     သိုက်ရွိုက်ဂလင်းဟော်မုန်းကိုအားပေးပြီးဆဲလ်တွေကို စွမ်းအားဖြစ်စေတယ်။ (၃) ကိုယ်တွင်းအဂါတွေကိုသန့်စေတယ်။ ကိုယ်တွင်းအဂါတွေရဲ့အဆိပ်အတောက်တွေကိုရှင်းပေးနိုင်တယ်။ဆီးလမ်းကြောင်းမှာကျောက်တည်တာကို ချေဖျက်နိုင်တယ်။ကျောက်ကပ်ကိုသန့်စေတယ်။ဆီးကိုရွှင်စေတယ်။သဲခြေကိုလည်းကောင်းစေတယ်။ (၄) အစာချေဖျက်မှုကို ကောင်းစေတယ်။     အစာချေဖက်မှုအတွက်အရေးပါတဲ့ အမျှင်ဓါတ်ကို ပေးစွမ်းနိုင်တဲ့အတွက် အစာချေဖျက်မှုကိုအားပေးတယ်။ (၅) ကိုယ်အလေးချိန်ကိုလျှော့ချနိုင်တယ်။   အုန်းရည်မှာအဆီဓါတ်မပါဝင်တဲ့အပြင်… Continue reading အုန်းရည်ကို နေ့စဉ်သောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ

ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ လေ့လာချက်အသစ်တစ်ရပ်အရ ရင်သားကင်ဆာရှိသော အမျိုးသမီးများတွင် လိင်မှုဆိုင်ရာပြဿနာများနှင့် ပို၍ကြုံတွေ့ရကြောင်း တွေ့ရှိရသည်ဟု မှတ်ချက်ချခဲ့သည်။ မဲလ်ဘုန်းမြို့၊ မိုနာတက္ကသိုလ် အမျိုးသမီးကျန်းမာရေးစီမံကိန်းဌာနမှ ပါမောက္ခများ ဖြစ်ကြသော ဆူဆန်ဒေးဗစ်နှင့် ရော်ဘင်ဘဲလ်တို့သည် ရင်သားကင်ဆာဖြစ်ပွားပြီး အသက်မသေသူ အမျိုးသမီးပေါင်း ၁ရဝဝကို သုတေသနပြုခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် အမျိုးသမီး ၈၃ရာခိုင်နှုန်းသည် ၄င်းတို့၌ ရင်သားကင်ဆာဖြစ်ပွားကြောင်း မသိရှိရသေးခင်က လိင်ကိစ္စ၌ အဆင်ပြေခဲ့သည်ဟု ဆိုသည်။ ရင်သားကင်ဆာဖြစ်ပွားကြောင်း သိရှိရပြီးနောက် ၂နှစ်အတွင်း အမျိုးသမီး ရဝရာခိုင်နှုန်းသည် လိင်မှုကိစ္စနှင့် ပတ်သက်သော ပြဿနာများ ပေါ်ပေါက်ခဲ့သည်ဟု ဆိ်ုပါတယ်။ အမျိုးသမီးများတွင် ဟော်မုန်းက လှုံ့ဆော်ပေးနိုင်သော ရင်သားကင်ဆာရှိကြောင်း တွေ့ရှိရပြီး အီစထရိုဂျင်ဟော်မုန်းလျော့နည်းအောင် ကုသချက်ပေးခဲ့ရသောကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးများအနေဖြင့် လိင်မှုဆိုင်ရာ ပြဿနာများရဲ့အစဟာ ကင်ဆာရောဂါကုသမှု၏ ဘေးထွက်ဆိုးကျိုးများ… Continue reading ရင်သားကင်ဆာက အမျိုးသမီးများ၏ လိင်မှုကိစ္စကို ထိခိုက်စေနိုင်

ညဘက်မှာ ဘာကြောင့် မကြာခဏဆီးသွားရတာလဲ

ညဘက်မှာ မကြာခဏဆီးသွားရခြင်းဟာ အသက်ကြီးသူတွေမှာ ပိုဖြစ်များပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အကြောင်းကတော့ အသက်ကြီးအမျိုးသားတွေမှာ ဆီးကျိတ်ကြီးတာကြောင့် ဖြစ်ပါတယ်။ ကြီးနေတဲ့ဆီးကျိတ်ဟာ ဆီးပြွန်ချောင်းလို့ခေါ်တဲ့ ပြွန်မှာ ဖိထားခံရပြီး ဆီးအိတ်ကနေ ဆီးတွေကို အကုန်အစင်မထုတ်နိုင်အောင် တားဆီးထားပါတယ်။ ဒါကြောင့်မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး ဆီးသွားနေရတာပဲဖြစ်ပါတယ်။ မကြာခဏဆီးသွားချင်ရသည့် အကြောင်းရင်းများ မကြာခဏဆီးသွားချင်စိတ်ဖြစ်ပေါ်ရတဲ့ တခြားအကြောင်းရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ -နှလုံးရောဂါအခြေအနေနဲ့ ဆက်စပ်နေသော ခြေထောက်ယောင်ရမ်းခြင်း -ဆီးသွားခြင်းကို ပိုမိုဖြစ်စေတဲ့ ဆီးဆေးသောက်နေရခြင်း -ခန္ဓာကိုယ်ရဲ့ ဇီဝနရီပြောင်းလဲခြင်း -ဆီးအိတ်ယောင်တာကြောင့် ဆီးအိတ်မှာ ဝေဒနာခံစားရခြင်း -ဆီးချိုသွေးချိုရောဂါရှိပြီး ရောဂါကို မထိန်းချုပ်နိုင်ခြင်း (ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တာကြောင့် ဆီးထဲမှာ သကြားဓာတ်များလာကာ ဆီးသွားချင်စိတ်ကို ပိုမိုဖြစ်အောင် လှုံ့ဆော်ပေးပါတယ်။) မကြာခဏ ဆီးသွားလိုသည့် ပြဿနာကို ထိန်းချုပ်နိုင်စေရန် ညဘက်မှာ မကြာခဏဆီးသွားချင်ပြီး ဆီးသွားနေရတာကြောင့် အိပ်ရေးပျက်ရတတ်ပါတယ်။… Continue reading ညဘက်မှာ ဘာကြောင့် မကြာခဏဆီးသွားရတာလဲ

ဆပ်ပြာရည်မျိုချမိတဲ့အခါ ဘာလုပ်ရမလဲ

အမြှုပ်ထနေတဲ့ ဆပ်ပြာရည်ကိုမျိုချမိတဲ့အခါ တချို့သော ဆပ်ပြာရည်အမြှပ်တွေကြောင့် အဆိပ်သင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဆပ်ပြာရည်အဆိပ်သင့်ခြင်းကြောင့် ဖြစ်တတ်သော လက္ခဏာများ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ ဝမ်းပျက်ဝမ်းလျောတာ အန်တာ နောက်ဆက်တွဲအခြေအနေ ဆပ်ပြာရည်ကို မျိုချမိပါက နောက်ဆက်တွဲအနေနဲ့ အောက်ပါအချက်အလက်တွေအပေါ်မူတည်ပြီး ပြောင်းလဲမှုရှိနိုင်ပါတယ်။ လူနာရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်နဲ့ အရင်ကျန်းမာရေးအခြေအနေ မျိုချမိတဲ့ ဆပ်ပြာအမျိုးအစား(ပြင်းအားနဲ့ ပါဝင်ပစ္စည်းတွေ သိနိုင်အောင်) မျိုချမိပြီးကြာချိန် မျိုချမိတဲ့ ပမာဏ လူနာရှင်တွေအနေနဲ့ ဒီအချက်တွေကို သိအောင်မှတ်သားပြီး ဆရာဝန်ကိုပြောပြပါ။ ကာကွယ်မှု ကလေးတွေကို ပါးစပ်ထဲ ဆပ်ပြာအမြှုပ်တွေ မဝင်အောင် ဂရုစိုက်ဖို့ သတိပြုပါ။ သတိပြုရန် လူနာကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါပဲ ကိုယ့်သဘောနဲ့ ကိုယ် အန်အောင်လုပ်တာမျိုး မကြိုးစားပါနဲ့။ Zawgyi Font : ဆပ်ပြာရည်မျိုချမိတဲ့အခါ ဘာလုပ်ရမလဲ အမြှုပ်ထနေတဲ့ ဆပ်ပြာရည်ကိုမျိုချမိတဲ့အခါ… Continue reading ဆပ်ပြာရည်မျိုချမိတဲ့အခါ ဘာလုပ်ရမလဲ