သင်မသိသေးတဲ့ လူသားမျိုးနွယ်တို့ရဲ့ အစ

ကျွန်တော်တို့ သိထားကြတာကလူဆိုတာ မျောက်ကဆင်းသက်လာကြတယ်ဆိုတာ ပါပဲ။ ဒါပေမဲ့ မျောက်ကနေ တိုက်ရိုက်ဆင်းသက်လာတယ်လို့ ပြောရင်မှားနေတာကိုတွေ့ရပါတယ်။ မျောက်ကတော့ လူတွေ ထပ်စောပြီး ပေါ်ပေါက်ခဲ့တာမှန်ပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ငါးသန်းခန့်လောက်ထဲက လူသားနဲ့ အလွန်နီးစပ်တဲ့ မျောက်၊မျောက်ဝံနဲ့ လူဝံတွေ ပေါ်ပေါက်ခဲ့လို့ပါပဲ။ အဓိကအားဖြင့် လူဝံမျိုးနွယ်ကနေတစ်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တယ်လို့ ယူဆရပါတယ်။ ကမ္ဘာဦးက လီမာ၊ လော်ရီ၊ ပေါ်တို စတဲ့ အဆင့်နိမ့် လူတူ မျိုးနွယ်တွေ ရဲ့ ရုပ်အသွင်အပြင်ဟာ လူဝံတွေနဲ့ မတိမ်းမယိမ်းတူနေလို့ ဖြစ်ပါတယ်။ မနုဿဗေဒပညာရှင်များရဲ့ တွေ့ရှိချက်အရတော့ လူသား အဆင့်ဆင့်ပြောင်းလဲပုံက(၆)မျိုးဖြစ်ပါတယ်။ ၁။ ဂျာဗားလူ ဂျာဗားလူဟာ သက်တန်းအားဖြင့်ရှေးအကျဆုံးတွေ့ရှိတာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းရှိ ဆိုလိုမြစ်ကမ်းမှာ ၁၈၉၁-၉၂ခုနှစ်လောက်က Dr.F.Duvoy မှ ရုပ်ကြွင်းအဖြစ် တွေ့ရှိခဲ့တာဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း… Continue reading သင်မသိသေးတဲ့ လူသားမျိုးနွယ်တို့ရဲ့ အစ

Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

သူ့နာမည်ကတော့ တိုနီ ဂွတ်ဝင်း (Tony Goodwin) ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်ကတော့ “ဈေးကွက်ထဲတွင် လိုအပ်ချက်ကို ဖော်ထုတ်ပါ” ဖြစ်ပါတယ်။ ဂွတ်ဝင်းဟာ ဆုံးရှုံးနေတဲ့ သူ့လုပ်ငန်းများကို ပြန်လည် အောင်မြင်လာအောင် ထူထောင်နိုင်ခဲ့တဲ့ အလွန်ချီးကျူး အတုယူထိုက်သူတစ်ဦးဖြစ်ပါတယ်။ ၂၀၀၁ မှ ၂၀၀၃ ခုနှစ်များတွင် ကမ္ဘာ့စီးပွားပျက်ကပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဆုံးရှုံးမှုများစွာကြောင့် ဂွတ်ဝင်း တစ်ယောက် လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းလုနီးပါး အခြေအနေထိဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ နာမည်ကြီး Antal International ကုမ္ပဏီ၏ ဒါရိုက်တာတစ်ယောက်ဖြစ်နေပါပြီး။ “အခြေအနေတွေက အရမ်းကို ဆိုးသွားခဲ့တာ။ Aston Martin ကိုတောင်ရောင်းဖို့ လုပ်ရတယ်။ အဲဒီအချိန်ကတော့ တကယ့်ကို သေရေးရှင်ရေး ဖြစ်ခဲ့ရတယ်။ ကျန်းမာရေးပါ ထိခိုက်လာတယ်။ ကိုယ်ထူထောင်ထားတဲ့ လုပ်ငန်းကြီးက ယိုင်တိယိုင်တိုင်… Continue reading Tony Goodwin သို့မဟုတ် လဲကျနေရာမှ ပြန်ထလာသူ

သင့်ကိုယ်သင် သိမ်ငယ်စိတ်ဝင်နေသလား၊ ဒီပုံပြင်လေးကို ဖတ်ကြည့်လိုက်ပါ

လူဆိုတဲ့အမျိုးက မိမိရဲ့ ဘဝမှာ ဘယ်လောက်ပဲ အောင်မြင်တိုးတက်ပေမယ့် တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအပေါ် အားမလိုအားမရဖြစ်တာမျိုး ရှိတတ်ကြတယ်။ တစ်ခါတစ်ရံမှာ လုပ်ရင်းကိုင်ရင်းနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကျဆင်းတတ်ပါတယ်။ ဒီလိုယုံကြည်မှုတွေ ကျဆင်းလာရာကနေ သိမ်ငယ်စိတ်တွေဝင်လာတတ်ပြီး မိမိဘဝရဲ့တက်လမ်းပေါ်ကနေ ဆွဲချသွားတတ်ပါတယ်။ သိမ်ငယ်စိတ်ဟာ စိတ်ကျရောဂါရဲ့ကနဦးအခြေအနေတစ်ခုဖြစ်သလို သိမ်ငယ်စိတ်ကတဆင့် ငါဘာမှသုံးမရတော့ဘူးဆိုတဲ့ အတွေးတွေရောက်သွားပြီး ကိုယ့်ဘဝကို အဆုံးစီရင်တဲ့အထိဖြစ်သွားတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်လို့ဖြစ်လာပြီဆိုရင် ဘယ်လောက်ပဲ ချို့ယွင်းအားနည်းချက်တွေများနေပါစေ အားသာချက်ကလည်း အနည်းနဲ့အများရှိနေတတ်တာ အမှန်တရားတစ်ခုပါပဲ။ လူအများစုရဲ့ သဘာဝက မိမိရဲ့ ကောင်းကွက်တွေအားသာချက်တွေကို ကောင်းကောင်းမမြင်မသိတာနဲ့ သိပြီး အသုံးမချနိုင်ကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ငါ သိမ်ငယ်စိတ်ဝင်နေသလားလို့ ပြန်မေးကြည့်ပါ။ သိမ်ငယ်စိတ်ဝင်နေပြီဆိုရင်တော့ တစ်ခါတုန်းက သင့်လိုပဲ သိမ်ငယ်စိတ်၊အလိုမကျတဲ့စိတ်၊အားမရတဲ့စိတ်တွေဖြစ်နေတဲ့ ရေအိုးလေးတစ်လုံးအကြောင်းကို မိတ်ဆက်ပေးပါမယ်။ တစ်ခါတုန်းကတောင်ကုန်းပေါ်က သူဌေးအိမ်တစ်အိမ်မှာ ရေထမ်းပြီးအသက်မွေးရတဲ့ ရေထမ်းသမားတစ်ဦးရှိပါတယ်။ သူဌေးအိမ်ကလည်း တောင်ပေါ်မှာဆိုတော့… Continue reading သင့်ကိုယ်သင် သိမ်ငယ်စိတ်ဝင်နေသလား၊ ဒီပုံပြင်လေးကို ဖတ်ကြည့်လိုက်ပါ

အနာဂတ် မြန်မာလူငယ်တို့ တိုးတက်စေဖို့

တိုးတက် ပြောင်းလဲလာတဲ့ ယနေ့ခေတ်မှာ အချိန်ဆိုတာ အရမ်းကိုတန်ဖိုးကြီးလာတယ်ဆိုတာ လူတိုင်းသိကြပေမယ့် တကယ်အလုပ်လုပ်တဲ့ လူတစ်ယောက်ဟာ ၂၄နာရီဆိုတဲ့ အချိန်ဆိုတာ ဘယ်လိုမှကို မလုံလောက်ပါဘူး။ Time Management လို့ခေါ်တဲ့ အချိန်ကို အကျိုးရှိရှိ ခွဲဝေအသုံးချခြင်းကို သဘောမပေါက်ရင်တော့ အလုပ်ဘယ်လောက် လုပ်လုပ် အောင်မြင်မှုနဲ့ ဝေးနေပါအုံးမယ်။ ဒါကြောင့် သိထားရမှာက အလုပ်ကြိုးစားတိုင်း အောင်မြင်ရမယ်လို့ ဘယ်သူမှ အာမခံချက်မပေးနိုင်ပါဘူး။ ကြိုးစားခြင်းရဲ့ နောက်ကွယ်မှာ ရွေးချယ်ခြင်းနဲ့ အစီအမံကောင်းတစ်ခုလိုတယ်ဆိုတာ သိထားရပါမယ်။ ဒီပိုစ့်မှာတော့ အခြေခံ လိုအပ်ချက် ၇ ခုလောက်ကို ရေးသားဖော်ပြသွားမှာ ဖြစ်ပါတယ်။ ၁။ ရည်မှန်းချက် ပန်းတိုင်ပျောက်ဆုံးနေခြင်း ယနေ့ခေတ် လူငယ်တွေ အများစုဟာ မိဘတွေ၊ အုပ်ထိန်းသူတွေ၊ ဆွေမျိုးတွေရဲ့ လောင်းရိပ်တွေကြောင့် မရှင်သန်နိုင်ပဲ ရည်ရွယ်ချက်တွေ၊ အိမ်မက်တွေပျောက်ဆုံးနေကြရပါတယ်။ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်စေဖို့… Continue reading အနာဂတ် မြန်မာလူငယ်တို့ တိုးတက်စေဖို့

သင်ဟာ အသိဉာဏ် မြင့်မားတဲ့လူတစ်ယောက်လား

လူတစ်ယောက်နဲ့တစ်ယောက် စွမ်းရည်တွေ မတူကြသလို တွေးခေါ်မြော်မြင်မှုတွေလည်း မတူကြပါဘူး။ ဒါကြောင့်လည်း လူတစ်ယောက်က တစ်ယောက်ကို ဘယ်သူကတော့ဖြင့် သိပ်ဉာဏ်ထက်တာပဲ၊ သိပ်ပြီးလိမ္မာပါးနပ်တာဘဲလို့ချီးကျူးထောပနာပြုတတ်ကြပါတယ်။ အဲ့ဒီတော့ မိမိကကော အသိဉာဏ်စွမ်းရည်အရာမှာ ဘယ်လိုရှိသလဲဆိုတာ စူးစမ်းလေ့လာဖို့လိုပါတယ်။ သင်ဟာ အောက်ပါအချက် (၆)ချက်ကို ရင်ဆိုင်နေရပြီဆိုရင်တော့ သင်ဟာ အသိဉာဏ်စွမ်းရည်ကိုမြင့်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မှတ်ကျောက်တင်နိုင်ပါတယ်။ (၁) သေးနုတ်သိမ်ဖျင်းပြီး အရေးမပါတဲ့ စကားတွေက သင့်ကို နားငြီးစေသလား။ ဒါကသင့်အတွက်စိန်ခေါ်မှုတစ်ခုဖြစ်သလို လူအများစုက သင့်ကို သဘောမတွေ့တတ်ကြတဲ့ အချက်ဖြစ်ပါတယ်။ သင့်ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့လူအများစုဟာ အတွေးအခေါ်အယူအဆတွေ၊ အိုင်ဒီယာတွေမပါတဲ့ သတင်းစကားတွေ၊ အတင်းတွေ၊ သူတပါးအကြောင်း မကောင်းတာတွေ၊ ပြစ်တင်ဝေဖန်ငြီးငြူသံတွေနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးနေတတ်ကြပါတယ်။ သင့်ဦးနှောက်ထဲမှာတော့ အတွေးဒဿနတွေ၊ အကြံအစည်ကောင်းတွေ၊ သုံးသပ်ဝေဖန်ဆန်းစစ်စရာတွေနဲ့ ပြည့်နေတဲ့အတွက် သင်က သေးနုုပ်ပြီး အရေးမပါတဲ့ စကားတွေက သင့်ကို… Continue reading သင်ဟာ အသိဉာဏ် မြင့်မားတဲ့လူတစ်ယောက်လား

သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

အားလုံးသိထားကြတာကတော့ ကျောက်စိမ်းဆိုတာ အစိမ်းရောင်အစင်းရှိတဲ့ ကျောက်ကို ကျောက်စိမ်းလို့သိထားကြပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းလို့ခေါ်တဲ့ ကျောက်မျက်မှာ အစိမ်းရောင်အပြင် တခြားသော အရောင်တွေလဲရှိပါသေးတယ်။ အာရှဒေသမှာဆိုရင် ကျောက်စိမ်းကို အထွဋ်အမြတ်ရတနာအနေနဲ့ အဓိက သုံးတဲ့ နိုင်ငံကို ပြပါဆိုရင် တရုတ်နိုင်ငံလို့ပြောရမှာပါ။ ရှေးဘုရင်လက်ထက်အဆက်ဆက်ထဲက အမိန့်အာဏာကို ကိုယ်စားပြုတဲ့ တံဆိပ်တုံးတွေကအစ ကျောက်စိမ်းနဲ့ပြုလုပ်တာ ဖြစ်ပြီး အစီအရင်လက်ဖွဲ့အနေနဲ့လည်း အသုံးပြုကြပါသေးတယ်။ တရုတ်ရိုးရာရဲ့ အယူအဆအရ ကျောက်စိမ်းကို ဆောင်ထားရင် မကောင်းတဲ့ အတတ်ပညာနဲ့ပြုစားလို့မရဘူး၊ ယောက်ျားလေးတွေဆိုရင် မျက်နှာပွင့်လန်းတယ်၊ အခုခေတ် စကားပြောအရဆိုရင်တော့ စော်ကြည်တာပေါ့ဗျာ။ 😛 စာရေးသူဆို ကျောက်စိမ်းဆောင်လို့လားမသိဘူး စော်ကြည်လွန်းလို့ ခါချနေရတယ်။ ဒါက ကြားဖြတ်ကြေငြာတာ။ 😛 နောက်တစ်ခုက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ မကောင်းတဲ့ ဓာတ်တွေ၊ အပူအအေးမမျှတမှုတွေကို ကျောက်စိမ်းကုထုံးနဲ့လည်း ကုသလို့ရပါသေးတယ်။ ကျောက်စိမ်းရဲ့ အသုံးပြုပုံတွေတော့သိပြီ၊… Continue reading သင် သိထားရမယ့် ကျောက်စိမ်းအကြောင်း

တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ပါပြီ။ အဖြူအစိမ်းတွေ လှုပ်လှုပ်ရွရွ မြင်လာရသလို ရင်သွေးရတနာတို့ရဲ့ အနာဂတ်အတွက် မျှော်မှန်းချက်ကြီးစွာထားတတ်ကြတဲ့မိဘတွေရဲ့ ရင်ကိုလည်း မှန်းဝင်ကြည့်မိပါရဲ့။ သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မှာ၊ စစ်ဗိုလ်ကြီးလုပ်မှာ ၊ သမီးကတော့ ဆရာဝန်မကြီးလုပ်မှာ အားလုံးကတော့ အတွေးကိုယ်စီနဲ့ပါပဲ။ စာသင်ခန်းတွေဝင်ကြမယ်။ စာကို မနေမနား ကြိုးစားကြမယ်။ ဒီကာလအတွင်း ကလေးတွေရဲ့ ဗီဇနဲ့ဝါသနာပါတဲ့ အရာတွေကိုတောင် မိဘတွေက ခွင့်မပြုချင်ကြဘူး။ ကျောင်းဆိုတာလည်း အမှတ်များဖို့၊ စာမေးပွဲကောင်းကောင်းအောင်ဖို့နဲ့ အောင်ချက်ကောင်းဖို့ကလွဲရင် ဘာကိုမှတန်ဖိုးမထား။ ဆရာတွေဆိုတာကလည်း စာသင်ခန်းထဲရောက်ရင် ငါဆရာ၊ ငါပြောတာသာ မင်းတို့နားထောင်ရမယ်၊ ငါ့ကိုဘာမှဇောဒကမတက်နဲ့ဆိုတဲ့ မပြောင်းလဲတဲ့ အတွေးဟောင်းတွေနဲ့ စာသင်ခန်းကို စိုးမိုးနေရာယူထားတတ်ကြပါတယ်။ ဒီတော့ ကလေးတွေမှာ စာကျက်၊စာလုပ်၊ကျူရှင်၊ဒါတွေကလွဲပြီး ဘာမှ မလုပ်နိုင်တဲ့ ဘာင်ထဲမှာပဲကြီးပြင်းကြရတော့တာပေါ့။ အချိန်တန်ရင် ဉာဏ်ထက်တဲ့ ကလေးတွေက ဆရာဝန် အင်ဂျင်နီယာတွေဖြစ်မယ်။… Continue reading တိုင်းပြည်က သင့်ကို အရေးတကြီး လိုအပ်နေပါသည်

မြို့နှစ်မြို့ ကပေးတဲ့ ဘဝသင်ခန်းစာ

မြို့ကြီးတစ်မြို့၏ အဝင်ဝနားတွင် ခရီးသွားတစ်ယောက်ဆိုက်ရောက်လာသည်။ မြို့ထဲမဝင်မီ လမ်းဘေးမှာထိုင်နေသော မိန်းမတစ်ယောက်ကို သူမေးသည်။ “ဒီမြို့မှာနေထိုင်တဲ့သူတွေရဲ့ စိတ်နေသဘောထားတွေဘယ်လိုမျိုးရှိကြလဲဗျ” ။ ထိုအခါအမျိုးသမီးက ပြန်၍ မေးခွန်းထုတ်လေသည်။ “ရှင်ထွက်လာခဲ့တဲ့ မြို့ကလူတွေကကော ဘယ်လိုသဘောထားတွေရှိကြလဲ” ဟုမေးရာ…။ “ဆိုးပါတယ်ဗျာ၊ အင်မတန် ယုတ်မာကောက်ကျစ်တဲ့လူတွေ၊ လုံးဝယုံကြည်လို့မရတဲ့လူတွေ၊ ကောင်းကွက်ဆိုလို့ တစ်စက်ကလေးတောင်မှမရှိတဲ့လူတွေ” ဟု သူက မဲ့မဲ့ရွဲ့ရွဲ့ပြန်ဖြေလေသည်။ “အင်း… ဒီမြို့ထဲကလူတွေလဲ အဲ့ဒီပုံစံအတိုင်းပဲ ရှင်တွေ့ရဦးမှာပါ” လို့ ထိုအမျိုးသမီးကဆိုလေသည်။ များမကြာခင်လေးမှာပဲ နောက်ခရီးသည်တစ်ယောက် မြို့နားကိုရောက်လာပြန်ကာ အမျိုးသမီးအား မြို့ထဲကလူတွေအကြောင်းကိုမေးပြန်လေသည်။ ထိုအခါ အမျိုးသမီးက ပထမခရီးသည်အားမေးခဲ့တုန်းကအတိုင်း သူလာခဲ့သည့်မြို့လေးက လူတွေအကြောင်းကိုမေးလေသည်။ ထိုအခါ ဒုတိယခရီးသည်က “အင်မတန်မှ စိတ်သဘောထားကောင်းကြပါတယ်၊ရိုးသားကြတယ်၊အလုပ်လည်းကြိုးစားကြတယ်၊သူမတူအောင်လည်း ရက်ရောကြပါတယ်၊ ကျွန်တော် အဲ့ဒီက ထွက်လာရတာစိတ်တောင်မကောင်းဖူးဗျာ” လို့ လှိုက်လှဲသောလေသံဖြင့်ဆိုလေသည်။ သည်အခါ ပညာရှိ အမျိုးသမီးက… Continue reading မြို့နှစ်မြို့ ကပေးတဲ့ ဘဝသင်ခန်းစာ

မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အရပ်မြင့်မားကြသူ ( ၅ ) ဦး

( ၁ ) Margo Dydek ပိုလန်လူမျိုး အမျိုးသမီးဘတ်စကတ်ဘော ကစားသမားဖြစ်သူ Margo Dydek ဟာ အရပ် ၇ပေနဲ့ ၂လက်မရှိသူဖြစ်ပြီး အမျိုးသမီး ဘတ်စကတ်ဘောသမိုင်းတလျောက် အရပ်အမြင့်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ခုနှစ်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ( ၂ ) Robert Pershing Wadlow Giant of Illinois လို့ အမည်ပြောင်ပေးထားခံရသူ Robert Pershing Wadlow ဟာ ၁၉၁၈ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး အသက် ၂၂နှစ်သားအရွှယ်မှာပဲ ကွယ်လွန်ခဲ့သူဖြစ်ပါတယ်။ Robert ဟာ မွေးဖွားပြီးချင်းမှာပဲ Gigantism လို့ခေါ်တဲ့ ခန္ဓာကိုယ်အရွှယ်အစား အဆမတန် ကြီးထွားမှုဝေဒနာကို ခံစားလာခဲ့ရပြီး ခြောက်နှစ်သားအရွှယ်မှာပဲ မိဘနှစ်ပါးထက်ကို အရပ်ရှည်နေခဲ့ရပါတယ်။… Continue reading မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အရပ်မြင့်မားကြသူ ( ၅ ) ဦး

စွန့်စားခြင်း နှင့် စိုးရိမ်ကြောင့်ကြခြင်း

အလွန်လှပသော နွေဦးရာသီဥတုဖြစ်သည်။ မြေဩဇာပြည့်ဝသော ဥယျာဉ်ပျိုးခင်းခြံဝင်းတစ်ခုထဲမှာ သစ်စေ့နှစ်စေ့ ဘေးချင်းယှဉ်၍ တည်ရှိနေလေတယ်။ ပထမသစ်စေ့က အရင်ဆုံးဆိုလေတယ်။ “ငါ အပင်အရမ်းဖြစ်ချင်တယ်၊ကြီးထွားချင်တယ်၊ ငါ့အမြစ်တွေကို မြေအောက်ထဲကို နက်နက်ရှိုင်းရှိုင်း တွန်းပို့ချင်တယ်။ ငါ့ အစို့အညှောက်လေးတွေကို အထက် မြေလွှာကိုဖောက်ထွင်းပြီး အပြင်လောကကိုမြင်ချင်တယ်။ နူးညံ့တဲ့ အဖူးလေးတွေက ပွင့်အာလာတဲ့ ပန်းပွင်ချပ်လွှာလေးတွေနဲ့အတူ အောင်လံထူပြီး နွေဦးကိုကြိုချင်တယ်၊ ငါ့မျက်နှာပေါ် နွေးထွေးတဲ့နေရောင်ခြည် ကျရောက်တာ ငါခံယူချင်တယ်။ အေးမြလတ်ဆက်တဲ့ နံနက်ခင်းနှင်းပွင့်ကလေးတွေ ငါ့ ပွင့်လွှာချပ်တွေပေါ် ဖျန်းပတ်တာလဲ ငါခံစားချင်တယ်” လို့ဆိုတော့….။ ဒုတိယသစ်စေ့ကတော့ ဤကဲ့သို့ဆိုလေသည်။ “ငါက အပင်ပေါက်ရမာကြောက်တယ်။ အမြစ်တွေမြေကြီးထဲ ထိုးထည့်တဲ့အခါ အမှောင်ထဲမှာ ဘာတွေနဲ့ရင်ဆိုင်တိုးရမလဲဆိုတာ ငါမသိဖူး။ အပေါ်ကမြေမာကို ထိုးဖောက်ထွက်တော့လဲ နူးညံ့တဲ့ ငါ့အစို့အညှောက်လေးတွေ ပဲ့ရွဲ့ပျက်စီးကုန်မှာ စိုးရတယ်။….အဖူးအငုံလေးတွေ ပွင့်အာစမှာ ပက်ကျိစားသွားရင်ကော၊ ပန်းကလေးတွေပွင့်လာတော့မှ… Continue reading စွန့်စားခြင်း နှင့် စိုးရိမ်ကြောင့်ကြခြင်း