Application မြှင့်တင်ခြင်းကြောင့်ဖြစ်သော Storage ပမာဏမလုံလောက်သည့် ပြဿနာကို Apple ဖြေရှင်းမည်

Application တွေအဆင့်မြှင့်တင်လာမှုကြောင့် file size တွေကြီးလာသဖြင့် Storage ပြဿနာကို ကျွန်တော်တို့တွေ ရင်ဆိုင်လာရပါတယ်။ Android သမားတွေအတွက်ကတော့ MicroSD ထပ်စိုက်လို့ ရနေတဲ့ အတွက်ကြောင့် အဆင်ပြေနေသေးပါတယ်။ အထူးသဖြင့် Apple သမားတွေက storage မလုံလောက်တဲ့ ပြဿနာကို အဓိကကြုံတွေ့လာကြရပါတယ်။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ Facebook ၊ Uber ၊ Gmail ၊ Youtube နှင့် Snapchat တို့ကဲ့သို့သော Application တွေဟာ လွန်ခဲ့သော ၄နှစ်က File size ပမာဏထက် အဆပေါင်းများစွာ ပိုမိုကြီးမားလာတာကို App ဆိုင်ရာ လေ့လာဆန်းစစ်ရေးလုပ်ငန်းမှ တွေ့ရှိလာပါတယ်။ ဥပမာ ကမ္ဘာပေါ်တွင် လူဦးရေပေါင်း ၂ဘီလီယံအထိသုံးစွဲ နေတဲ့ Facebook application… Continue reading Application မြှင့်တင်ခြင်းကြောင့်ဖြစ်သော Storage ပမာဏမလုံလောက်သည့် ပြဿနာကို Apple ဖြေရှင်းမည်

ပြည်ဝင်ခွင့်ရဖို့ စာရွက်စာတမ်းကိစ္စအတွက် အချိန်ကုန်တာကို လျော့ချပေးမယ့် Mobile Passport App

သင်က နိုင်ငံတစ်ကာကို မကြာခဏ ခရီးသွားတဲ့ သူတစ်ယောက်ဆိုရင် ( ဒါမှမဟုတ် တစ်နှစ် တစ်ကြိမ်လောက် သွားတဲ့သူဆိုရင်) နိုင်ငံတစ်ကာကို ဝင်ရောက်ဖို့ က သင့်အတွက် အရင်းနှီး ဆုံးကိစ္စ ဖြစ်နေမှာပါ။ သို့သော်လည်း သင်က နိုင်ငံတစ်ကာကို မကြာခဏ သွားတဲ့ သူမဟုတ်ဘူးဆိုရင်တော့ မိုဘိုင်း passport က အဝင်အထွက် တွေကို စောင့်ကြည့်ဖို့(နယ်စပ်ရေးရာစောင့်ကြည့်တဲ့ အရာ တစ်ခု)ဖြစ်နိုင်ပါသေးတယ်။ iOS နဲ့ Andriod နှစ်မျိုးလုံးနဲ့ ရနိုင်ပြီး ဒီ ဆော့ဝဲ လေးက သင်အမေရိကန်ပြည်ထောင်စု သွားတဲ့ အခါမှာ စာရွက်စာတန်း ကိစ္စတွေကို အမြန်ပြီးစေပြီး အလုပ်အရမ်းများတဲ့ နိုင်ငံက လေဆိပ်တွေလိုမျိုးမှာ သင်က အလွယ်တကူ ပြည်ဝင်ခွင့် ရမှာပါ။ ဒီ မိုဘိုင်း ပတ်စပို့… Continue reading ပြည်ဝင်ခွင့်ရဖို့ စာရွက်စာတမ်းကိစ္စအတွက် အချိန်ကုန်တာကို လျော့ချပေးမယ့် Mobile Passport App

Xiaomi Mi Max တွင် Android 7.0 Nougat Update ရရှိမည်

Android version 7.0 Nougat update ကို Xiaomi Mi Max တွေမှာ မကြာမှီရရှိတော့မည်ဖြစ်ကြောင်း သိရှိရသည်။ Beta update အနေဖြင့် စတင်ရရှိနိုင်မည်ဖြစ်ပြီး RAM 3GB နှင့် RAM 4GB နှစ်မျိုးလုံးအတွက် ရရှိမည်ဖြစ်သည်။ Android version 7.0 Nougat ကို MIUI 8.5.1 ဖြင့် update ရရှိနိုင်မှာ ဖြစ်ပြီး MIUI 8.5.1 တွင် feature အသစ်များထပ်မံပါဝင်လာမည် ဖြစ်သည်။ အဆိုပါ update ကို Global Stable Firmware ရှိသူများသာ ရရှိအုံးမည်ဖြစ်ပြီး China Rom အသုံးပြုသူများအတွက် ရရှိနိုင်အုံးမှာ မဟုတ်ပါဘူး။ Zawgyi Font… Continue reading Xiaomi Mi Max တွင် Android 7.0 Nougat Update ရရှိမည်

Pioneer ရဲ့ ကမ္ဘာ့ပထမဆုံး Lightning Conference စပီကာ

Apple အသုံးပြုသူတွေ တောင်းတနေတဲ့ Apple အတွက်သီးသန့် speaker လေးထွက်လာပါပြီး။ Rayz Rally လို့ခေါ်တဲ့ ဒီ speaker လေးဟာ Iphone,Mac,PC နဲ့ Ipad တွေရဲ့ အသံကို ကြည်လင်ပြတ်သားစွာ ချဲ့ထွင်ပေးမှာဖြစ်ပါတယ်။ ဒီ speaker လေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အစည်းအဝေး ငယ်လေး ပြုလုပ်ခြင်း၊ အလုပ်ကိစ္စတစ်ခုခုကို လူအနည်းငယ်နဲ့ ဆွေးနွေးတိုင်ပင် တဲ့အခါမှာ အသုံးပြုဖို့ဖြစ်ပါတယ်။ Rally ဟာ Bluetooth speaker မဟုတ်ပါဘူး။ Apple device နဲ့ တိုက်ရိုက် plug ထိုးပြီးအသုံးပြုရမှာဖြစ်ပါတယ်။ Rally ကိုအသုံးပြုရင်း မိမိရဲ့ဖုန်းကိုလဲအားသွင်းချင်တယ်ဆိုရင်လည်းရပါတယ်။ Rally ရဲ့အခြားတစ်ဖက်မှာ အားသွင်းဖို့ အပေါက်အပိုပါပါတယ်။ Rally ဟာဖုန်း၏သာမန်အသံကို ပိုပြီးချဲ့ချင်သူများအတွက်အရမ်း အဆင်ပါတယ်။ အရွယ်ပမာဏကလည်း… Continue reading Pioneer ရဲ့ ကမ္ဘာ့ပထမဆုံး Lightning Conference စပီကာ

မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

Xiaomi ရဲ့ Mi 6 ကို ဧပြီလ မှာ စတင်မိတ်ဆက်ခဲ့ပြီး မျက်နှာပြင် ၅.၁၅ နဲ့ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Mi 6 ဟာ အထင်ကြီးလေးစားစရာကောင်းလှတဲ့ Hardware တွေအပြင် အကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်အရွယ်အစားက ၅.၁၅ လက်မ ဖြစ်နေတာကြောင့် မျက်နှာပြင်ကြီးကြီးသုံးချင်သူတွေအတွက် သုံးရတာ အားမရပါဘူး။ ယခု ရရှိထားတဲ့ ပေါက်ကြားမှုသတင်းတွေအရ Xiaomi Mi6 Plus ကို ဂျူလိုင်လ မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပြီး မျက်နှာပြင်အရွယ်အစား ၅.၇ လက်မနဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။ RAM 4GB, Storage 64GB , RAM 6GB, Storage 128 GB,… Continue reading မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

Android Premium Icon Pack လေးတွေကို သတ်မှတ်ချိန်အတွင်းမှာ အခမဲ့ရယူကြမယ်

Android icon pack တွေကတော့ အခမဲ့ရရှိတဲ့ App မျိုးရှိသလို ပိုက်ဆံပေးဝယ်ရတဲ့ Premium Icon Pack တွေလည်းရှိပါတယ်။ Premium Icon Pack နဲ့ အလှဆင်မယ်ဆိုရင်တော့ ဖုန်းရဲ့ အသွင်အပြင် ဒီဇိုင်းကတော့ အလန်းစားဖြစ်သွားမှာ သေချာပါတယ်။ အဲ့ဒီလို Premium Icon Pack ကို ပုံမှန်အားဖြင့် ပိုက်ဆံပေးဝယ်ရပေမယ့် ယခုဖော်ပြမယ့် Icon Pack လေးတွေကတော့ သတ်မှတ်ချိန်အတွင်းမှာ အခမဲ့ဒေါင်းလုပ်ဆွဲအသုံးပြုနိုင်မှာပါ။ သတ်မှတ်ရက် ကျော်သွားရင်တော့ ပိုက်ဆံနဲ့ပေးဝယ်ရမှာ ဖြစ်တဲ့အတွက် အခမဲ့ပေးတုန်း ဒေါင်းလုပ်ဆွဲထားတာ အကောင်းဆုံးပါ။ 1 .MATERIALISTIK သူ့ကို အခမဲ့ဒေါင်းလုပ်ဆွဲနိုင်ဖို့ အချိန် ၂ ရက်ပေးထားပါတယ်။ Google Material Design ကို အခြေခံပြီး ဆွဲထားတာ… Continue reading Android Premium Icon Pack လေးတွေကို သတ်မှတ်ချိန်အတွင်းမှာ အခမဲ့ရယူကြမယ်

စမတ်ဖုန်းကို ဂိမ်းခလုတ်နဲ့မှ ကစားချင်သူတွေအတွက် Moto Z2 Play

Motorola ကနေ ထုတ်တဲ့ Moto Z စီးရီးဟာ Modular စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး ဈေးကွက်မှာ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါကြောင့် Motorola ကနေ Moto Z2 Play ဆိုတဲ့ Modular စမတ်ဖုန်း စီးရီးသစ်တစ်ခုကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ Moto Z2 Play အကြောင်းမပြောခင် Modular စမတ်ဖုန်းအမျိုးအစားဆိုတာ ဘာလဲဆိုတာ အရင်ပြောပါမယ်။ Modular အမျိုးအစားစမတ်ဖုန်းတွေဟာ လိုအပ်သလို ထပ်မံပေါင်းစပ်နိုင်အောင် လုပ်ထားတဲ့ ဖုန်းတွေပါ။ ဖုန်းမှာ ကင်မရာ အသစ်တစ်လုံးကို တပ်မလား၊ ဒါမှမဟုတ် ဂိမ်း pad တွေ တပ်မလား စသဖြင့် Accessories တွေ ထပ်မံပေါင်းစပ်တပ်ဆင်နိုင်တဲ့ စမတ်ဖုန်းအမျိုးအစားကို ဆိုလိုတာပါ။ Moto Z2 Play ဟာဆိုရင်… Continue reading စမတ်ဖုန်းကို ဂိမ်းခလုတ်နဲ့မှ ကစားချင်သူတွေအတွက် Moto Z2 Play

Android ရဲ့ ဖခင်ကြီး Andy Rubin ထုတ်လုပ်တဲ့ Essential စမတ်ဖုန်း

Andy Rubin ဟာ Android OS ကို စတင်တီထွင်ဖန်တီးခဲ့သူဖြစ်ပြီး ယခုအချိန်မှာတော့ Essential ဆိုတဲ့ စမတ်ဖုန်းအမျိုးအစားသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ သာမန်အားဖြင့် စမတ်ဖုန်းကုမ္ပဏီအသစ်တစ်ခုကို တော်ရုံလူ စိတ်မဝင်စားကြပေမယ့် Andy Rubin ရဲ့ Essential ကိုတော့ လူတိုင်းနီးပါး စိတ်ဝင်စားနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Andy Rubin ဟာ Android ရဲ့ ဖခင်ကြီးဆိုတဲ့ ဂုဏ်ဒြပ်ကိုရရှိထားပြီး Andy Rubin ကိုယ်တိုင် ထုတ်လုပ်မယ့် စမတ်ဖုန်းဟာ အခြား စမတ်ဖုန်းတွေထက် ပိုမိုသာလွန်မယ်ဆိုတာ မထုတ်ခင်ထဲက လူတိုင်းယုံကြည်နေကြလို့ဘဲ ဖြစ်ပါတယ်။ Essential PH-1 ရဲ့ အကြောင်းကို စတင်လေ့လာကြည့်ရအောင်။ ၁။ Hardware Specification Processor အပိုင်းက စကြည့်မယ်ဆိုရင် Snapdragon 835… Continue reading Android ရဲ့ ဖခင်ကြီး Andy Rubin ထုတ်လုပ်တဲ့ Essential စမတ်ဖုန်း

ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်း သို့မဟုတ် Gionee S10

စမတ်ဖုန်းတွေစထွက်တုန်းက ကျောဘက်ကင်မရာလောက်ဘဲ တပ်ဆင်ပေးထားရာကနေ နောက်ပိုင်းမှာ selfie ကင်မရာပါ တပ်ဆင်ပေးလာပါတယ်။ ဒီထက်ပိုမြင့်လာတော့ ကျောဘက်ကင်မရာကို ကင်မရာနှစ်လုံး ( Dual Camera) တပ်ဆင်ပေးလာပြီး ကင်မရာအသားပေး စမတ်ဖုန်းတွေ အဖြစ် Apple, Samsung, Xiaomi နဲ့အခြားသော စမတ်ဖုန်း ကုမ္ပဏီများက နေရာယူလာကြပါတယ်။ ဒါပေမယ့် ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကိုတော့ ဘယ်သူမှ မတွေ့ဖူးကြသလို အားလုံးက လက်ရှိမှာ Dual Camera လောက်ကိုဘဲ ဂရုစိုက်နေချိန်ဖြစ်မှာ Gionee က S10 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ထူးခြားချက်အနေနဲ့ ကင်မရာ ၄ လုံး ပါလာတဲ့ ကမ္ဘာ့ပထမဆုံး Android စမတ်ဖုန်းတစ်လုံး ဖြစ်လာတာပါဘဲ။ Gionee ဟာ အတော်အသင့် နာမည်ရထားတဲ့… Continue reading ကမ္ဘာ့ပထမဆုံး ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်း သို့မဟုတ် Gionee S10

Xiaomi Mi 6 Ceramic Edition စတင်ရောင်းချပြီ

Xiaomi Mi 6 ကို Ceramic Edition အနေနဲ့ စတင်ရောင်းချပြီ ဖြစ်ကြောင်း သိရှိရသည်။ Ceramic Edition မှာ ပိုမိုအကြမ်းခံနိုင်ပြီး ဖုန်းကိုယ်ထည်အား ကြွေသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၄၃၅ ဖြင့် စတင်ရောင်းချခြင်း ဖြစ်ပြီး မြန်မာကျပ်ငွေအဖြစ် 6သိန်းဝန်းကျင်ခန့် တန်ဖိုးရှိသည်။ သို့ရာတွင် မြန်မာပြည်သို့ အရောက် ဈေးဖြင့် တွက်လျှင် ၆၅၀၀၀၀ ဝန်းကျင်အထိ မြင့်တက်နိုင်သည်။ Xiaomi Mi 6 Ceramic Edition တွင် ကင်မရာ နှစ်လုံးကို ၁၈ ကာရက် ရွှေသားစစ်စစ်ဖြင့် ကွပ်ထားပြီး သာမန် Mi 6 စမတ်ဖုန်းထက် ၁၄ ဂရမ်ပိုမိုအလေးချိန်စီးပါတယ်။ Hardware Specification… Continue reading Xiaomi Mi 6 Ceramic Edition စတင်ရောင်းချပြီ