နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေငြာ

သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများသည် မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်တည်းတွင် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦး နှင့် အပြစ်မဲ့ ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြင်းထန်စွာရှုပ်ချလိုက်ပြီး အကြမ်းဖက်မှုတွင် ပါဝင်သူများ၊ ထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ ပူးပေါင်းကြံစဉ်သူများနှင့် အားပေးသူများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။ အကြမ်းဖက်မှုတွင် ပါဝင်သော အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် အကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya… Continue reading နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေငြာ

မောင်တောခရိုင်တွင် အကြမ်းဖက်ဘင်္ဂလီများမှ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်ထဲတွင် ၀င်ရောက်တိုက်ခိုက်

သြဂုတ်လ ၂၅ ရက်၊ မနက် ၁ နာရီတွင် မောင်တောခရိုင်အတွင်း ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တစ်ချိန်ထဲမှာပင် နေရာအများအပြားရှိ ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သားအချို့ ကျဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊… Continue reading မောင်တောခရိုင်တွင် အကြမ်းဖက်ဘင်္ဂလီများမှ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်ထဲတွင် ၀င်ရောက်တိုက်ခိုက်

ဦးဝီရသူမှ အစိုးရအား ဆင်းပေးရန် တောင်းဆို

စနေနေ့တွင် ဦးဝီရသူမှ ထုတ်လွှင့်ခဲ့သည် ၁၁ မိနစ်စာ ဗီဒီယိုအရ NLD အစိုးရအား ဆင်းသွားရန် ပြောဆိုလိုက်ပြီး မဘသ ဆိုင်းဘုတ်ဖြုတ်သိမ်းသည့်ကိစ္စနှင့်ပတ်သတ်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာကအဖွဲ့(မဟန) က မှ မဘသ ဆိုင်းဘုတ်များကို ဇွန်လိုင်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ဖြုတ်ချရန် သတ်မှတ်ပေးထားပြီး ထိုဆိုင်းဘုတ်ဖြုတ်ရသည့်အရေးကိစ္စနှင့် ပတ်သတ်၍ ဦးဝီရသူမှ ‘ NLD အစိုးရ ဆင်းသွားတာ ကောင်းတယ်။ မဘသကို လာမထိနဲ့။ မဘသက အတိုက်အခံ မဟုတ်ဘူး။ အစိုးရက မလုပ်နိုင်တဲ့ အမျိုးဘာသာကို မဘသ က အကာအကွယ်ပေးနေတာ ‘ ဟု ဗီဒီယိုတွင် ပြောကြားခဲ့သည်။ ‘မဘသဟာ ဘာသာ သာသနာကို ကာကွယ်နေတဲ့အဖွဲ့ဖြစ်တယ်။ ဒီကဏ္ဍမှာ အစိုးရက မကျွမ်းကျင်ဘူး။ မဘသကို… Continue reading ဦးဝီရသူမှ အစိုးရအား ဆင်းပေးရန် တောင်းဆို

ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ တောင်းပန်စာလက်ခံရရှိကြောင်း တပ်မတော်မှ ထုတ်ပြန်

၂၀၁၇ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောကြားခဲ့သည့် စကားနှင့်ပတ်သတ်၍ တပ်မတော်အား ပြန်လည်တောင်းပန်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာ အရ သိရှိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာ၏ ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားများ အတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း” ပြောကြားခြင်းနှင့် ပတ်သက်၍ လိုအပ်သလို စိစစ်အရေးယူနိုင်ရန်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော် အစိုးရထံ တင်ပြထားခဲ့ပြီး ဖြစ်ပါသည်။… Continue reading ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ တောင်းပန်စာလက်ခံရရှိကြောင်း တပ်မတော်မှ ထုတ်ပြန်

ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့်သစ်အချောထည်ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူထား

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ရှမ်းပြည်နယ်၊ နောင်ချို မြို့နယ်၊ ဘန့်ဘွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဘန့်ဘွေးကျေးရွာအနီး အိုရီယမ်တယ်တိုးဂိတ်၌ ယာဉ်များရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးဘက်မှ လားရှိုးဘက်သို့ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ စိုင်းစံဝိုး(၂၇)နှစ်မောင်းနှင်လာသည့် ၈ဈ/××××× “ဆုလာဘ်ရွှင်” ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ခန်း ကြမ်းခင်းအံဝှက်အတွင်းမှ ဆာလာအိတ်များဖြင့် ထုပ်ပိုးသယ်ဆောင်လာသော ကျောက်စိမ်းတုံး အသေး(၁၄)ခြမ်း၊ အကြီး(၃)ခြမ်း၊ အလေးချိန်(၂၂၂)ကီလိုခန့်အားလည်းကောင်း၊ စက္ကူဖာများဖြင့် ထည့်သွင်းထားသယ်ဆောင်လာသော တရားမဝင် ပိတောက်သားဖြင့် ပြုလုပ်ထားသည့် ဖရုံသီးပုံ ထမင်းအုပ်ဆိုဒ်စုံ(၂၅)လုံး၊ ပန်းကန်ပြားဆိုဒ်စုံ(၁၀၀)ချပ်၊ ပန်းအိုးဆိုဒ်စုံ(၄၀)လုံး၊ ဆေးလိပ်ခွက် ဆိုဒ်စုံ(၃၇)လုံး၊ ပန်းကန်လုံးဆိုဒ်စုံ(၃၈)လုံး (၀.၄၁၄)တန်၊ တန်ဖိုးငွေ(၁၀၃,၅၀၀)ကျပ်တို့အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းစံဝိုး အား နောင်ချိုမြို့မရဲစခန်း… Continue reading ခရီးသည်တင်ယာဉ်ဖြင့် ကျောက်စိမ်းများနှင့်သစ်အချောထည်ပစ္စည်းမျိုးစုံ သယ်ဆောင်လာသူအား အမှုဖွင့်အရေးယူထား

ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၏တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိနန့်အွန်ကျေးရွာအုပ်စု နမ့်ပေါ် တံတားအနီး၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးခြင်းဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကွတ်ခိုင်ဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် ကျိန်ကွမ်းချိန်(ဘ) ဦးကျိန်ကျားယုံ မောင်းနှင်ပြီး ၀မ်ရွှီဝှေ့(ဘ) ဦးဝမ်ချန်ကျုံးလိုက်ပါလာသည့် မတ်တူးအမျိုးအစား ယာဉ်အမှတ်၊ 7H/—-အား စစ်ဆေးရာ ယာဉ်နောက်ခန်းထိုင်ခုံကြားအံဝှက်အတွင်းမှ တိပ်အကြည်ဖြင့်ပတ်ထားသည့် အထုပ်သုံးထုပ် အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၃၈၆၀ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်၂၀၇ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မူဆယ်မြို့ မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Unicode :ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ… Continue reading ငွေကျပ် ၂၀၇ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်းသူ ၁ ဦးနှင့် မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိ

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းမှစတင်၍ ဘူးသီးတောင်မြို့နယ်ရှိ ကျီးနှုတ် သီးကျေးရွာအတွင်း လှည့်ကင်းဆောင်ရွက်စဉ် ၎င်းကျေးရွာနေ ကာဒေဟူဆောင်း(၅၅)နှစ်သည် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေကြောင်း သတင်းအရ ၎င်း၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့သည်။ အိမ်အတွင်း၌ အလျား(၁၂)ပေ၊ အနံ(၁၂)ပေရှိ အစိမ်းရောင် မိုးကာစ(၆)ခုနှင့် အလျား(၁၈)ပေ၊ အနံ (၁၂)ပေရှိ အပြာရောင်မိုးကာစ(၃)ခုတို့ကိုတွေ့ရှိ၍ ကာဒေဟူဆောင်းအား စစ်ဆေးခဲ့ရာ အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ ယာယီတဲ ဆောက်လုပ်နေထိုင်ရန် မိုးကာစများဝယ်ယူစုဆောင်းခြင်း၊ အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်း ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ဓားဦးချွန်များ ပြုလုပ်ရန် စီစဉ်ခြင်းများပြုလုပ်သူဖြစ်ကြောင်း သိရှိရ၍ တောင်ဘဇာနယ်မြေစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။ ဇူလိုင် ၁၁ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရသေ့တောင်မြို့နယ် ချင်းရွာကျေးရွာအတွင်း လှည့်ကင်း ဆောင်ရွက်စဉ် မသင်္ကာသူ မာမောက်နိုရူ… Continue reading အကြမ်းဖက်သင်တန်းဖွင့်လှစ်ရန် လူစုဆောင်းသူ ၁ ဦးနှင့် မသင်္ကာသူ ၂ ဦးဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏ သဘောထားထုတ်ပြန်ချက်

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့်ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောကြားခဲ့သည့် “ အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ် ” ဆိုသည့်ပြောကြားချက်နှင့်ပတ်သက်၍ တပ်တော်မှ သဘာထားထုတ်ပြန်ချက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စာမျက်နှာမှ အောက်ပါအတိုင်း ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဟူသည် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ကမ္ဘာ့နိုင်ငံတိုင်း၌ ရှိနေရမည်ဖြစ်သော ဆက်ဆံ၊ ဆက်သွယ်ရေးဖြစ်သည်။ အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် အစိုးရနှင့် တပ်မတော်အကြား ဆက်ဆံရေးသာမဟုတ်၊ လူ့အဖွဲ့အစည်းနှင့် ၎င်းလူ့အဖွဲ့အစည်းကို ကာကွယ်ရန်… Continue reading ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားချက်အပေါ် တပ်မတော်၏ သဘောထားထုတ်ပြန်ချက်


၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID နှင့် ပူးပေါင်းကျင်းပခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက် အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ Protocol အရ ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်နှင့် ပုံနှိပ် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသဖြင့် နိုင်ငံတော်မှ လိုအပ်သလို စီစစ်အရေးယူပေးရန် တင်ပြထားကြောင်း သိရှိရသည်။ Unicode :ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့ ရန်ကုန်မြို့တွင် USAID… Continue reading ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြ

အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်

အသက်တစ်ရာ မနေကြရပေမယ့် အမှုတစ်ရာပွေရတဲ့လောကကြီးမှာ အသက်ရေးနဲ့ပတ်သက်လာတဲ့ ဒုက္ခက အင်မတန်မှကြီးလွန်းလှပါတယ်။ ဆေးရုံပေါ်မှာ အရေးပေါ်အသက်လုရတဲ့ အခြေအနေမျိုးကို ကြုံဖူးကြသူတိုင်းသိကြမယ်ထင်ပါတယ်။ ချက်ချင်းသွေးသွင်းရမယ်ဆိုလို့ သွေးရှာရတဲ့ဒုက္ခ၊ ချက်ချင်း အသက်ရှူရခက်ခဲလာလို့ အရေးပေါ်အောက်စီဂျင်ပေးရမယ်ဟေ့ ဆိုတဲ့အခါ အောက်စီဂျင်ဗူးတွေ ချက်ချင်းဘယ်ကရနိုင်မလဲ၊ ဘယ်မှာသွားရှာရမလဲလို့ ခေါင်းခဲတဲ့ကိစ္စ၊ ရနိုင်တဲ့နေရာမှာလည်း လိုအပ်တဲ့ လူနာတွေကထပ်နေတော့ မလုံမလောက်မပြည့်မစုံနဲ့ ဒုက္ခ အဖုံဖုံကြုံရတဲ့ အဖြစ်တွေကတော့ ဒီနိုင်ငံသားတွေအတွက် ရတက်မအေးစရာတွေဖြစ်နေဆဲပါပဲ။ အဲ့လိုအခက်အခဲတွေနဲ့ သောကတွေပြေပျောက်စေဖို့ တစ်တပ်တစ်အားကြိုးစားလှူဒါန်းနေကြတဲ့ အဖွဲ့တစ်ခုကတော့ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့(၁၆၆)လမ်းဒေါင့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနံဘေးမှာတည်ရှိတဲ့ မုဒိတာ အောက်စီဂျင်(လေ) အလှူတော်အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ကြီးကို ၂၀၁၅ ခုနှစ် မေလ(၂၆)ရက်နေ့မှာ အောက်ပါရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့ကြပါတယ်။ (က) လူမျိုး၊ဘာသာ၊အသက်အရွယ်မရွေး ရောဂါဝေဒနာခံစားရပြီး အသက်ရှူရခက်ခဲသည့်ဘေးဒုကမှ သက်သာကင်းလွတ်ခွင့်ရရှိစေရန်။ (ခ) ဘဝ၏နောက်ဆုံးချိန်တွင် ညင်ညင်သာသာဖြင့် ဘဝကူးကောင်းစေရန်။ (ဂ) ဆင်းရဲချမ်းသာမရွေး… Continue reading အရေးပေါ်အသက်ကယ်နိုင်ဖို့ တာမွေမှ မုဒိတာ အောက်စီဂျင် အလှူတော်