အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၃ထပ်တိုက်အဆောက်အအုံပြိုကျ၊ လူ၇ ဦးသေဆုံးပြီး ပိတ်မိနေသူများရှိနေ

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ၃ထပ် တိုက် အဆောက်အအုံပြိုကျမှုကြောင့် လူ၇ ဦးသေဆုံးပြီး ၁၅ ယောက်ကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရပါတယ်။ ဒါ့အပြင် ပြိုကျသွားတဲ့ ၃ထပ်တိုက် အတွင်းမှာ ပိတ်မိနေသူတွေ ရှိသေးတယ်လို့ ထုတ်ပြန်ထားပြီး အသက်ရှင်ကျန်ရစ်မှု ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။ မွန်ဘိုင်းမြို့မှာ တစ်ပတ်အတွင်း ရေကြီးမှုနှုန်းမြင့်တက်လာပြီး ရေလွှမ်းမိုးမှုကြောင့်လည်း တစ်ပတ်အတွင်း လူ ၅ဦးသေဆုံးခဲ့ပါတယ်။ အဆိုပါ ၃ထပ် တိုက်ပြိုကျခြင်းဟာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မိုးကြီးရေလျှံတာကြောင့် ဟုတ် မဟုတ်ဆိုတာကိုတော့ မထုတ်ပြန်ရသေးပါဘူး။ ပြီးခဲ့တဲ့ ဂျူလိုင်လအတွင်းမှာလည်း ၅ ထပ်တိုက် ပြိုကျမှုကြောင့် လူပေါင်းတစ်ဒါဇင် ကျော်ခန့် သေဆုံးခဲ့ရပြီး အမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ တိုက်အိမ်တွေ ပြိုကျမှုဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်နေပြီး ကန်ထရိုက် တိုက်… Continue reading အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့တွင် ၃ထပ်တိုက်အဆောက်အအုံပြိုကျ၊ လူ၇ ဦးသေဆုံးပြီး ပိတ်မိနေသူများရှိနေ

Published
Categorized as News Tagged ,

ဟူစတန်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်၊ ၁၈ ဦးသေဆုံး၊ လူပေါင်း ၁၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၈ ဦးသေဆုံးပြီး စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းတွေက လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာလဲ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး လူပေါင်းများစွာ ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုပမာဏ အလွန်မြင့်မားမှုကြောင့် လူနေအိမ်များ နစ်မြုပ်ခဲ့ရပြီး လူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ ယခုတစ်ခါ ရေလွှမ်းမိုးမှုဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ အကြီးဆုံး ရေလွှမ်းမိုးမှုလည်း ဖြစ်ပါတယ်။ မိုးရေချိန် လက်မ ၂၀ ကနေ လက်မ ၅၀ အထိ မြင့်တက်သွားခဲ့ပြီး လမ်းများမှာလဲ ရေလွှမ်းမိုးမှုကြောင့် နှစ်မြုပ်ခဲ့ပြီး လေယာဉ်ကွင်းများပါ နစ်မြုပ်မှုအထိ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် ၄၈ နာရီအတွင်း မိုးရေချိန် ထပ်မံမြင့်တက်ဖွယ်ရှိပြီး… Continue reading ဟူစတန်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်၊ ၁၈ ဦးသေဆုံး၊ လူပေါင်း ၁၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်

ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်လောက်မှ မြောက်ကိုးရီးယားက ဂျပန်နိုင်ငံသို့ ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ခိုင်ခံ့တဲ့ အဆောက်အဦးနဲ့ မြေအောက်အဆောက်အဦးတွေမှာ ယာယီတိမ်းရှောင်နေဖို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ပိုင် ရေနက်ဆိပ်ကမ်းကို ဖြတ်ကျော်ပြီး ကောင်းကင်မှာဘဲ ပျက်ကျသွားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ တပ်ဆင်ထားတဲ့ ဒုံးခွင်းစနစ်တွေနဲ့လည်း ပြန်လည် ပစ်ခတ်ခြင်း ပြုစရာ မလိုဘဲ သူ့အလိုလို ပျက်ကျသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒုံးကျည်ပျက်ကျထားတဲ့ အစအနကို မတွေ့ရသေးပါဘူး။ အကယ်၍များ တစ်ခုခုတွေ့ရှိခဲ့ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုးရီးယားပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကောင်းကင်မှာ ၁၅ မိနစ်ခန့် ပျံသန်းပြီး ပစိတ်ဖိတ်သမုဒ္ဒရာထဲသို့ ၃ပိုင်းကွဲပြီး ပျက်ကျသွားခြင်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်… Continue reading မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်

အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်

ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟာ ရပ်တန့်သွားသော်လည်း လက်ရှိမှာ တက္ကဆက်ပြည်နယ်မှာ ရေလွှမ်းမိုးမှုဖြစ်နေဆဲပါဘဲ။ ပြည်နယ်တစ်ခုလုံး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ရေမြုပ်လျက်ရှိပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ မိုးရေချိန် လက်မ ၅၀ ကျော်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိသေးကြောင်း မိုးလေ၀သဌာနမှ ထုတ်ပြန်ထားပါတယ်။ အပူပိုင်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာပြီး ယခင်က တက္ကဆက်ပြည်နယ်မှာ နေအိမ်မြုပ်လောက်တဲ့အထိ ရေကြီးတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။ Dallas မြို့တောင်ဘက်မှာ တည်ဆောက်ထားတဲ့ Mega Shelter ရဲ့ သက်ရောက်မှု ကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ်မှာ ရေကြီးမှုကြောင့် ၂ ဦးသေဆုံးပြီး တစ်ညထဲနဲ့ လူပေါင်း ၁၀၀၀ ကျော်ခန့်ကို ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့များနဲ့ အမေရိကန်စစ်တပ်များကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေလို့… Continue reading အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်

နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အစွန်းရောက်. အကြမ်းဖက် ဘင်္ဂလီ အင်အား ၈၀၀ ခန့်မှ တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နွားရုံတောင်နှင့် သီဟိုဠ်ကျွန်းကားလမ်းပေါ်၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းများထောင်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းစဉ် သြဂုတ် ၂၆ ရက် နံနက် ၉ နာရီတွင် သီဟိုဠ်ကျွန်းတောင်ဘက် မီတာ ၁၀၀ ခန့်အကွာသို့ အရောက်၌ အင်အား ၁၅ ဦးခန့်က မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်း၏ အရှေ့ဘက် သို့ ဆုတ်ခွာသွားခဲ့သည်။ ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းက အကြမ်းဖက်သမားများ ဆုတ်ခွာ ရာနောက်သို့ လိုက်လံရှင်းလင်းရာ သီဟိုဠ်ကျွန်းဈေးအနောက်ဘက်မှ လက်နက်ငယ် များဖြင့် ပတ်ခတ်ခြင်း၊ ရှော့တိုက်မိုင်း ၅ လုံးဖြင့် ပိတ်ဆို့ဟန့်တားခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်နေစဉ် ကားလမ်း၏ ၀ဲဘက်နှင့် ယာဘက်တို့မှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား ၈၀၀ ဦးခန့်က လက်နက်ငယ်များ၊… Continue reading နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အစွန်းရောက်. အကြမ်းဖက် ဘင်္ဂလီ အင်အား ၈၀၀ ခန့်မှ တိုက်ခိုက်

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ စစ်ရေးလေ့ကျင့်မည့်ရေပြင်ပေါ်သို့ မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်

အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ စစ်ရေးပူးတွဲလေ့ကျင့်မည့် ရေပြင်ပေါ်သို့ မြောက်ကိုးရီးယားမှ ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယားတိုက်ပွဲ အသွင်ကို ဦးတည်နေကြောင်း မြောက်ကိုးရီးယားမှ ထုတ်ပြန်လိုက်ပြီး စစ်ရေးလေ့ကျင့်ရာ ရေပြင်ပေါ်သို့ ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပစိဖိတ်ဒေသ စစ်ဌာနချုပ်မှ ပြောရေးဆိုရေးရသူ တစ်ဦးက ” ပထမ နဲ့ တတိယမြောက် ဒုံးကျည်က လေထဲမှာတင် ပျက်သွားတယ်၊ ဒုတိယမြောက် ဒုံးကျည်ကတော့ ရုတ်တရက် ပေါက်ကွဲသွားတယ် ” ဟုပြောခဲ့သည်။ ” မြောက်ကိုးရီးယားတွေရဲ့ တာတို ဒုံးကျည်တွေဟာ အလုပ်မဖြစ်ဘူး၊ ဂူအန်းနဲ့ မြောက်အမေရိကန်ကိုတောင် ရောက်မှာ မဟုတ်ဘူး ” ဟု ပြောခဲ့သည်။ အမေရိကန်မှ ထိုကဲ့သို့ မှတ်ချက်ပေးခဲ့သော်လည်း… Continue reading အမေရိကန်နှင့် တောင်ကိုးရီးယားတို့ စစ်ရေးလေ့ကျင့်မည့်ရေပြင်ပေါ်သို့ မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်

နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေငြာ

သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်တွင် အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများသည် မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်တည်းတွင် ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ဦး နှင့် အပြစ်မဲ့ ပြည်သူအများအပြား ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြင်းထန်စွာရှုပ်ချလိုက်ပြီး အကြမ်းဖက်မှုတွင် ပါဝင်သူများ၊ ထောက်ပံ့သူများ၊ စီစဉ်ဆောင်ရွက်သူများ၊ ပူးပေါင်းကြံစဉ်သူများနှင့် အားပေးသူများကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ကြေငြာလိုက်သည်။ အကြမ်းဖက်မှုတွင် ပါဝင်သော အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် အကြမ်းဖက်သမားများအတွက် တာဝန်ရှိသော Arakan Rohingya… Continue reading နိုင်ငံတော်သမ္မတရုံးစာမျက်နှာမှ အစွန်းရောက် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေငြာ

မောင်တောခရိုင်တွင် အကြမ်းဖက်ဘင်္ဂလီများမှ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်ထဲတွင် ၀င်ရောက်တိုက်ခိုက်

သြဂုတ်လ ၂၅ ရက်၊ မနက် ၁ နာရီတွင် မောင်တောခရိုင်အတွင်း ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တစ်ချိန်ထဲမှာပင် နေရာအများအပြားရှိ ရဲကင်းနှင့် ရဲစခန်းများအား အကြမ်းဖက် ဘင်္ဂလီများမှ ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဝင်များမှ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်သားအချို့ ကျဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ခဲ့သည်။ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊… Continue reading မောင်တောခရိုင်တွင် အကြမ်းဖက်ဘင်္ဂလီများမှ ရဲကင်းနှင့် ရဲစခန်းများကို တစ်ချိန်ထဲတွင် ၀င်ရောက်တိုက်ခိုက်

အမေရိကန်နှင့် မြောက်ကိုးရီးယား စစ်ရေးတင်းမာမှု အခြေအနေကြောင့် ရုရှားမှ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေ

ဧပြီလ ထဲကစပြီး အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးတင်းမာမှု အခြေအနေဟာ တစ်ဖြည်းဖြည်းနဲ့ တင်းမာလာပြီး အမြင့်ဆုံးတင်းမာမှု အခြေအနေရောက်ရှိနေပြီ ဖြစ်တယ်လို့ ရုရှားက သတိပေးလိုက်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အမြင်မတူတာတွေကို ညှိနှိုင်းမှသာလျှင် ပြဿနာကြီးကြီးမားမား မဖြစ်စေမှာပါလို့ ရုရှားက ပြောလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ ” ဒီကိစ္စအတွက် တရုတ်မှာ အဖြေရှိမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ တင်းမာမှု အမြင့်ဆုံး အခြေအနေရောက်ရှိနေပါပြီ။ ရုရှားကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ မခန့်မှန်းချင်ပါဘူး။ အကယ်၍များ တစ်ခုခုဖြစ်လာပြီဆိုရင်တော့ ဒါကို တားဆီးဖို့ကြိုးစားရပါမယ် ” လို့ ပြောခဲ့ပါတယ်။ တစ်ဆက်ထဲမှာဘဲ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ” တရုတ်နဲ့ရုရှားတို့ ပူးပေါင်းရေးဆွဲထားတဲ့ အစီအစဉ်ထဲကို အမေရိကန်နဲ့ မြောက်ကိုးရီးယား ပါဝင်ခဲ့မယ်ဆိုရင် အမေရိကန်အနေဲ့ မြောက်ကိုးရီးယားရဲ့ နျူကလီးယားဒုံးကျည် စမ်းသပ်မှုကို… Continue reading အမေရိကန်နှင့် မြောက်ကိုးရီးယား စစ်ရေးတင်းမာမှု အခြေအနေကြောင့် ရုရှားမှ အရာအားလုံးအတွက် အဆင်သင့်ဖြစ်နေ

ယီမင် နိုင်ငံတွင် ကာလ၀မ်းရောဂါကို ကလေးငယ်ပေါင်း ၁သန်းခန့်ခံစားနေရ

ယီမင် ရှိ သန်းနဲ့ ချီ တဲ့ ကလေးငယ်တွေဟာ သေဆုံးနိုင်ခြေ ရှိတဲ့ ကာလ၀မ်းရောဂါဖြစ်ပွား မှု တွေခံစားနေရတယ်လို့ Save the Children အဖွဲ့ ကပြောပါတယ်။ လူသားချင်းကူ ညီပေးရေးအဖွဲ့က ခရိုင်တွေက က ကောက်ထားတဲ့ စိစစ်ချက် ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ နေရာမှာ နေထိုင်ကြတဲ့ တစ်သန်း ကျော်ကျော် လောက် ရှိတဲ့ငါးနှစ်အောက် ကလေး တွေ ဟာ ဆိုရင် ရောဂါကူးစက်နှုန်းပိုများ တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်ကျော်က က ဆော်ဒီ ဦးဆောင်တဲ့ ညွန့် ပေါင်း အဖွဲ့ အစည်း နဲ့ ဟိုသီ သူပုန်တွေ ကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခ ကြောင့် သန်းပေါင်းများစွာသော လူတွေ… Continue reading ယီမင် နိုင်ငံတွင် ကာလ၀မ်းရောဂါကို ကလေးငယ်ပေါင်း ၁သန်းခန့်ခံစားနေရ

Published
Categorized as News Tagged