ဘင်္ဂလီ အရေးကိစ္စကို ဆန့်ကျင်နေပါက မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထုတ်ပယ်ရန် NGO အဖွဲ့အစည်းမှ မလေးအစိုးရအား တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အစွန်းရောက် အကြမ်းဖက် ဘင်္ဂလီအရေးကိစ္စနှင့်ပတ်သတ်၍ မွတ်စလင် NGO အဖွဲ့အစည်းတစ်ခုမှ မလေးရှားအစိုးရအား တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ (သူတို့အခေါ်-ရိုဟင်ဂျာ) အကြမ်းဖက်များကို ဆန့်ကျင်တိုက်ခိုက်နေသည့် လှုပ်ရှားဆောင်ရွက်ချက်များကို ဆက်လက်ဆောင်ရွက်နေပါက မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထုတ်ပယ်ရန် အဆိုပါ NGO အဖွဲ့အစည်းတစ်ခုမှ မလေးရှား အစိုးရအား တင်ပြခဲ့သည်။ မလေးရှား အစ္စလာမ်အဖွဲ့အစည်းများ၏ အတိုင်ပင်ခံကောင်စီမှ ” ဒီလို ရက်စက်ယုတ်မာမှုမျိုးကို ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး ” ဟု ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့တွင် မလေးရှားပြည်သူများ စုရုံးဆန္ဒပြနေကြပြီး မလေးရှား အစ္စလာမ်အဖွဲ့အစည်း ဥက္ကဌ Mohd Azmi Abdul Hamid  မှ ” မြန်မာနိုင်ငံသားတွေ ဒီမှာ အလုပ်လုပ်စရာမလိုဘူး၊ အိမ်ပြန်တော့၊… Continue reading ဘင်္ဂလီ အရေးကိစ္စကို ဆန့်ကျင်နေပါက မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထုတ်ပယ်ရန် NGO အဖွဲ့အစည်းမှ မလေးအစိုးရအား တိုက်တွန်း

Published
Categorized as News Tagged

မြောက်ကိုးရီးယား၏ နောက်ထပ်ပစ်မှတ်သည် ဂူအန်းဖြစ်လာလိမ့်မည်ဟု ထုတ်ပြန်

သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆နာရီဝန်းကျင်ခန့်က မြောက်ကိုးရီးယားမှ ဂျပန်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ခြင်းသည် နိဒါန်းပျိုးခြင်းသာ ဖြစ်တယ်လို့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ထုတ်ပြန်လိုက်ပါတယ်။ ဂျပန်ကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ပစိတ်ဖိတ်သမုဒ္ဒရာထဲသို့ ၃ပိုင်းပျက်ကျသွားပြီး ဂျပန်နိုင်ငံမှ ဒုံးခွင်းစနစ်များရဲ့ ပစ်ခတ်ခြင်းကြောင့် မဟုတ်ဘဲ သူ့အလိုလို ပျက်ကျသွားတာ ဖြစ်ပါတယ်။ ” အင်္ဂါနေ့ နံနက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ မြောက်ကိုးရီးယားရဲ့ ပစိတ်ဖိတ်ဒေသတွင်း ပထမဆုံး ခြေလှမ်းတစ်ခုဖြစ်ပြီး အမေရိကန်ပိုင် ဂူအန်းကျွန်းကို ပစ်လွှတ်မယ့် ဒုံးကျည်ရဲ့ နိဒါန်းတစ်ခုလည်း ဖြစ်ပါတယ် ” ဟု ထုတ်ပြန်ခဲ့သည်။ မြောက်ကိုးရီးယားရဲ့ ပစိဖိတ်ဒေသတွင်း လှမ်းမယ့် ခြေလှမ်းလို့ ထုတ်ပြန်ထားတာကြောင့် မကြာမှီအချိန်အတွင်းမှာ မြောက်ကိုးရီးယားဟာ ဒုံးကျည်တွေကို ဆက်တိုက်ထုတ်လုပ်မှာ ဖြစ်ပြီး… Continue reading မြောက်ကိုးရီးယား၏ နောက်ထပ်ပစ်မှတ်သည် ဂူအန်းဖြစ်လာလိမ့်မည်ဟု ထုတ်ပြန်

Published
Categorized as News Tagged

မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်

ယနေ့ နံနက် ၆နာရီဝန်းကျင်ခန့်လောက်မှ မြောက်ကိုးရီးယားက ဂျပန်နိုင်ငံသို့ ဒုံးကျည်တစ်စင်းပစ်လွှတ်လိုက်ကြောင်း ဂျပန်နိုင်ငံမှ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ခိုင်ခံ့တဲ့ အဆောက်အဦးနဲ့ မြေအောက်အဆောက်အဦးတွေမှာ ယာယီတိမ်းရှောင်နေဖို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ဂျပန်ပိုင် ရေနက်ဆိပ်ကမ်းကို ဖြတ်ကျော်ပြီး ကောင်းကင်မှာဘဲ ပျက်ကျသွားတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံမှာ တပ်ဆင်ထားတဲ့ ဒုံးခွင်းစနစ်တွေနဲ့လည်း ပြန်လည် ပစ်ခတ်ခြင်း ပြုစရာ မလိုဘဲ သူ့အလိုလို ပျက်ကျသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒုံးကျည်ပျက်ကျထားတဲ့ အစအနကို မတွေ့ရသေးပါဘူး။ အကယ်၍များ တစ်ခုခုတွေ့ရှိခဲ့ရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အသိပေးအကြောင်းကြားဖို့ ထုတ်ပြန်ထားပါတယ်။ မြောက်ကိုးရီးယားပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ကောင်းကင်မှာ ၁၅ မိနစ်ခန့် ပျံသန်းပြီး ပစိတ်ဖိတ်သမုဒ္ဒရာထဲသို့ ၃ပိုင်းကွဲပြီး ပျက်ကျသွားခြင်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်… Continue reading မြောက်ကိုးရီးယားမှ ဂျပန်နိုင်ငံဘက်သို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်

နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အစွန်းရောက်. အကြမ်းဖက် ဘင်္ဂလီ အင်အား ၈၀၀ ခန့်မှ တိုက်ခိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နွားရုံတောင်နှင့် သီဟိုဠ်ကျွန်းကားလမ်းပေါ်၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းများထောင်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းစဉ် သြဂုတ် ၂၆ ရက် နံနက် ၉ နာရီတွင် သီဟိုဠ်ကျွန်းတောင်ဘက် မီတာ ၁၀၀ ခန့်အကွာသို့ အရောက်၌ အင်အား ၁၅ ဦးခန့်က မိုင်းထောင်နေသည်ကို တွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားလမ်း၏ အရှေ့ဘက် သို့ ဆုတ်ခွာသွားခဲ့သည်။ ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းက အကြမ်းဖက်သမားများ ဆုတ်ခွာ ရာနောက်သို့ လိုက်လံရှင်းလင်းရာ သီဟိုဠ်ကျွန်းဈေးအနောက်ဘက်မှ လက်နက်ငယ် များဖြင့် ပတ်ခတ်ခြင်း၊ ရှော့တိုက်မိုင်း ၅ လုံးဖြင့် ပိတ်ဆို့ဟန့်တားခြင်းများ ပြုလုပ်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်နေစဉ် ကားလမ်း၏ ၀ဲဘက်နှင့် ယာဘက်တို့မှ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား ၈၀၀ ဦးခန့်က လက်နက်ငယ်များ၊… Continue reading နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား အစွန်းရောက်. အကြမ်းဖက် ဘင်္ဂလီ အင်အား ၈၀၀ ခန့်မှ တိုက်ခိုက်

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ စစ်ရေးလေ့ကျင့်မည့်ရေပြင်ပေါ်သို့ မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်

အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ စစ်ရေးပူးတွဲလေ့ကျင့်မည့် ရေပြင်ပေါ်သို့ မြောက်ကိုးရီးယားမှ ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်နှင့် တောင်ကိုးရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုဟာ နျူကလီးယားတိုက်ပွဲ အသွင်ကို ဦးတည်နေကြောင်း မြောက်ကိုးရီးယားမှ ထုတ်ပြန်လိုက်ပြီး စစ်ရေးလေ့ကျင့်ရာ ရေပြင်ပေါ်သို့ ဒုံးကျည် ၃ စင်း ပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပစိဖိတ်ဒေသ စစ်ဌာနချုပ်မှ ပြောရေးဆိုရေးရသူ တစ်ဦးက ” ပထမ နဲ့ တတိယမြောက် ဒုံးကျည်က လေထဲမှာတင် ပျက်သွားတယ်၊ ဒုတိယမြောက် ဒုံးကျည်ကတော့ ရုတ်တရက် ပေါက်ကွဲသွားတယ် ” ဟုပြောခဲ့သည်။ ” မြောက်ကိုးရီးယားတွေရဲ့ တာတို ဒုံးကျည်တွေဟာ အလုပ်မဖြစ်ဘူး၊ ဂူအန်းနဲ့ မြောက်အမေရိကန်ကိုတောင် ရောက်မှာ မဟုတ်ဘူး ” ဟု ပြောခဲ့သည်။ အမေရိကန်မှ ထိုကဲ့သို့ မှတ်ချက်ပေးခဲ့သော်လည်း… Continue reading အမေရိကန်နှင့် တောင်ကိုးရီးယားတို့ စစ်ရေးလေ့ကျင့်မည့်ရေပြင်ပေါ်သို့ မြောက်ကိုးရီးယား ဒုံးကျည်ပစ်လွှတ်

အာဖကန်နယ်မြေကို သချိုင်းမြေအထိ ဖြစ်အောင် တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

အာဖကန်နစ္စတန်ဟာ လက်ရှိအချိန်ထိ ငြိမ်းချမ်းမှုမရသေးဘဲ စစ်မက်တွေ ဖြစ်ပွားနေတုန်းပါဘဲ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ” ငါတို့ အနိုင်ရအောင် တိုက်သွားမယ် ” ဟု ပြောခဲ့သည်။ အာဖကန်နယ်မြေပေါ်သို့ အမေရိကန်စစ်သားများထပ်မံပို့ဆောင်ထားပြီး ” အမေရိကန်တွေအနေနဲ့ ခေတ်အဆက်ဆက် မပြီးဆုံးသေးတဲ့ တိုက်ပွဲရှည်ကြီးကို အဆုံးသတ်တော့မှာပါ။ အမေရိကန်တို့ရဲ့ အစီအစဉ်တွေကို အမေရိကန် ရန်သူတွေ ဘယ်တော့မှ မသိစေရဘူး၊ အမေရိကန်တွေ ဘယ်ချိန်မှာ အာဖကန်ကို တိုက်မလဲဆိုတာ ဘယ်တော့မှ စတင်ပြောဆိုမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သေချာပေါက်တော့ တိုက်မှာ ဖြစ်ပါတယ် ” လို့ သမ္မတ ထရမ့်က မိန့်ခွန်းပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်သည့်အချိန်တွင် အာဖကန်ရှိ အမေရိကန်စစ်တပ်အား ပြန်လည်ရုတ်သိမ်းခဲ့ပြီး ထိုကဲ့သို့ ရုတ်သိမ်းမှုကြောင့် အာဖကန် သူပုန်တို့အတွက် ပုန်းခိုရန်… Continue reading အာဖကန်နယ်မြေကို သချိုင်းမြေအထိ ဖြစ်အောင် တိုက်ခိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

Published
Categorized as News Tagged

အမေရိကန်နှင့် တောင်ကိုးရီးယား အတူပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားမှ ပြင်းထန်စွာ သတိပေး

အမေရိကန်နဲ့ တောင်ကိုးရီးယားတို့ရဲ့ ပူးတွဲစစ်ဆင်ရေး လေ့ကျင့်မှုဟာ စစ်ပွဲဖြစ်စေဖို့ တွန်းအားပေးနေတာ ဖြစ်တယ်လို့ မြောက်ကိုးရီးယားမှ ထုတ်ပြန်လိုက်ပါတယ်။ ကိုးရီးယားကျွန်းဆွယ်မှာ အမေရိကန်တွေရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ဘယ်လိုမှ နောက်ပြန်လှည့်လို့မရတဲ့ နျူကလီးယားစစ်ပွဲကို ဦးတည်နေတယ်လို့ မြောက်ကိုးရီးယားမှ ပြောလိုက်လိုက်ပါတယ်။ မြောက်ကိုးရီးယားဟာ အမေရိကန်ပိုင် ဂူအန်းကျွန်းသာမက ဟာဝိုင်အီကျွန်းနဲ့ အမေရိကန်ပြည်ထောင်စုအထိကို အချိန်မရွေးပစ်ခတ်တိုက်ခိုက် နိုင်နေပြီဆိုတာ သိထားသင့်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားအနေနဲ့ ကရုဏာကင်းမဲ့စွာနဲ့ တုံ့ပြန်ရမည်ဖြစ်ကြောင်း KCNA သတင်းစာမှ ထုတ်ပြန်လိုက်သည်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ” အမေရိကန်တွေရဲ့ မိုက်မဲတဲ့ လုပ်ရပ်တွေကို ခဏလောက်စောင့်ကြည့်အုံးမယ် ” ဟု ပြောခဲ့သည်။ တောင်ကိုးရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အချိန် ၁၀ ရက် တိတိ သတ်မှတ်ထားပြီး မြောက်ကိုးရီးယားအနေဖြင့် ထို စစ်ရေးလေ့ကျင့်မှုကို ထပ်မံသတိပေးလိုက်ခြင်း… Continue reading အမေရိကန်နှင့် တောင်ကိုးရီးယား အတူပူးတွဲ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားမှ ပြင်းထန်စွာ သတိပေး

Published
Categorized as News Tagged

အမေရိကန် စပိုင်လေယာဉ်မှ မြောက်ကိုးရီးယားနယ်မြေအနီးသို့ နီးကပ်စွာပျံသန်း၍ ထောက်လှမ်းမှုများ ပြုလုပ်

မြောက်ကိုးရီးယားမှ အမေရိကန်ပိုင် ဂူအန်းသို့ ပစ်ခတ်မည့်အစီအစဉ်ဆိုင်းငံ့လိုက်၍ နှစ်နိုင်ငံ တင်းမာမှု အနည်းငယ် လေျာ့သွားသော်လည်း တင်းမာမှုများမှာ ဆက်လက်၍ တည်ရှိနေဆဲပင်ဖြစ်သည်။ အမေရိကန် စပိုင်လေယာဉ်မှ အချင်းပွားမှုများ မြင့်တက်နေသည့် ကိုးရီးယားကျွန်းဆွယ်အပေါ်မှ မြောက်ကိုးရီးယား၏ လှုပ်ရှားမှုများကို ထောက်လှမ်း၍ သတင်းအချက်အလက်များကို ပေးပို့နေကြောင်း သိရှိရသည်။ အဆိုပါ စပိုင်လေယာဉ်မှာ တောင်ကိုးရီးယားရှိ အမေရိကန်စစ်ဦးစီးချုပ်ရုံးသို့ အချက်အလက်များ ပို့ဆောင်ပေးနေခြင်း ဖြစ်ပြီး ပင်လယ်ရေပြင် အမြင့်ပေ ၇ သောင်းအထက်မှ နေ၍ မြောက်ကိုးရီးယား၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေခြင်း ဖြစ်သည်။ Dragon Lady ဟု အမည်ရသည့် စပိုင်လေယာဉ်အမျိုးအစားသည် အမေရိကန်၏ ထိပ်တန်းထောက်လှမ်းရေး အဆင့်မြင့် လေယာဉ်အမျိုးအစားတစ်ခု ဖြစ်သည်။ သာမန် လေယာဉ်များထက် အမြင့်ပေပိုမိုပျံသန်းနိုင်ပြီး အဆင့်မြင့်နည်းပညာများနှင့် ဆွဲအားကောင်းသော ကင်မရာများ တပ်ဆင်ထားသည့်… Continue reading အမေရိကန် စပိုင်လေယာဉ်မှ မြောက်ကိုးရီးယားနယ်မြေအနီးသို့ နီးကပ်စွာပျံသန်း၍ ထောက်လှမ်းမှုများ ပြုလုပ်

မြောက်ကိုးရီးယားမှ ဂူအန်းအား တိုက်ခိုက်မည့်အစီအစဉ် ဆိုင်းငံ့လိုက်ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချီးကျူးပြောဆို

မြောက်ကိုးရီးယားမှ အမေရိကန်ပိုင် ဂူအန်းကျွန်းကို တိုက်ခိုက်မယ့်အစီအစဉ် ဆိုင်းငံ့လိုက်တယ်လို့ နိုင်ငံပိုင် သတင်းစာ KCNA မှ တရားဝင်ကြေငြာလိုက်ပြီး ထိုကိစ္စနှင့်ပတ်သတ်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ Twitter စာမျက်နှာမှာ ” ကင်ဂျုံအန်းဟာ အလွန်တစ်ရာမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာဖြစ်ပြီး လိမ္မာပါးနပ်မှုရှိပါတယ်။ အဲ့လိုမှမဟုတ်ရင် ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကပ်ဘေးဆိုက်သွားမှာ ဖြစ်တယ် ” လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် ကိုးရီးယားကျွန်းဆွယ်မှာ စစ်မက်ဖြစ်ပွားမယ့် တင်းမာမှုကြီးကို လျော့ချနိုင်ပြီ ဖြစ်သလို တောင်ကိုးရီးယားအနေနဲ့လည်း အမေရိကန်ရဲ့ တင်းမာတဲ့ လုပ်ရပ်တွေကို လျော့ချနိုင်ဖို့ ကြားထဲကနေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကိုးရီးယားကျွန်းဆွယ်ရဲ့ ကံကြမ္မာကို ကိုးရီးယားတွေကသာ ဆုံးဖြတ်ရမယ်လို့ တောင်ကိုးရီးယားသမ္မတ က… Continue reading မြောက်ကိုးရီးယားမှ ဂူအန်းအား တိုက်ခိုက်မည့်အစီအစဉ် ဆိုင်းငံ့လိုက်ခြင်းကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ချီးကျူးပြောဆို

Published
Categorized as News Tagged

မြောက်ကိုးရီးယားမှ ဂူအန်းကို တိုက်ခိုက်မည့်အစီအစဉ် အဆင်သင့်ဖြစ်သော်လည်း အမေရိကန် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်မည်

မြောက်ကိုးရီးယားဟာ အမေရိကန်ပိုင် ဂူအန်းကျွန်းကို တိုက်ခိုက်မယ့် အစီအစဉ်အတွက် အဆင်သင့်ဖြစ်နေပြီး အမေရိကန် ဘာဆက်လုပ်အုံးမလဲဆိုတာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားကနေ  ဒုံးကျည် ၄ စင်းနဲ့ ဂျပန်နိုင်ငံပေါ်မှာ ဖြတ်ကာ ဂူအန်းကို ပစ်ခတ်မယ့် အစီအစဉ်အတွက် ခေါင်းဆောင် ကင်ဂျုံအန်း က ခေတ္တဆိုင်းငံ့ထားပြီး  ” အမေရိကန်တွေ ဘာဆက်လုပ်အုံးမလဲဆိုတာ ကြည့်အုံးမယ်၊ ကိုးရီးယားကျွန်းဆွယ်ကို အမေရိကန်အနေနဲ့ မထီမဲ့မြင် လုပ်နေမယ်ဆိုရင် မြောက်ကိုးရီးယားက ကြေငြာထားတဲ့အတိုင်း ဆက်လုပ်သွားမှာ ဖြစ်တယ် ” လို့ နိုင်ငံပိုင် သတင်းစာ KCNA ကနေ ထုတ်ပြန်လိုက်ပါတယ်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ” အမေရိကန်အနေနဲ့ ကိုးရီးယားကျွန်းဆွယ်ပေါ်မှာ စစ်ပွဲမဖြစ်အောင် နဲ့ တင်းမာမှုတွေကို လျော့ပါးသွားအောင် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုတော့ လုပ်သင့်တယ် ”… Continue reading မြောက်ကိုးရီးယားမှ ဂူအန်းကို တိုက်ခိုက်မည့်အစီအစဉ် အဆင်သင့်ဖြစ်သော်လည်း အမေရိကန် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်မည်

Published
Categorized as News Tagged