ဟူစတန်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်၊ ၁၈ ဦးသေဆုံး၊ လူပေါင်း ၁၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၈ ဦးသေဆုံးပြီး စစ်တပ်နဲ့ လူမှုအဖွဲ့အစည်းတွေက လူပေါင်း ၁၃၀၀၀ ကျော်ကို အရေးပေါ် ကယ်ဆယ်ခဲ့ရပါတယ်။ ဒါ့အပြင် တက္ကဆက်ပြည်နယ်မှာလဲ ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး လူပေါင်းများစွာ ဒုက္ခရောက်နေကြတာ ဖြစ်ပါတယ်။ ရေလွှမ်းမိုးမှုပမာဏ အလွန်မြင့်မားမှုကြောင့် လူနေအိမ်များ နစ်မြုပ်ခဲ့ရပြီး လူများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်း သိရပါတယ်။ ယခုတစ်ခါ ရေလွှမ်းမိုးမှုဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ အကြီးဆုံး ရေလွှမ်းမိုးမှုလည်း ဖြစ်ပါတယ်။ မိုးရေချိန် လက်မ ၂၀ ကနေ လက်မ ၅၀ အထိ မြင့်တက်သွားခဲ့ပြီး လမ်းများမှာလဲ ရေလွှမ်းမိုးမှုကြောင့် နှစ်မြုပ်ခဲ့ပြီး လေယာဉ်ကွင်းများပါ နစ်မြုပ်မှုအထိ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် ၄၈ နာရီအတွင်း မိုးရေချိန် ထပ်မံမြင့်တက်ဖွယ်ရှိပြီး… Continue reading ဟူစတန်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်၊ ၁၈ ဦးသေဆုံး၊ လူပေါင်း ၁၃၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်

ပြီးခဲ့တဲ့ ရက်ပိုင်းကဖြစ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းဟာ ရပ်တန့်သွားသော်လည်း လက်ရှိမှာ တက္ကဆက်ပြည်နယ်မှာ ရေလွှမ်းမိုးမှုဖြစ်နေဆဲပါဘဲ။ ပြည်နယ်တစ်ခုလုံး ရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ရေမြုပ်လျက်ရှိပြီး လူသေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ မိုးရေချိန် လက်မ ၅၀ ကျော်အထိ ထပ်မံမြင့်တက်လာဖွယ်ရှိသေးကြောင်း မိုးလေ၀သဌာနမှ ထုတ်ပြန်ထားပါတယ်။ အပူပိုင်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာပြီး ယခင်က တက္ကဆက်ပြည်နယ်မှာ နေအိမ်မြုပ်လောက်တဲ့အထိ ရေကြီးတဲ့ ဖြစ်ရပ်မျိုး မရှိခဲ့ပါဘူး။ Dallas မြို့တောင်ဘက်မှာ တည်ဆောက်ထားတဲ့ Mega Shelter ရဲ့ သက်ရောက်မှု ကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ တက္ကဆက်ပြည်နယ်မှာ ရေကြီးမှုကြောင့် ၂ ဦးသေဆုံးပြီး တစ်ညထဲနဲ့ လူပေါင်း ၁၀၀၀ ကျော်ခန့်ကို ကယ်ဆယ်ထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကယ်ဆယ်ရေးအဖွဲ့များနဲ့ အမေရိကန်စစ်တပ်များကို စေလွှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေလို့… Continue reading အပူပိုင်းမုန်တိုင်းကျရောက်မှုကြောင့် တက္ကဆက်ပြည်နယ်တွင် ရေလွှမ်းမိုးမှုဖြစ်

ကာစီနို ကစားဝိုင်းတွေကို ခြိမ်းခြောက်လာတဲ့ ငါးကန်တွေ

ငါးကန်ကနေ Casino ကို ခြိမ်းခြောက်နိုင်သလား။ ဒါက ဟာသတစ်ခုတော့မဟုတ်ဘူးနော်။ Darktrace လုံခြုံရေးအဖွဲ့အစည်းရဲ့ သတင်းပေးပို့ချက်အရ ဟက်ကာတွေဟာ မြောက်အမေရိကမှာ ရှိတဲ့ casino ကအချက်အလက်တွေကို ငါးကန်ကနေတစ်ဆင့် အင်တာနက်ကိုချိတ်ဆက်ပြီး ရယူရန်အတွက် ကြိုးပမ်းခဲ့ကြပါတယ်။ ငါးကန်ထဲမှာ လုံခြုံရေးကာကွယ်တဲ့ စနစ်များထည့်ထားသော်လည်း ထိုမှတစ်ဆင့် လုံခြုံရေးစနစ်ကို ရပ်တန့်နိုင်ကာ ခိုးယူမှုပြုလုပ်ဖို့ကြိုးပမ်းခဲ့ကြပါတယ်။ တစ်စုံတစ်ယောက် ငါးကန်ကို သွယ်တန်းထားတဲ့ Network ကနေ ဖင်လန်နိုင်ငံမှာရှိတဲ့ အချက်အလက်သိမ်းစက်ဆီ ပို့ရန် ကြံစည်ခဲ့သည်ဟုဆိုထားပါတယ်။ အင်တာနက်ချိတ်ဆက်ထားသော ပစ္စည်းများမှာ အသုံးပြုမှုတွင်ကျယ်လာသောကြောင့် ထိုမှတစ်ဆင့် မသမာသူများမှ ချိတ်ဆက်ထားသော Network များကိုအသုံးချ၍ ခိုးယူဖောက်ထွင်းလာကြသည်ဟု Darktrace မှ ဆိုက်ဘာအထူးပြု ဒါရိုက်တာဖြစ်သူ Justin Feir ကပြောကြားခဲ့သည်။ ဒါဟာ အချက်အလက်လုံခြုံရေးကို ခြိမ်းခြောက်လာခြင်း တစ်ခုပါဟုဆိုပါတယ်။ ဒါ့အပြင်… Continue reading ကာစီနို ကစားဝိုင်းတွေကို ခြိမ်းခြောက်လာတဲ့ ငါးကန်တွေ

ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ဥပဒေရေးရာအတွက် ကူညီတုန့်ပြန်ပေးမယ့် DoNotPlay စက်ရုပ်

မှောင်ခို စီးပွားရေး သမားတွေ အတွက် သတိပြုစရာ ဖြစ်လာပါပြီ။ သင်သာတစ်ကယ်လို့ မကောင်းတာ တစ်ခုခု လုပ်ထားမယ်ဆိုရင် တော့ ဒီစက်ရုပ် က သင့် ဆီကို ရောက်လာမှာပါ။ DoNotPay လို့ ခေါ်တဲ့ ဥပဒေအကူ ကိုမွမ်းမံ မှုတွေ ထပ်လုပ်ထားပြီး  နယ်ပယ်တစ်ထောင်လောက် ရှိတဲ့ ဥပဒေနဲ့ ပတ်သက် တဲ့ ဖြေရှင်း စရာကိစ္စ ရပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးသွားမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး အသက်ဝင်လာပြီဖြစ်ရာ သုံးစွဲ သူတွေကို ကာကွယ်ပေးသွား မှာဖြစ်ပြီး အလုပ်အကိုင် နဲ့ ပတ်သက်ပြီး  ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေအတွက်လည်း ကူညီပေးသွားမှာပါ။ အဆိုပါ စက်ရုပ်ကို UK နဲ့ အခြားပြည်နယ် ၅၀ မှာ အသုံးပြုလို့… Continue reading ပိုက်ဆံမတတ်နိုင်တဲ့သူတွေကို ဥပဒေရေးရာအတွက် ကူညီတုန့်ပြန်ပေးမယ့် DoNotPlay စက်ရုပ်

မက္ကဆီကိုနိုင်ငံတွင် အကျဉ်းသားများ အုပ်စုလိုက်ရန်ဖြစ်၊ အကျဉ်းသား၂၈ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ၊ Guerreo ပြည်နယ်၏ အကြီးဆုံးမြို့တော်ဖြစ်သော Acapulco မြို့ဟာ ခရမ်းရောင် နယ်မြေအဖြစ်သတ်မှတ်ခြင်း ခံထားရသောသည့်အပြင် မူးယစ်ဆေးထုတ်လုပ်နေသော အဓိက အကြီးဆုံးမြို့တစ်မြို့လည်းဖြစ်ပါတယ်။ အဆိုပါ Acapulco မြို့ရှိ အကျဉ်းထောင်ထဲတွင် ပြိုက်ဖက် ဂိုဏ်းအချင်းချင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ သဖြင့် အကျဉ်းသား ၂၃ဦး သေဆုံးသွားပြီး ၃ဦးဒဏ်ရာရရှိကာ ခေါင်းဖြတ်ခံရတဲ့ အကျဉ်းသားများလည်းရှိခဲ့တယ်လို့ လုံခြုံရေးရဲများ၏ ပြောပြချက်အရသိရပါတယ်။ ဒါဟာ မက္ကဆီကိုရဲ့ သမိုင်းမှာ ၂၀၁၇ခုနှစ်အတွက် အကြီးမားဆုံး ထောင်ဆူပူမှုတစ်ခု လို့ဆိုရမှာဖြစ်ပါတယ်။ မက္ကဆီကိုမြို့တွင် ဒုစရိုက်မှုတွေဟာ ယုတ်လျော့သွားခြင်းမရှိပဲ တိုးမြဲတိုးပွားလာတာဖြစ်ပါတယ်။ အစိုးရ၏ စစ်တမ်းများအရ ၁၉၉၇ခုနှစ် မေလ အထိတွင် လူသတ်မှုပေါင်း ၂၁၈၆မှုသာရှိခဲ့သာဖြစ်ပြီး ၂၀၀၆ခုနှစ် ဒီဇင်ဘာလမှ ယခု ၂၀၁၇ မေလအထိမှာတော့ လူသတ်မှုပေါင်း ၁၈၈၅၆၇ မှုအထိရှိလာကြောင်းသိရပါတယ်။ Zawgyi… Continue reading မက္ကဆီကိုနိုင်ငံတွင် အကျဉ်းသားများ အုပ်စုလိုက်ရန်ဖြစ်၊ အကျဉ်းသား၂၈ဦးသေဆုံး

Carolina မြောက်ဘက်တွင် လှပသောသဲကျွန်းတစ်ခုပေါ်လာ

ကမ္ဘာလှည့်ခရီးသည်တွေအတွက် သွားစရာနေရာကလေးတစ်ခုပေါ်လာပါပြီ။ Carolina မြောက်ပိုင်းရှိ Cape Hatteras အမျိုးသားကမ်းခြေ အနီးရှိ သမုဒ္ဒရာထဲမှာ သဲတောင်ပြင်ကျွန်းကလေးတစ်ခုဟာ ဇွန်လ၁၇ရက် ညအချိန်တွင် ပေါ်ပေါက်လာပါတယ်။ အဲဒီသဲကျွန်းကလေးရဲ့ အမည်ကိုတော့ Shelly လို့သွားရောက်ခဲ့သူက အမည်ပေးထားတာဖြစ်ပါတယ်။ ဒီကျွန်းကလေးဟာ ပင်လယ်ဘက်မှာသေးသွယ်ပြီး ကုန်းမြေမကြီးဘက်ကို ကျယ်သွားတဲ့ပုံသဏ္ဍာန်ရှိပါတယ်။ အဆိုပါကျွန်းကလေးပေါ်မှာ ခရုကောက်လို့ အရမ်းကောင်းပါတယ်လို့လဲ သွားရောက်ခဲ့သူ Chad Koczera က ပြောပါတယ်။ ကမ်းခြေရှိရဲမှူး Dave Haliac ပြောတာကတော့ အဆိုပါကျွန်းဟာ ကမ်းခြေမီးပြတိုက်ကနေ တစ်မိုင်လောက် အကွာအဝေးတွင်ရှိပြီး ရေကူးသွားဖို့ကို ကန့်သတ်ထားပါတယ်။ ရေကလဲအရမ်းနက်ပြီး သမုဒ္ဒရာ အစပ်မှာရှိနေတဲ့အတွက် ရေစီးကြမ်းလို့ အန္တရာယ်အရမ်းများပါတယ်။ သွားရောက်လည်ပတ်လို သူတွေကတော့ ကျွမ်းကျင်တဲ့လှေမောင်းသမားတွေကို ခေါ်ပြီး လှေနဲ့သွားလို့ရပါတယ်။ သမုဒ္ဒရာထဲမှာ ခဏခဏပေါ်လိုက်ပျောက်လိုက်ဖြစ်နေတတ်တဲ့ ရွေ့လျားကျွန်းတွေရှိနေတဲ့အတွက် ယခုပေါ် လာတဲ့… Continue reading Carolina မြောက်ဘက်တွင် လှပသောသဲကျွန်းတစ်ခုပေါ်လာ

အိန္ဒိယ မိန်းကလေးတွေ ဘာဖြစ်လို့ နွားရုပ် မျက်နှာဖုံးကို ဝတ်ဆင်ထားကြတာလဲ

“ကျွန်တော် ဟာ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ နွားတွေ ဟာ မိန်းကလေး တွေထက် ပိုသာတယ်လို့ သတ်မှတ် ကြတဲ့ အပေါ် စိတ်အနှောင့် အယှက်ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာဟာ မိန်းကလေး တွေက မုဒိန်း ကျင့် ခံ ရတာ နဲ့ ကိုယ်ထိလက်ရောက် စော်ကားခံ ရမှု စတဲ့ ကိစ္စ တွေမှာ သူတို့ ဘက်က တရားမျှတမှု ပြန်ရဖို့ အချိန်တော်တော်ကြာ ယူရပြီး ဒီလိုမျက်နှာဖုံးဝတ်ဆင်လာကြတာဟာ ဟိန္ဒူတွေရဲ့ အယူအဆ တစ်ခုဖြစ်တဲ့ နွားတွေ ဟာ သူတို့ အတွက် အထွဋ်အမြတ် သတ္တဝါလို့ ယူဆ ထားတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့” ဒေလီ အခြေစိုက် ဓါတ်ပုံဆရာဖြစ်တဲ့ Sujatro Ghosh က… Continue reading အိန္ဒိယ မိန်းကလေးတွေ ဘာဖြစ်လို့ နွားရုပ် မျက်နှာဖုံးကို ဝတ်ဆင်ထားကြတာလဲ

မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တွင် ဆိုလာတံတိုင်းတည်ဆောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နယ်စပ်ကို တရားမဝင်ခိုးဝင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို တားဆီးရန် မက္ကဆီကိုနှင့် နယ်စပ်တလျှောက်ကို တံတိုင်းတည်ဆောက်ပြီး ၎င်းတံတိုင်းကြီးကို နေရောင်ခြည်စွမ်းအင် အသုံးပြု နိုင်သည့် ဆိုလာပြားများတပ်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါတံတိုင်း၏ ကုန်ကျစရိတ်ကို မက္ကဆီကိုအား ပေးချေခိုင်းသော်လည်း မက္ကဆီကို သမ္မတ အန်ရီကေး ပီနာနီတို ကတော့ ထရမ့်၏ အစီအစဉ်များကို လိုက်နာမည် မဟုတ်ကြောင်းပြောကြားထားပါတယ်။ လူထုထောက်ခံပွဲ ဆန်ဆန်ပြုလုပ်သည့် အစီအစဉ်တွင် ထရမ့်က “ကျုပ်တို့က အခု အမေရိကန်တောင်ပိုင်း နယ်နိမိတ်အကြောင်းပြောနေတာ။ အဲဒီမှာ နေရောင်ခြည်ကျရောက်မှု အရမ်းအားကောင်းတယ်။ အပူပိုင်းဆန်တယ်။ ဆိုလာနံရံကြီးတစ်ခုကို အဲဒီမှာ တည်ဆောက်မယ်ဆိုတာကိုစဉ်းစားကြည့်စမ်းပါ။ စွမ်းအင် ထုတ်နိုင်မယ်။ စွမ်းအင် ရောင်းချလို့ရတဲ့ ဝင်ငွေနဲ့ ဒီနံရံတည်ဆောက်မှုအတွက် ငွေကြေးကာမိစေမယ်။ ဒါဆို မက္ကဆီကိုဘက်က ပေးရမယ့် ငွေပမာဏလည်း နည်းသွားမယ်လေ။ မဟုတ်ဘူးလား၊… Continue reading မက္ကဆီကိုနှင့် အမေရိကန်နယ်စပ်တွင် ဆိုလာတံတိုင်းတည်ဆောက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော

ဘယ်လေယာဉ်တွေစီးပြီး ခရီးနှင်ကြမလဲ?

ပြင်သစ်မှာ ပြုလုပ်တဲ့ Skytrax ရဲ့လေကြောင်းပြပွဲကြီးမှာ ၂၀၁၇ခုနှစ်ရဲ့ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် ကာတာ လေကြောင်းလိုင်းကို ရွေးချယ်ချီးမြှင့်ခဲ့ကြတယ်လို့ CNN သတင်းအရသိရပါတယ်။ ပြင်သစ်မှာပြုလုပ်တဲ့ ဒီလေကြောင်းပြပွဲဟာ ၅၂ ကြိမ်မြောက် လေကြောင်းပြပွဲလည်းဖြစ်ပါတယ်။ ကာတာလေကြောင်းလိုင်းဟာ ၂၀၁၁ ခုနှစ်ကတည်းက စပြီး လေးကြိမ်မြောက်ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာမှ စတင်ထူထောင်ခဲ့တဲ့ ကာတာလေကြောင်းလိုင်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်ကို ပတ်ကာ ဝန်ဆောင်မှုပေးနေတဲ့ လေကြောင်းလိုင်းလည်းဖြစ်ပါတယ်။ ကာတာနိုင်ငံ ဒိုဟာကနေ လေယာဉ်ပေါင်း ၁၇၄ စင်းနဲ့ ခရီးစဉ်ပေါင်း ၁၅၀ ကို ပြေးဆွဲပေးနေပါတယ်။ ဒီလိုအောင်မြင်နေတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်ပေမယ့် ပြောဆိုစရာကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ် အကြမ်းဖက်တွေကို အထောက်အပံ့ပေးနေတယ်လို့ စွပ်စွဲခံနေရတဲ့ နိုင်ငံတွင်းက ပြဿနာတွေကြောင့် ခရီးစဉ်… Continue reading ဘယ်လေယာဉ်တွေစီးပြီး ခရီးနှင်ကြမလဲ?

ဆီးရီးယားတိုက်လေယာဉ်ကို ပစ်ချမှုနှင့်ပတ်သတ်ပြီး အမေရိကန်ကို သတိပေးလိုက်တဲ့ ရုရှား

ဇွန်လ ၁၈ရက်နေ့မှာ ဆီးရီးယား တိုက်လေယာဉ် SU-22 ကို အမေရိကန် FA-18 တိုက်လေယာဉ် မှ ဆီးရီးယား အပိုင် ရက္ကာမြို့အနီးတွင် ပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး ဆိုးရွားတဲ့ အကျိုးဆက်များကြုံလာနိုင်းကြောင်း ရုရှားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။ ဆီးရီးယားကစိုးရက မိမိတို့ လေယာဉ်ကို ပစ်ချခြင်းသည် အကြမ်းဖက်မှု နှိမ်နင်းရေး အားထုတ်ကြိုးပမ်းမှုကို ဆိုးဆိုးရွားရွား ထိပါးလာခြင်းဖြစ်သည်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကတော့ ယင်းသို့ပစ်ချခြင်းသည် မိမိကိုယ်ကို ကာကွယ်မှုသက်သက် သာဖြစ်ကြောင်းပြန်လည် တုံ့ပြန်ခဲ့သည်။ အမေရိကန်၏မဟာမိတ်ဖြစ်တဲ့ SDF ဆီးရီးယားတော်လှန်ရေးအဖွဲ့သည် ရက္ကာမြို့စွန်ရှိ ဂျာဒင်းမြို့ကိုထိန်းချုပ်ထားပြီး အိုင်အက်စ်၏ အဓိကအခြေကုပ်စခန်းဖြစ်တဲ့ ရက္ကာကို ထိုးစစ်ဆင်တိုက်ခိုက် နေချိန်တွင် ဆီးရီးယားအစိုးရမှ အိုင်အက်စ် တို့ကိုတိုက်ခိုက်သည်ဟုဆိုကာ SDF အပါအဝင် အတိုက်အခံ သူပုန်များကိုပါ ဗုံးကြဲနေသောကြောင့် ယခုအချီမှာတော့… Continue reading ဆီးရီးယားတိုက်လေယာဉ်ကို ပစ်ချမှုနှင့်ပတ်သတ်ပြီး အမေရိကန်ကို သတိပေးလိုက်တဲ့ ရုရှား