မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

Xiaomi ရဲ့ Mi 6 ကို ဧပြီလ မှာ စတင်မိတ်ဆက်ခဲ့ပြီး မျက်နှာပြင် ၅.၁၅ နဲ့ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Mi 6 ဟာ အထင်ကြီးလေးစားစရာကောင်းလှတဲ့ Hardware တွေအပြင် အကြမ်းခံတဲ့ စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင်အရွယ်အစားက ၅.၁၅ လက်မ ဖြစ်နေတာကြောင့် မျက်နှာပြင်ကြီးကြီးသုံးချင်သူတွေအတွက် သုံးရတာ အားမရပါဘူး။ ယခု ရရှိထားတဲ့ ပေါက်ကြားမှုသတင်းတွေအရ Xiaomi Mi6 Plus ကို ဂျူလိုင်လ မှာ မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပြီး မျက်နှာပြင်အရွယ်အစား ၅.၇ လက်မနဲ့ ထွက်ရှိမယ်လို့ သိရပါတယ်။ RAM 4GB, Storage 64GB , RAM 6GB, Storage 128 GB,… Continue reading မကြာမှီ ထွက်ရှိလာတော့မယ့် Xiaomi Mi6 Plus စမတ်ဖုန်း

Xiaomi Mi Max 2 ရဲ့ ထူးခြားချက်က ဘာလဲ ?

Xiaomi ဟာ မျက်နှာပြင်ကြီးကြီးနဲ့ စမတ်ဖုန်းအသုံးပြုသူများအတွက် Mi Max ကို ၂၀၁၆ ခုနှစ်ထဲက စတင်မိတ်ဆက်ရောင်းချခဲ့ပြီး အောင်မြင်မှုများရယူခဲ့ပါတယ်။ Xiaomi အနေနဲ့ Mi Max ရဲ့ အောင်မြင်မှုကို ထပ်မံမြှင့်တင်ဖို့ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့မှာ Mi Max 2 ဆိုတဲ့ Mi Max series ရဲ့ ဒုတိယမြောက်မျိုးဆက်အဖြစ်နဲ့ ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Mi Max 2 ဟာ Mi Max series ကို upgrade လုပ်ထားတဲ့ စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး ဒုတိယမြောက်မျိုးဆက်အဖြစ်နဲ့ လုပ်ဆောင်ချက်အသစ်တွေကို ထပ်မံပေါင်းစပ်ထားပါတယ်။ ထူးခြားချက်ကအနေနဲ့ အရင်ဆုံး ကင်မရာပိုင်းကို ပြောချင်ပါတယ်။ ကင်မရာပိုင်းစွမ်းဆောင်ရည် Mi Max… Continue reading Xiaomi Mi Max 2 ရဲ့ ထူးခြားချက်က ဘာလဲ ?

Xiaomi Mi 6 Ceramic Edition စတင်ရောင်းချပြီ

Xiaomi Mi 6 ကို Ceramic Edition အနေနဲ့ စတင်ရောင်းချပြီ ဖြစ်ကြောင်း သိရှိရသည်။ Ceramic Edition မှာ ပိုမိုအကြမ်းခံနိုင်ပြီး ဖုန်းကိုယ်ထည်အား ကြွေသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၄၃၅ ဖြင့် စတင်ရောင်းချခြင်း ဖြစ်ပြီး မြန်မာကျပ်ငွေအဖြစ် 6သိန်းဝန်းကျင်ခန့် တန်ဖိုးရှိသည်။ သို့ရာတွင် မြန်မာပြည်သို့ အရောက် ဈေးဖြင့် တွက်လျှင် ၆၅၀၀၀၀ ဝန်းကျင်အထိ မြင့်တက်နိုင်သည်။ Xiaomi Mi 6 Ceramic Edition တွင် ကင်မရာ နှစ်လုံးကို ၁၈ ကာရက် ရွှေသားစစ်စစ်ဖြင့် ကွပ်ထားပြီး သာမန် Mi 6 စမတ်ဖုန်းထက် ၁၄ ဂရမ်ပိုမိုအလေးချိန်စီးပါတယ်။ Hardware Specification… Continue reading Xiaomi Mi 6 Ceramic Edition စတင်ရောင်းချပြီ

၂၀၁၇ ခုနှစ် ပထမ ၄လ ပတ်ထဲမှာ စမတ်ဖုန်းလောကကို သိမ်းပိုက်ခဲ့တဲ့ Xiaomi နဲ့ Oppo

တရုတ်နိုင်ငံမှာ စမတ်ဖုန်းဈေးကွက်ပြိုင်ဆိုင်မှု ပိုမိုများပြားလာပြီး တစ်ဖြည်းဖြည်းနဲ့ စမတ်ဖုန်း ကုမ္ပဏီအသစ်တွေကလည်း မှိုလိုပေါက်လာပါတယ်။ ဈေးသက်သာတဲ့ စမတ်ဖုန်းများအပြင် တန်ဖိုးကြီးတဲ့ Flagship ဖုန်း အမျိုးအစားတွေပါ ထုတ်လုပ်လာပြီး ထုတ်ပြန်ချက်များအရ ၂၀၁၇ ပထမ ၄ လ ပတ်မှာ ဈေးကွက်ကို အုပ်စိုးထားနိုင်ခဲ့တာ Xiaomi နဲ့ Oppo တို့ဘဲ ဖြစ်ပါတယ်။ CMR အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ စမတ်ဖုန်းကုမ္ပဏီများအာ ဇန်နဝါရီလနဲ့ မတ်လ အတွင်းမှာ အမြတ်ငွေ ၁၈၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး နိုင်ငံတစ်လွှားမှာလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းအထိ နေရာယူလာနိုင်ပြီလို့ ဆိုပါတယ်။ ယခင်က အချိန်တိုအတွင်းမှာ အရှိန်အားကောင်းကောင်းနဲ့ မြင့်တက်လာတာ Xiaomi တစ်ခုသာ ရှိပေမယ့် ၂၀၁၆ ခုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံရဲ့… Continue reading ၂၀၁၇ ခုနှစ် ပထမ ၄လ ပတ်ထဲမှာ စမတ်ဖုန်းလောကကို သိမ်းပိုက်ခဲ့တဲ့ Xiaomi နဲ့ Oppo

မကြာမှီထွက်ရှိဖွယ်ရှိတဲ့ Xiaomi Redmi Pro 2

Xiaomi ဟာ လာမယ့် မေလ ၂၅ ရက်နေ့မှာ Mi Max 2 ကိုမိတ်ဆက်ပြသဖို့ရှိနေပြီ Redmi စီးရီးတစ်ခုဖြစ်တဲ့ Redmi Pro 2 ကိုလည်း ထပ်မံထုတ်လုပ်ဖွယ်ရှိပါတယ်။ Redmi Pro ဟာ Xiaomi ရဲ့ Redmi series မှာ ပထမဆုံး ကင်မရာ နှစ်လုံးပါတဲ့ စမတ်ဖုန်းတစ်လုံးလဲ ဖြစ်ပါတယ်။ တရုတ်နည်းပညာ ဝက်ဘ်ဆိုဒ် GizmoChina ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် Redmi Pro 2 ဟာ  မျက်နှာပြင် ၅.၅ လက်မနဲ့ထွက်ရှိမှာ ဖြစ်ပြီး display ပိုင်းဆိုင်ရမှာ ယခင် Redmi Pro နဲ့ တူတူဘဲ ဖြစ်ပါတယ်။ CPU အနေနဲ့ Snapdragon… Continue reading မကြာမှီထွက်ရှိဖွယ်ရှိတဲ့ Xiaomi Redmi Pro 2

Mi 6 သို့မဟုတ် Xiaomi ၏ အကြမ်းခံဆုံး စမတ်ဖုန်း

Mi 6 စတင်ရောင်းချတာ တစ်လ မပြည့်သေးပေမယ့် လက်ရှိမှာတော့ အကြမ်းခံမှုနဲ့ပတ်သတ်ပြီး စမ်းသပ်ထားတဲ့ video တွေကတော့ ထွက်ရှိလာပါပြီ။ Flagship စမတ်ဖုန်းအမျိုးအစားဖြင့် Xiaomi ဟာ hardware ပိုင်းဆိုင်ရာ မြင့်မားရုံသာမက အကြမ်းခံမှုလည်း မြင့်မားတာကို Youtuber တစ်ယောက်ဖြစ်တဲ့ ဇက်ခ်နယ်လ်ဆင် ကတော့ လက်တွေ့စမ်းသပ်ပြလိုက်ပါတယ်။ Mi 5 စမတ်ဖုန်းရဲ့ အကြမ်းခံမှုကို စမ်းသပ်စဉ် ဖုန်းဟာနှစ်ပိုင်းကျိုးသွားပေမယ့် Mi 6 ကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ တစ်ကယ့်ကို အကြမ်းခံတာဖြစ်သလို ဇက်ခ်နယ်လ်ဆင် ကတော့ ဖုန်းမျက်နှာပြင်ကို မီးနဲ့ ရှို့ပြတာတွေ၊ ဘရိတ်ဓားနဲ့ ခြစ်ပြတာတွေ လုပ်ပြီး စမ်းသပ်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာကတော့ Xiaomi ရဲ့ Mi 6 ဟာ အကြမ်းခံလွန်းနေတာပါဘဲ။ ဇက်ခ်နယ်လ်ဆင် ရဲ့… Continue reading Mi 6 သို့မဟုတ် Xiaomi ၏ အကြမ်းခံဆုံး စမတ်ဖုန်း

Xiaomi Mi6 Lite ထုတ်လုပ်မည် မဟုတ်ကြောင်း CEO ဖြစ်သူ လေကျွင်း အတည်ပြုပြောကြား

Xiaomi မှ Mi6 ထုတ်ပြီးနောက်မှာ Mi6 Lite version ထွက်မယ်လို့ အင်တာနက် စာမျက်နှာများမှာ သတင်းတွေ ထွက်နေပေမယ့် Xiaomi ရဲ့ အမှုဆောင်အရာရှိချုပ် လေကျွင်းကတော့ Mi6 Lite ကို ထုတ်မှာ မဟုတ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် အင်တာနက်တစ်ခွင်မှာ ပြထားတဲ့ Mi 6 Lite စမတ်ဖုန်းပုံတွေကို မယုံကြည်ကြဖို့ ပြောလိုက်ပြီး Mi 6 စမတ်ဖုန်းဟာ Flagship ဖုန်းအမျိုးအစားဖြစ်တဲ့အတွက် အရည်အသွေးကို အနည်းငယ် နိမ့်ထားတဲ့ Lite version စမတ်ဖုန်းအနေနဲ့ ထုတ်စရာအကြောင်းမရှိကြောင်း ပြောလိုက်ပါတယ်။ Zawgyi Font : Xiaomi Mi6 Lite ထုတ်လုပ်မည် မဟုတ်ကြောင်း CEO ဖြစ်သူ လေကျွင်း… Continue reading Xiaomi Mi6 Lite ထုတ်လုပ်မည် မဟုတ်ကြောင်း CEO ဖြစ်သူ လေကျွင်း အတည်ပြုပြောကြား

Xiaomi မှ ဂျွန်လတွင် Mi6 Plus ထွက်ရှိမည်ဟု သတင်းပေါက်ကြား

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့မှာ ပြသခဲ့တဲ့ Xiaomi Mi 6 ဟာ လူတိုင်းနီးပါးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး မျက်နှာပြင် ၅.၁၅ လက်မ နဲ့ ထွက်ရှိလာပါတယ်။ Process အပိုင်းအနေနဲ့ Snapdragon 835 SOC  တပ်ဆင်ထားပေးပြီး RAM 6GB ဖြစ်တာကြောင့် Performance ပိုင်းမှာ လုံးဝကို အလန်းစားဖြစ်နေပါတယ်။ ဒါ့အပြင် Storage အနေနဲ့ 64GB နဲ့128 GB အဖြစ် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်အုံးမှာဖြစ်ပြီး ကင်မရာပိုင်းအနေနဲ့ ကျောဘက် ကင်မရာ နှစ်လုံးတပ်ဆင်ထားပေးပါတယ်။ 10 ဆအထိ ဆွဲချဲ့နိုင်ပြီး 4-axis OlS Stabilization ကြောင့်  လက်တုန်နေတာတောင် ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အထစ်အငေါ့မရှိဘဲ ရိုက်ကူးနိုင်အုံးမှာ ဖြစ်ပါတယ်။… Continue reading Xiaomi မှ ဂျွန်လတွင် Mi6 Plus ထွက်ရှိမည်ဟု သတင်းပေါက်ကြား

ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု

Xiaomi Mi6 ဘယ်တော့ထွက်မလဲဆိုတာကို စောင့်စားနေတဲ့ ပရိတ်သတ်တွေဟာ သိလိုစိတ်ပြင်းပြနေ ကြပြီ ဖြစ်သလို ပေါက်ကြား သတင်းများအရ Mi6 ဟာ ဧပြီ ၁၁ ရက်၊ ၁၆ ရက် နဲ့ ၁၈ ရက် အတွင်းမှာ ထွက်ပေါ်မယ်လို့ သိရှိရပါတယ်။ ယခုတော့ Xiaomi ရဲ့ ဥက္ကဌ လေကျွင်း ကိုယ်တိုင် Live Stream လွှင့်ရင်းနဲ့ Mi6 ဟာ ဧပြီလအတွင်းမှာ ထွက်မည်ဆိုတာ သေချာကြောင်း အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကဌ လေကျွင်းအနေနဲ့ ထွက်ရှိမည့် နေ့ကို အတိအကျမပြောခဲ့ပါဘူး။ ဧပြီလ အတွင်းမှာဘဲ ထွက်မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ Mi6 ဟာ ရေစိမ်ခံနိုင်တဲ့ စွမ်းဆောင်ရည်၊ ကင်မရာအနေနဲ့… Continue reading ဧပြီလ အတွင်းမှာ Xiaomi Mi6 ထွက်မည်ဖြစ်ကြောင်း Xiaomi ဥက္ကဌ လေကျွင်း အတည်ပြု

Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်

Xiaomi ရဲ့ Mi6 စမတ်ဖုန်း ထွက်မယ့်အချိန်ကို မျှော်လင့်စောင့်စားနေသူများအတွက် သတင်းကောင်း တစ်ပုဒ်ဘဲ ဖြစ်ပါတယ်။ Xiaomi Mi6 ကို ဧပြီလ ၁၁ ရက်နေ့မှ စတင်မိတ်ဆက်မှာ ဖြစ်ပြီး mi6 ရဲ့ ပုံရိပ်တွေကတော့ Weibo နဲ့ Techiestate မှာ ထွက်ပေါ်နေပါပြီ။ Xiaomi Mi6 ဟာ dual camera တပ်ဆင်ထားမှာ ဖြစ်ပြီး ကင်မရာ Sensor အဖြစ် Sony IMX 400 ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ မျက်နှာပြင်ကိုတော့ curved display အဖြစ်တပ်ဆင်ပေးထားမှာ ဖြစ်တဲ့အတွက် မှန်သားဟာ အနည်းငယ်ခုံးနေပါလိမ့်မယ်။ ပေါက်ကြားထားတဲ့ သတင်းများအရတော့ Xiaomi Mi6 ကို ဗားရှင်း နှစ်မျိုး အဖြစ်… Continue reading Xiaomi Mi6 ဧပြီလ ၁၁ ရက်နေ့ မိတ်ဆက်ပြသမည်