ဇင်ဘာဘွေက ဆင်အကောင် ၉၀ကျော်ကို တရုတ်နှင့် ဒူဘိုင်းသို့ ရောင်းချ

တောင်အာဖရိကရှိ ဇင်ဘာဘွေက အမျိုးသားဥယာဉ်ထဲတွင် ဘေးမဲ့လွှတ်ထားသော ဆင်(၉၈)ကောင်ကို တရုတ်နှင့် ဒူဘိုင်းတို့အား ဒေါ်လာ ၂.၇သန်း ဖြင့် မေလ ၁၄ရက် အင်္ဂါနေ့တွင်ရောင်းချလိုက်ကြောင်းသိရှိရပါတယ်။ ဇင်ဘာဘွေ အမျိုးသားဥယာဉ်နှင့် တောရိုင်းတိရိစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ပြောခွင့်ရသူ Tinashe Farawo ပြောပြချက်အရ ရောင်းလို့ရရှိလာတဲ့ ငွေတွေကို အမျိုးသားဥယာဉ် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များအတွက် အသုံးပြုသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။ သူတို့အနေနဲ့ အမျိုးသားဥယာဉ်ထဲမှာ တစ်နှစ်ထက်တစ်နှစ် အကောင်ရေးတိုးပွားလာတဲ့ဆင်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့မနိုင်တော့တဲ့အတွက်အခုလို့ ရောင်းချရတာဖြစ်ပြီး ရောင်းချလို့ရလာတဲ့ ငွေတွေနဲ့ ကျန်ရှိနေတဲ့ ဆင်တွေ အတွက် အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း Farawo ကပြောကြားသွားခဲ့ ပါ တယ်။ ဒါ့အပြင် ရာသီဥတုဒဏ်ကြောင့် ဥယျာဉ်အတွင်းကမြစ်ရေဟာ လျော့နည်းလာတဲ့ အတွက် ဥယျာဉ်ထဲရှိ တိရိစ္ဆာန်များအတွက် ရေအခက်အခဲတွေရှိလာပါတယ်။ဒါ့ကြောင့် ရေတွင်းများတူးပြီး ရေခက်ခဲမှုပြဿနာကို ဖြေ… Continue reading ဇင်ဘာဘွေက ဆင်အကောင် ၉၀ကျော်ကို တရုတ်နှင့် ဒူဘိုင်းသို့ ရောင်းချ