ထိုင်ဝမ်နိုင်ငံတွင် ခွေးများအား ဆေးထိုးသတ်ခြင်းကို တားမြစ်သည့် ဥပဒေထုတ်

ပြီးခဲ့တဲ့ စနေနေ့ကစပြီးတော့ ခွေးတွေကို ဆေးထိုးသတ်ခြင်းကို တားမြစ်တဲ့ ဥပဒေကို ထိုင်ဝမ်နိုင်ငံမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ တိရစ္တာန်အရေးနဲ့ပတ်သတ်လို့ ထိုင်ဝမ်နိုင်ငံရဲ့ ၂နှစ်အတွင်း ပထမဆုံး ထုတ်ပြန်တဲ့ ဥပဒေ လည်းဖြစ်ပါတယ်။ ခွေးအကောင်ရေ ပမာဏအလွန်များပြားလာမှုကြောင့် ခွေးဂေဟာတွေမှာ ရှိတဲ့ ခွေးတွေကို ဆေးထိုးသတ်ပြီး ဖြေရှင်းလေ့ရှိသော်လည်း အဆိုပါ ဆေးထိုးသတ်မှုကြောင့် ခွေးချစ်သူတစ်ဦး ဖြစ်တဲ့ Chien Chih-Cheng  လို့အမည်ရတဲ့ အမျိုးသီးတစ်ဦး ကိုယ့်ကိုကိုယ် သတ်သေခဲ့ပြီး မသေမှီမှာ စာတစ်စောင်ရေးခဲ့ပါ တယ်။ ” ကျမ လောကကြီးကနေ ထွက်သွားရတာကတော့ တိရစ္တာန်တွေဆိုတာလည်း ဘဝနဲ့ဆိုတာ သိစေချင်လို့ပါ။ အစိုးရအနေနဲ့လည်း ပြဿနာအရင်းအမြစ်ကို သိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘဝတွေကို တန်ဖိုးထားပါ ” ဆိုပြီး စာ တစ်စောင်ရေးကာ သတ်သေခဲ့ပါတယ်။

Chien ရဲ့ လုပ်ရပ်ကြောင့် တိရစ္တာန်ချစ်သူများအကြား ပွက်လောရိုက်သွားခဲ့ပြီး လွှတ်တော်ထဲအထိ ရောက်သွားခဲ့ပါတယ်။ AFP ရဲ့ သတင်းအရဆိုရင် ထိုင်ဝမ်မှာ ခွေးပေါင်း ၆၀၀၀၀ ကျော်အထိ အကောင်ရေတိုးသွားပြီး ၁၂ရာခိုင်နှုန်းကို ဆေးထိုးသတ်ပြီးတော့ အကောင်ရေတိုးတက်မှုကို ဖြေရှင်းနေရတယ်လို့ သိရပါတယ်။ ထိုင်ဝမ် ပြည်သူ တစ်ယောက်ကတော့ ” ဒီဥပဒေဟာလည်း ပြဿနာကို ဖြေရှင်းဖို့ ဖြတ်လမ်းနည်းတစ်ခုသာဖြစ်တယ်။ နည်းလမ်းအစစ်အမှန် မဟုတ်သေးပါဘူး။ တစ်ကယ်တမ်းဆိုရင် ခွေးမွေးတဲ့သူတွေဆီမှာ တာဝန်ရှိပါတယ်။ အသိတရားရှိတဲ့ ခွေးမွေးသူတွေက တော့ ဖြစ်သလို လမ်းပေါ်မှာထားမှာ မဟုတ်ပါဘူး။ ပြီးတော့ ပွားလာတဲ့ခွေးတွေကိုလည်း ခွေးဂေဟာစွန့်ပစ်မှာ မဟုတ်ပါဘူး ” လို့ ပြောပါတယ်။ အစိုးရအနေနဲ့ ခွေးတွေကို မွေးချင်ရင် မဝယ်ပါနဲ့။ မွေးစားလိုက်ပါ လို့ ပြောခဲ့ပါတယ်။ ဥပဒေအသစ်ရ ခွေးတစ်ကောင်ကို ခွေးဂေဟာမှာ စွန့်ပစ်မယ်ဆိုရင် ၁၂၅ ဒေါ်လာပေးဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *