Texas တွင် ကလေးအချင်းချင်းဆော့ကစားရာမှ သေနတ်ဖြင့်ပစ်မိပြီး ကလေးတစ်ဦး ပြင်းထန်စွာဒဏ်ရာရ

စက်တင်ဘာလ (၁၅)ရက် တနင်္ဂနွေနေ့ ညနေပိုင်းမှာ အမေရိကန်ပြည်ထောင်စုTexas ပြည်နယ် Arlington ရှိနေ အိမ်တစ်ခုတွင် ကလေးများဆော့ကစားနေရာမှ အသက်၁၀နှစ်နှင့် ၁၁နှစ်ကြားအရွယ်ရှိ အစ်ကိုက ရိုင်ဖယ်သေ နတ်တစ်လက်ကိုယူဆောင်လာကာ အသက် ၆နှစ် အရွယ်ရှိညီအား ချိန်ရွယ်ကာဆော့ကစားရင်း သေနတ်မောင်းကို ဆွဲမိရာ ညီဖြစ်သူ၏ ဦးခေါင်းကိုသေနတ်ထိမှန်သွားခဲ့တဲ့အတွက် အရေးပေါ်ဆေးရုံသို့ ပို့ဆောင်လိုက်ရပါတယ်။ ပစ်ခံရ သူ၏ အသက် ၆နှစ်နဲ့ ၇နှစ်အရွယ်ရှိ အစ်မများကိုလည်း ယမ်းစများ အနည်းငယ်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မိဘများကတော့ သူတို့ဟာ ထို 22-caliber ရိုင်ဖယ်သေနတ်ကို ဝယ်ထားတာဖြစ်ပြီး ကလေးများ ဆော့ကစားရင်း မ တော်တဆ ယူကစားမိရာမှအခုလို ဖြစ်ပွားခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။ ရဲများကတော့ ထိုအမှုဟာ မတော်တဆ အ မှုလား လုပ်ကြံမှုလားဆိုတာကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *