လူတိုင်းကို ဆွဲဆောင်မှုရှိစေတဲ့ အပြုံးတွေကို ဖန်တီးပေးမယ့် Face App

ဓာတ်ပုံရိုက်လိုက်တဲ့အခါ မျက်နှာက ခပ်တည်တည်ကြီး ဖြစ်နေတယ် ဒါမှမဟုတ် သူများတွေလို လှအောင် မပြုံးတတ်လို့ အခက်အခဲ ဖြစ်နေရင်တော့ Face App က သင့်ကို ကူညီပေးနိုင်ပါတယ်။ အဆိုပါ App ထဲကို  ကြိုက်တဲ့ဓာတ်ပုံထည့်ပြီး ပြင်လို့ရပါတယ်။ Performance ကောင်းလွန်းလို့ သင့် ဓာတ်ပုံကို မြင်တွေ့လိုက်သူတိုင်း ကြိတ်ကြွေသွားမှာ အမှန်ပါဘဲ။ Face App နဲ့ ပြင်ပြီးရင် Facebook မှာတင်လိုက်တဲ့အခါ ချောလွန်းလို့ စမတ်ကျလွန်း လို့ Friend Request တွေတောင် တစ်ရက်ထဲအများကြီးရနိုင်သေးပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှ စထုတ်တဲ့ App ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ Android အတွက် မရသေးပါဘူး။ iOS သမားများအတွက်ဘဲ ရရှိမှာ ဖြစ်တဲ့ အတွက် iPhone ကိုင်တဲ့သူတွေ စမ်းသပ်အသုံးပြုသင့်တဲ့ App မျိုး ဖြစ်ပါတယ်။ အောက်ပါပုံတွေကတော့ Face App နဲ့ လုပ်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်။

ဒေါင်းလုပ်ဆွဲရန် : Face App

Leave a comment

Your email address will not be published. Required fields are marked *