အသက်ရှည်ရှည်နေချင်သလား

လေ့လာမှုအသစ်တွေအရ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံဟာ သင့်အတွက်အသက်ရှည်စေတယ်လို့ သက်သေပြထားခဲ့ပါတယ်။ အောက်ပါအနက် သင်ဘယ်နှစ်ခုကို လိုက်နာပါသလဲ။

-ပုံမှန်ကိုယ်အလေးချိန်(BMI ၂၅အောက်) ရှိခြင်း

-ဝမ်းဗိုက်အဆီမရှိခြင်း

-ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

-တစ်ဆင့်ခံ ဆေးလိပ်ငွေ့မရှူမိအောင် ရှောင်ခြင်း

-ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများစားခြင်း

သင့်အတွက်လိုက်နာတာ များလေလေ ရောဂါကင်းပြီး အသက်ရှည်ဖို့များလေလေလို့ အမေရိကန်မှ သုတေသီတွေကဆိုပါတယ်။ အမျိုးသမီး ရဝဝဝဝကျော်ကို ကိုးနှစ်ကြာလေ့လာမှုအရ ကျန်းမာရေးနဲ့ ညီညွတ်တာကို လိုက်နာမှု လေးခု ဒါမှမဟုတ် ငါးခုရှိတဲ့ အမျိုးသမီးတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စောစောသေဆုံးမှုနှုန်းဟာ လိုက်နာမှုလုံးဝမရှိသူတွေထက် ၄၃ရာခိုင်နှုန်းပိုနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ညီညွတ်မှုသုံးခုရှိရင် စောစောသေဆုံးနှုန်း လေးပုံတစ်ပုံလျော့နည်းပြီး အနည်းဆုံး ညီညွတ်မှုတစ်ခုရှိရင်တောင် အသက်ရှည်နိုင်တဲ့အခွင့်အရေး ရရာခိုင်နှုန်း ပိုတယ်လို့ ဆိုပါတယ်။

Leave a comment

Your email address will not be published.