လိပ်ကျွန်းအမှုကိစ္စကို ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး တရားရုံးအထိ အယူခံထပ်မံတင်သွင်းရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကိစ္စနှင့် ပတ်သတ်၍ မြန်မာနိုင်ငံသား နှစ်ယောက်အား အယူခံရုံးမှာ ထပ်မံ သေဒဏ်ချမှတ် လိုက်၍ မြန်မာနိုင်ငံသမ္မတ နှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့မှ စိတ်မကောင်း ဖြစ်နေပြီး အဆိုပါ အမှုအား ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံး တရားရုံးအထိ အယူခံသွင်းရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ ညွှန်ကြားထား ကြောင်း သိရှိရသည်။

လက်ရှိတွင် အယူခံဝင်မှုကို အောက်ရုံးမှ သေဒဏ်ချမှတ်လိုက်၍ နောက်ထပ် အယူခံဝင်ရန် အတွက် နောက်ဆုံးကျန်ရှိသော ရုံးမှာ အထက်အဆင့်မြင့်တရားရုံး တစ်ခုသာကျန်ရှိသည်။ အကယ်၍ အထက်အဆင့်မြင့် တရားရုံးကလည်း တူညီသော အမိန့်ချမည်ဆိုလျှင် ထိုင်းဘုရင်ထံ အသနားခံစာတင်မည့် နည်းလမ်းသာ ရှိတော့သည် ဟု သိရှိရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်တယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ် က ညွှန်ကြားထားသည်။

Leave a comment

Your email address will not be published. Required fields are marked *