Tottenham Hotspur ဟာ နည်းပြ Pochettino ကို စာချုပ်အသစ်ချုပ်ဆိုမည်

အာဂျင်တီးနားနည်းပြ Pochettino ဟာ ၂၀၁၆ ခုနှစ်မှစ၍ တစ်နှစ်လုပ်ခ ပေါင် ၅.၅သန်းနဲ့ ၅နှစ်တိတိ Tottenham အသင်းမှာ နည်းပြလုပ်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နည်းပြ Pochettino လက်ထဲသို့ Tottenham အသင်းရောက်သွားတော့ Tottemham ရဲ့ ကစားပုံတွေဟာ ကောင်းမွန်လာခဲ့ပါတယ်။

PSG နဲ့ Read Madrid တို့ကတော့ သူတို့ရဲ့ နည်းပြတွေရဲ့ စွမ်းရည်ကို အပြည့်အဝမရရှိတဲ့အတွက် Tottenham ကို ကောင်းကောင်း ကိုင်သွယ်ထားနိုင်သော Pochettino ကို မျက်စောင်းထိုးနေတာဖြစ်ပါတယ်။ ထို့ကြောင့် Tottenham ကလည်း နည်းပြ Pochettino ကို မက်မောလောက်တဲ့ လခတိုးပေးပြီး ဆက်လက် ထိန်းသိမ်းသွားဖို့ ရည်ရွယ်ထားပါတယ်။

အခုလက်ရှိမှာ Tottenham ဟာ Man U နဲ့ Arsenal အသင်းတို့ကို အနိုင်ကန်ထားနိုင်ခဲ့ပြီး Champions League မှာလည်း Juventus အသင်းကို အဝေးကွင်းမှာ ၂ဂိုးစီဖြင့် သရေကန်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *