နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်သော်လည်း စိတ်အလိုမကျ ဒေါသရိပ်လွှမ်းမိုးနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဟာ သူရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်ကနေ ပြန်ရောက်လာပြီ ဖြစ်သေ်ာလည်း စိတ်အလိုမကျမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ ခရီးစဉ်အတွင်းမှာ ရောက်ရှိခဲ့တဲ့ နိုင်ငံတွေက ဧည့်ဝတ်ကျေစွာ ဂုဏ်ပြုခဲ့ပေမယ့် အမေရိကန်ကို ပြန်လာတဲ့အချိန်မှာ ဘယ်သူမှ ထရမ့်ကို ဂုဏ်မပြုခဲ့ပါဘူး။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော်မှာ သားမက်နဲ့ သမီးကို အကြံပေးအနေဖြင့် ရာထူးခန့်ထားခြင်း ဖြစ်ပြီး အိမ်ဖြူတော်အတွင်းမှာ ကိုယ်ပိုင်ရုံးခန်းအဖြစ် နေရာပေးထားပါသေးတယ်။ ထိုကိစ္စနှင့် ပတ်သတ်ပြီး အိမ်ဖြူတော်မှ တာဝန်ရှိသူများနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့ပြီး ဝေဖန်မှုများလည်း မြင့်တက်လာပါတယ်။ သမ္မတ ထရမ့် ခရီးသွားနေစဉ် အတွင်း အိမ်ဖြူတော်တွင် မည်သည့်အရေးကိစ္စများ ဖြစ်ပေါ်ခဲ့သည်ကိုတော့ သတင်းအတိအကျမသိရပါဘူး။

ဒါ့အပြင် ခရီးစဉ်တစ်လျှောက်လုံးမှာလည်း အဆင်မပြေမှုကိစ္စများ အနည်းငယ်ပေါ်ပေါက်ခဲ့ပြီး ဝန်ကြီးချုပ်တစ်ဦး၏ ပုခုံးအား တွန်းဖယ်ပြီး နေရာယူကာ မချေမငံလုပ်ပြသည့် အမူအရာများလည်း ဖြစ်ပွားခဲ့ပါတယ်။ ထို့ကြောင့် သမ္မတ ထရမ့် ၏ အပြန်လမ်းခရီးကို အိမ်ဖြူတော်မှ အခမ်းအနားဖြင့် ကြိုဆိုခြင်းမပြုခဲ့ဘဲ ဂုဏ်ပြုခြင်းလည်း မလုပ်ခဲ့ပါဘူး။ ဒါကြောင့် အမေရိကန်သမ္မတ တစ်ယောက်ရဲ့ အပြန်ခရီးဟာ သာမန်လူတစ်ယောက်ကဲ့သို့ မခြားနားခဲ့ပါဘူး။

Zawgyi Font : ႏိုင္ငံျခားခရီးစဥ္မွ ျပန္ေရာက္ေသာ္လည္း စိတ္အလိုမက် ေဒါသရိပ္လႊမ္းမိုးေနတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ဟာ သူရဲ႕ ပထမဆံုး ႏုိင္ငံျခားခရီးစဥ္ကေန ျပန္ေရာက္လာျပီ ျဖစ္ေသ္ာလည္း စိတ္အလိုမက်မႈေတြ ျဖစ္ေနတယ္လို႕ သိရပါတယ္။ သမၼတတစ္ေယာက္အေနနဲ႕ ခရီးစဥ္အတြင္းမွာ ေရာက္ရွိခဲ့တဲ့ ႏုိင္ငံေတြက ဧည့္၀တ္ေက်စြာ ဂုဏ္ျပဳခဲ့ေပမယ့္ အေမရိကန္ကို ျပန္လာတဲ့အခ်ိန္မွာ ဘယ္သူမွ ထရမ့္ကို ဂုဏ္မျပဳခဲ့ပါဘူး။

ဒါ့အျပင္ ေဒၚနယ္ထရမ့္ဟာ အိမ္ျဖဴေတာ္မွာ သားမက္နဲ႕ သမီးကို အၾကံေပးအေနျဖင့္ ရာထူးခန္႕ထားျခင္း ျဖစ္ျပီး အိမ္ျဖဴေတာ္အတြင္းမွာ ကိုယ္ပုိင္ရံုးခန္းအျဖစ္ ေနရာေပးထားပါေသးတယ္။ ထိုကိစၥႏွင့္ ပတ္သတ္ျပီး အိမ္ျဖဴေတာ္မွ တာ၀န္ရွိသူမ်ားႏွင့္ အဆင္မေျပမႈမ်ား ျဖစ္ခဲ့ျပီး ေ၀ဖန္မႈမ်ားလည္း ျမင့္တက္လာပါတယ္။ သမၼတ ထရမ့္ ခရီးသြားေနစဥ္ အတြင္း အိမ္ျဖဴေတာ္တြင္ မည္သည့္အေရးကိစၥမ်ား ျဖစ္ေပၚခဲ့သည္ကိုေတာ့ သတင္းအတိအက်မသိရပါဘူး။

ဒါ့အျပင္ ခရီးစဥ္တစ္ေလွ်ာက္လံုးမွာလည္း အဆင္မေျပမႈကိစၥမ်ား အနည္းငယ္ေပၚေပါက္ခဲ့ျပီး ၀န္ၾကီးခ်ဳပ္တစ္ဦး၏ ပုခံုးအား တြန္းဖယ္ျပီး ေနရာယူကာ မေခ်မငံလုပ္ျပသည့္ အမူအရာမ်ားလည္း ျဖစ္ပြားခဲ့ပါတယ္။ ထို႕ေၾကာင့္ သမၼတ ထရမ့္ ၏ အျပန္လမ္းခရီးကို အိမ္ျဖဴေတာ္မွ အခမ္းအနားျဖင့္ ၾကိဳဆိုျခင္းမျပဳခဲ့ဘဲ ဂုဏ္ျပဳျခင္းလည္း မလုပ္ခဲ့ပါဘူး။ ဒါေၾကာင့္ အေမရိကန္သမၼတ တစ္ေယာက္ရဲ႕ အျပန္ခရီးဟာ သာမန္လူတစ္ေယာက္ကဲ့သို႕ မျခားနားခဲ့ပါဘူး။

Leave a comment

Your email address will not be published. Required fields are marked *