အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိုင်ဆိုင်တဲ့ ဒိုမိန်းပေါင်း ၃၀၀၀ ကျော်

CNN Money Investigation ရဲ့ ထုတ်ပြန်ချက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒိုမိန်းပေါင်း ၃၆၄၃ ခု ကိုပိုင်ဆိုင်ကြောင်း သိရှိရပါတယ်။ ထရမ့်ဟာ သူ့နာမည်နဲ့သက်ဆိုင်တဲ့စကားလုံးပါဝင်တဲ့ ဒိုမိန်းအတော်များများကို ဝယ်ယူခဲ့တာ ဖြစ်ပြီး website ပေါင်း မြောက်မြားစွာရှိပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ Multi Level Marketing (MLM) လို့ခေါ်တဲ့ ကွန်ရက်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ထူထောင်ခဲ့ပြီး TrumpNetworkFraud.com, TrumpPyramidScheme.com နဲ့ TrumpNetworkPonziScheme.com အပြင် အခြားသော ဝက်ဘ်ဆိုဒ်များလည်း ရှိပါသေးတယ်။ ဗီတာမင်အားတိုးဆေးများကို MLM စနစ်ဖြင့် ဖြန့်ချီခဲ့ပြီ MLM စနစ်နဲ့ အမေရိကန်ပြည်သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြောင်း ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် လုပ်ငန်းအောင်မြင်မှု မရှိခဲ့ဘဲ ၂၀၁၂ မှာ ပိတ်သိမ်းခဲ့ရပါတယ်။ ထရမ့်ရဲ့ MLM နာမည်ကတော့ Trump Network ဖြစ်ပါတယ်။

ဒါ့အပြင် ထရမ့် တက္ကသိုလ်အတွက် trumpuniversity.com ဆိုပြီး ဒိုမိန်းဝယ်ယူခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ပိတ်သိမ်းခဲ့ရပါသေးတယ်။ ထူးခြားတဲ့အချက်ကတော့ trumprussia.com ကို ၂၀၀၈ ထဲက ဝယ်ယူထားတာ ဖြစ်ပြီး ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ယှဉ်ပြိုင်ဖို့ ထိုစဉ်ထဲက ကြိုတင်စီစဉ်ထားတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ မဲအနိုင်ရရှိဖို့ လှုံ့ဆော်တဲ့ VoteAgainstTrump.com ကိုလည်း ဝယ်ယူထားပြန်ပါတယ်။ အထူးခြားဆုံးကတော့ ၁၉၉၇ ခုနှစ်ထဲက ဝယ်ထားတဲ့ donaldjtrump.com ဆိုရင် လက်ရှိမှာ သမ္မတ website အနေနဲ့ ထားရှိပြီး သတင်းအချက်အလက်တွေနဲ့ အလှူငွေတွေကို လက်ခံနေတဲ့ ဆိုဒ်တစ်ခုလဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ ထရမ့်ပိုင်တဲ့ ဒိုမိန်းတွေကတော့

TrumpEmpire.com

TrumpOrganization.com

TrumpBuilding.com

TrumpNetworkSucks.com

TrumpNetworkMarketingFraud.com

TrumpScam.com

တို့ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *