ဦးဝီရသူ ၏ ဇာတ်ကြောင်း မှတ်တမ်း ရုပ်ရှင်ကို ကန်းစ်ရုပ်ရှင်ပွဲတော်တွင် ပြသမည်

ဦးဝီရသူ ၏ ဇာတ်ကြောင်းမှတ်တမ်းကို ရုပ်ရှင်အဖြစ်ရိုက်ကူးပြီး ကန်းစ်ရုပ်ရှင်ပွဲတော်တွင် ပြသမည် ဖြစ်ကြောင်း သိရှိရသည်။ ဒါရိုက်တာ Barbet Schroeder မှ ရိုက်ကူးတင်ဆက်ခြင်းဖြစ်ပြီး ကန်းစ်ရုပ်ရှင်ပွဲတော်ကျင်းပရက် ဖြစ်သော မေလ ၁၇ ရက်မှ ၂၈ ရက်နေ့အတွင်း ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးဝီရသူဟာ မူစလင်ဆန့်ကျင်ရေးလှုံ့ဆော်သူ ရဟန်းတစ်ပါးဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် Time မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် အကြမ်းဖက်သူ တစ်ယောက်အဖြစ် ထည့်သွင်းဖော်ပြခြင်းကိုလည်း ခံခဲ့ရသည်။ ယခုနောက်ပိုင်းတွင်လည်း Facebook ကို အသုံးပြုကာ စာရေးသားခြင်းတို့ကို ပြုလုပ်လာခြင်းတို့အတွက် လူအများ၏ စိတ်ဝင်စားမှုကိုလည်း ခံနေရသည်။

wirathu-2013

ဒါရိုက်တာ Barbet Schroeder မှ ဦးဝီရသူ အား မူစလင်ဆန့်ကျင်ရေးသမားတစ်ယောက်အဖြစ် ပုံရိပ်ဖော်ရိုက်ထားသည့်အပြင် လူထုစုဝေးအုံကြွမှုဖြစ်စေသည့် ရှုထောင့်မျိုးအဖြစ်လည်း ရိုက်ကူးတင်ဆက်ထားသည်။ အောက်ပါ video မှာ ဒါရိုက်တာ Barbet Schroeder ရိုက်ထားတဲ့ ဦးဝီရသူရဲ့ မှတ်တမ်းရုပ်ရှင် အမြည်းဖြစ်ပါတယ်။

Zawgyi Font : ဦး၀ီရသူ ၏ ဇာတ္ေၾကာင္းမွတ္တမ္းရုပ္ရွင္ကို ကန္းစ္ရုပ္ရွင္ပြဲေတာ္တြင္ ျပသမည္

ဦး၀ီရသူ ၏ ဇာတ္ေၾကာင္းမွတ္တမ္းကို ရုပ္ရွင္အျဖစ္ရုိက္ကူးျပီး ကန္းစ္ရုပ္ရွင္ပြဲေတာ္တြင္ ျပသမည္ ျဖစ္ေၾကာင္း သိရွိရသည္။ ဒါရုိက္တာ Barbet Schroeder မွ ရုိက္ကူးတင္ဆက္ျခင္းျဖစ္ျပီး ကန္းစ္ရုပ္ရွင္ပြဲေတာ္က်င္းပရက္ ျဖစ္ေသာ ေမလ ၁၇ ရက္မွ ၂၈ ရက္ေန႕အတြင္း ျပသသြားမွာ ျဖစ္တယ္လို႕ သိရပါတယ္။

ဦး၀ီရသူဟာ မူစလင္ဆန္႕က်င္ေရးလႈံ႕ေဆာ္သူ ရဟန္းတစ္ပါးျဖစ္ျပီး ၂၀၁၃ ခုႏွစ္တြင္ Time မဂၢဇင္း၏ မ်က္ႏွာဖံုးတြင္ အၾကမ္းဖက္သူ တစ္ေယာက္အျဖစ္ ထည့္သြင္းေဖာ္ျပျခင္းကိုလည္း ခံခဲ့ရသည္။ ယခုေနာက္ပိုင္းတြင္လည္း Facebook ကို အသံုးျပဳကာ စာေရးသားျခင္းတို႕ကို ျပဳလုပ္လာျခင္းတို႕အတြက္ လူအမ်ား၏ စိတ္၀င္စားမႈကိုလည္း ခံေနရသည္။

ဒါရိုက္တာ Barbet Schroeder မွ ဦး၀ီရသူ အား မူစလင္ဆန္႕က်င္ေရးသမားတစ္ေယာက္အျဖစ္ ပံုရိပ္ေဖာ္ရိုက္ထားသည့္အျပင္ လူထုစုေ၀းအံုၾကြမႈျဖစ္ေစသည့္ ရႈေထာင့္မ်ိဳးအျဖစ္လည္း ရိုက္ကူးတင္ဆက္ထားသည္။ ေအာက္ပါ video မွာ ဒါရိုက္တာ Barbet Schroeder ရိုက္ထားတဲ့ ဦး၀ီရသူရဲ႕ မွတ္တမ္းရုပ္ရွင္ အျမည္းျဖစ္ပါတယ္။

Leave a comment

Your email address will not be published.