USရဲ့ ပြည်တွင်း အထူးဂျက်လေယာဉ်တစ်စင်း လေယာဉ်ပြေးလမ်းနဲ့ Taxi သွားလမ်း မှားပြီးဆင်းသက်ခဲ့

US ရဲ့ ပြည်တွင်း အထူးဂျက်လေယာဉ် Embraer 145 ဟာ Maine မြို့ရှိ Presque Isle အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် မတ်လ ၄ရက်နေ့ တနင်္လာနေ့က လေယာဉ်ပြေးလမ်းနှင့် TAXI သွားလမ်းမှားပြီး ဆင်းသက်ခဲ့ရာ ခရီး သည်များ ဒဏ်ရာရခဲ့ပါတယ်။

ထိုင်ခုန် ပေါင်း ၅၀ရှိတဲ့ Embraer 145 ဂျက်လေယာဉ်ဟာ ခရီးသည် ၂၈ ယောက်နဲ့ လေယာဉ်အမှုထမ်း ၃ ဦးကို နယူးဂျာစီ ပြည်နယ် Newark မြို့ မှတင်ဆောင် ပျံသန်းလာတာဖြစ်တယ်လို့ သိရပါတယ်။ လေယာဉ်ပြေးလမ်း လွဲမှားပြီး ဆင်းသက်မှုကြောင့် ခရီးသည် ၂ ဦးနဲ့ လေယာဉ်အမှုထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လေယာဉ်ဆင်းသက်စဉ်က နှင်းများပိတ်နေတဲ့အတွက် လွဲမှားသွားတာဖြစ်တယ်လို့ သိရပါတယ်။ ဆင်းသက်ခဲ့တဲ့ လမ်း ကြောင်းမှာ လေယာဉ်မှ ဆီများဖိတ်ကျခဲ့ပြီး လေယာဉ်ရဲ့ ဘီးတစ်လုံးဟာလည်း အင်ဂျင်ထဲကို ဝင်သွား ခဲ့ပါ တယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *