အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်စဉ် ရဟတ်ယာဉ်ပျက်ကျပြီး လေယာဉ်မှူး၂ဦး သေဆုံး

ဧပြီလ ၁ရက်နေ့ ညနေတွင် အမေရိကန်ပြည်ထောင်စု အရီဇိုနာပြည်နယ် အနောက်မြောက်ပိုင်းတွင် အမေရိကန်ရေတပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်စဉ် ဒေသစံတော်ချိန်ည ၈နာရီ ၄၅မိနစ် တွင် AH-1Z Viper ရဟတ်ယာဉ်ပျက်ကျပြီး လေ ယာဉ်မှူး၂ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ လေယာဉ်မှူးတွေကတော့ Wiegand နှင့် Brannon တို့ဖြစ်ကြ တယ်လို့ သိရပါတယ်။

Wiegand ဟာ AH-1Z Viper နှင့် AH-1W Super Cobra မောင်းနှင်ရာမှာ ကျွမ်းကျင်တဲ့ လေယာဉ်မှူး တစ်ဦး ဖြစ်ပြီး Brannon ကတော့ semi-annual လက်နက်အသုံးပြုမှုနှင့် စစ်ရေးဆိုင်ရာ နည်းဗျူဟာတွေကို သင်ကြားနေတဲ့ လေယာဉ်မှူး ဖြစ်ကြောင်းကို Yuma အခြေစိုက်စခန်းရဲ့ ပြောကြားချက်အရသိရပါတယ်။

ကယ်လီဖိုးနီးယားTwentynine Palms ရေတပ်စစ်ဗိုလ်ချုပ် Roger B က ယနေ့ဖြစ်သွားတဲ့ ဆုံးရှုံးမှုဟာ အမေရိ ကန် ရေတပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနှင့် သေဆုံးသွားတဲ့ လေယာဉ်မှူးတွေအတွက် အလွန် ပင်ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *