valentine’s day မှာ romantic ဖြစ်အောင်ဘယ်လိုလုပ်မလဲ

valentine’s day ဆိုတာနဲ့လူတိုင်း ချော့ကလက်၊ အရက်၊ ပန်းစည်း၊ အရုပ်ကြီးကြီးများကို ပြေးမြင်ကြပါတယ်။ valentine’s dayတိုင်း ဒီအရာတွေမြင်တာကြာတော့ ကိုယ့်ချစ်သူက အားနာနာနဲ့ လက်ခံယူတာဘဲ ဖြစ်လာကြတယ်။ အမှန်တကယ် ဈေးသက်သက်သာသာနဲ့ valentine’s day ကို romantic ဖြစ်အောင်လုပ်တဲ့ နည်းလမ်းအများကြီးရှိပါတယ်။

Camping

ဒီလိုနေ့မျိုးမှာ ပန်းခြံ၊ စားသောက်ဆိုင်နဲ့ အခြားလူစည်ကားရာနေရာများမှာ တိုးတိုးကြိတ်ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် ဥယျာဉ်လိုမျိုး နေရာမျိုး မှာ မီးပုံလေးနဲ့ တဲလေးထိုးပြီး valentine’s day ကုန်ဆုံးတာက ချစ်သူနှစ်ယောက်လုံးအတွက် အမြဲအမှတ်ရနေမှာဖြစ်တယ်။

လှေလေးနှင့်အပျော်ခရီးထွက်ခြင်း

သင့်ရဲ့ မြို့နဲ့ မလှမ်းမကမ်းက မြစ်ပေါ်မှာ စက်လှေလေးစီးပြီး valentine’s day နေ့ကုန်ဆုံးကြည့်ပါ။ ကံကောင်းလျှင် စက်လှေလေးပေါ်မှာ နေဝင်တာကို ကြည့်ရှုခံစားနိင်မှာဖြစ်တယ်။ ချစ်သူလက်ကိုကိုင်ပြီး နေဝင်၊ နေထွက်ကြည့်ရတဲ့ အရသာက ဈေးအကြီးဆုံး စားသောက်ဆိုင်မှာ ဝိုင်တူတူသောက်တဲ့ အရသာထက် ပိုကောင်းတာကို သင်ကိုယ်တိုင်ခံစားကြည့်နိုင်မှာဖြစ်ပါတယ်။

အိမ်ထဲမှာ အတူတူဟင်းချက်စားခြင်း

ဒီလိုနေ့မှာ လူတိုင်းနည်းပါးက အပြင်ထွက်ပြီး သွားလည်တတ်ကြပါတယ်။ ဒါကြောင့် သူများတွေနဲ့ မတူအောင်ရော ချစ်သူ၂ဦးကြား ပျော်ရွှင်ကြည်နူးမှုတွေ ချစ်ခြင်းမေတ္တာတွေ တိုးပွားလာစေဖို့အတွက် အိမ်ထဲမှာ နေပြီး အတူတူဟင်းချက်ပြီး စားကြည့်ပါ။ ဖယောင်းတိုင်လေး ထွန်းထားတဲ့ စားပွဲပေါ်မှာ ၂ယောက် အတူတူ ချက်ထားတဲ့ ဟင်းလျာတွေကို ဝိုင်ခွက်လေး တစ်ယောက် တစ်ခွက်နဲ့ အတူတူ ထိုင်စားတဲ့ အရသာကို မျက်စိထဲပုံဖော်ကြည့်ရုံနဲ့တင် Romantic ဖြစ်နေပါပြီး။

ချစ်ပရိတ်သတ်ကြီး အားလုံး ကြည်နူးစရာကောင်းတဲ့ Valentine’s day ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Leave a comment

Your email address will not be published. Required fields are marked *