ဗင်နီဇွဲလား နိုင်ငံတွင် အစိုးရကို ဆန္ဒပြမှုဖြစ်၊ တစ်ရက်ထဲနှင့် ဆန္ဒပြသူ ၁၃ ယောက် သေဆုံး

ဗင်နီဇွဲလားနိုင်ငံတွင် အစိုးရအား ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ဧပြီ ၂၂ ရက် စနေနေ့ တစ်ရက်ထဲတွင် ဆန္ဒပြသူပေါင်း ၁၃ ယောက် သေဆုံးခဲ့သည်။ လက်ရှိတွင် ဆန္ဒပြမှုများ ပိုမိုပြင်းထန်လာပြီး တစ်ပတ်အတွင်း၌ ဆန္ဒပြသူပေါင်း ၂၂ ယောက်အထိ သေဆုံးမှု ရှိလာပြီ ဖြစ်သည်။

ရဲများမှ သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့၍ ၁၃ ယောက် သေဆုံးခဲ့ပြီး လက်ရှိတွင် နောက်ထပ် ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု နှုန်းစာရင်းကို အတိအကျ မရရှိသေးချေ။ ပြဿနာမှာ မတ်လ အတွင်း၌ စတင်ဖြစ်ပေါ်လျက်ရှိပြီး တစ်ဖြည်းဖြည်းနှင့် ပြဿနာ ကြီးထွားလာကြောင်း သိရှိရသည်။ ဗင်နီဇွဲလား သမ္မတအား ဆန္ဒပြမှုများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်လျက်ရှိပြီး ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့အစည်းကမူ ဗင်နီဇွဲလား အစိုးရအဖွဲ့အား ရှုံ့ချလျက်ရှိသည်။

Zawgyi Font : ဗင်နီဇွဲလား နိုင်ငံတွင် အစိုးရကို ဆန္ဒပြမှုဖြစ်၊ တစ်ရက်ထဲနှင့် ဆန္ဒပြသူ ၁၃ ယောက် သေဆုံး



Leave a comment

Your email address will not be published.