Verizon မှာ ကိုယ့်ရဲ့ ယခင် Iphone နဲ့ အလဲအလှယ်လုပ်ရင်း ဒေါ်လာ ၃၀၀ သက်သာစွာနဲ့ Iphone 8 ကို ရယူလိုက်ပါ။

Apple ချစ်သူတွေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့သူတွေက အသစ်ထွက်လာတဲ့ Iphone အတွက် ပိုက်ဆံအများကြီးပေးဝယ်ချင်နေကြမှာတော့ အသေအချာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအမြောက်အများ ပိုက်ဆံ ကုန်ကျမယ့်အစား သက်သာကြေးတွေရှိတယ်ဆိုရင် ပိုမကောင်းဘူးလား။

ဒီအတွက် ခင်ဗျားတို့ ကျွန်တော်တို့အတွက် အစီအစဉ်ရှိပါတယ်။ တစ်ကယ်လို့ သင်ရဲ့ အရင် Iphone နဲ့ Verizon မှာ အလဲအလှယ်လုပ်မယ်ဆိုရင် Iphone 8 ကိုဝယ်ဖို့ ဒေါ်လာ ၃၀၀ သက်သာမှာဖြစ်ပါတယ်။ ဒီအတွက် ရက်ကိုတော့ ကန့်သတ်ထားပါတယ်။ ဒီအခွင့်အရေးကိုတော့  စက်တင်ဘာ ၃၀ အထိပဲ ပေးထားပါတယ်။

သင်လည်း ဒါကိုသိထားပြီးသားဖြစ်မှာပါ။ ရက် အကန့်အသတ်တွေ အတွက် Verizon က ကြီးမားတဲ့အခွင့်အရေးကို သင့်အတွက် လမ်းဖွင့်ပေးထားပြီး သင့်ရဲ့ FOMO စရိတ်ကိုသက်သာစေမှာပါ။

Iphone 8 မှာ feature အသစ်တွေကို ကြွေးကြော်ထားပြီး ထိုအထဲမှာမှ ဖုန်းမျက်နှာပြင်တစ်ခုလုံး ဖန်တွေနဲ့သာလုပ်ထားပြီး ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။ version ကိုလည်းမြှင့်တင်ထားပြီး 12-megapixel ကင်မရာပါဝင်ပါပြီး ဆင်ဆာ အသစ်ထည့်သွင်းထားပါတယ်။ အမြင်အာရုံတည်ငြိမ်မှု ပုံရိပ်တွေနဲ့ A11 လို့ခေါ်တဲ့ စက်ရုပ်ပုံစံလုပ်ဆောင်တဲ့ ချိစ်ပ် ထည့်သွင်းထားပါတယ်။ ၄င်းစနစ်ဟာ ဖုန်းရဲ့ လုပ်ဆောင်မှုကို ပိုမိုမြန်ဆန်စေမယ်လို့ လည်းပြောထားပါတယ်။

Source: Mashable

Leave a comment

Your email address will not be published.