Water Taxi စီမံချက် ဖေဖော်ဝါရီလအတွင်း အကောင်အထည်ဖော်မည်

ပြည်တွင်းပြည်ပ ရေကြောင်း အမြန်ယာဉ် ( Water Taxi ) ပြေးဆွဲခြင်းလုပ်ငန်းအတွက် တင်ဒါကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က လျှောက်လွှာ အစောင်ရေ ၄၀ ကျော် လျှောက်ကြခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်း ကုမ္ပဏီ ၂ခုသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ တင်ဒါစီစစ်ရွေးချယ်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်စစ်ဆေးပြီး တစ်ပတ် အတွင်း ရလဒ်ကို သိရှိရမည် ဖြစ်သည်။ တင်ဒါကိစ္စ စီစစ်ပြီးသည်နှင့် ယခုလအတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရှိရသည်။

တင်ဒါအောင်မည့် ကုမ္ပဏီအနေဖြင့် ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် အမြန်ရေယာဉ်ပြေးဆွဲခြင်း ( Water Taxi) တို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့က ပြောလိုက်သည်။ လက်ရှိတွင် လှိုင်သာယာမှ ပန်းဆိုးတန်းခရီးစဉ်အထိ ဆိပ်ကမ်း ၇ခု၊ ငမိုးရိပ်ချောင်းတွင် ဒဂုံမြို့သစ် မြောက်ပိုင်းမှ ညောင်တန်းခရီးစဉ် အထိ ဆိပ်ကမ်း ၁၁ ခု စီစဉ်ထားပြီး ခရီးသည် ၅၀ မှ ၁၀၀ ကြားတင်ဆောင်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *