ကမၻာတစ္လႊားက ထူးထူးျခားျခား အလုပ္အကုိင္ ၃ မ်ိဳး

( ၁ ) စက္ဘီးလုိက္ဆယ္သူ

နယ္သာလန္ႏုိင္ငံ အမ္စတာဒမ္ၿမိဳ႕ရဲ႕ အဓိကသယ္ယူပုိ႔ေဆာင္ေရးမွာ စက္ဘီးျဖစ္ပါတယ္။ စက္ဘီးေတြဟာ ေန႔စဥ္ေန႔တုိင္း ၿမိဳ႕အတြင္းမွာရွိတဲ႔ တူးေျမာင္း ၁၆၅ ခုထဲကုိ ျပဳတ္က်ေနလ်က္ရွိပါတယ္။ ဒါေၾကာင့္ အမ္စတာဒမ္ၿမိဳ႕မွ အာဏပုိင္မ်ားက တူးေျမာင္းအတြင္း ျပဳတ္က်သြားတဲ႔ စက္ဘီးမ်ားကုိ လုိက္လံဆယ္ယူႏုိင္တဲ႔ ဝန္ထမ္းေတြကုိ ခန္႔အပ္ထားခဲ႔ရပါတယ္။ စက္ဘီးဆယ္သူမ်ားဟာ တူးေျမာင္းထဲကေန တစ္ႏွစ္အတြင္း စက္ဘီးစီးေရ ၁၂၀၀၀ ကေန ၁၅၀၀၀ ၾကားေလာက္အထိကုိ ဆယ္ယူခဲ႔ရတတ္ပါတယ္။

bicycle

( ၂ ) အနံ႔အသက္ရွုရွုိက္သူ

ေခြ်းနံ႔ေပ်ာက္ေဆးမ်ား ၊ လက္သည္းဖ်က္ေဆးမ်ားနဲ႔ ေရေမႊးမ်ားရဲ႕ ရနံ႔မ်ားကုိ ရႈရိႈက္ေပးရင္းနဲ႔ ရနံ႔ရဲ႕အရည္အေသြးကုိ စစ္ေဆးေပးရတဲ႔ အလုပ္တစ္ခုလည္း ရွိလုိ႔ေနပါတယ္။ ဒီအလုပ္ကေတာ့ အနံ႔အသက္ကုိ အဓိကထားတဲ႔ ကုန္ပစၥည္းမ်ားရဲ႕ ထိပ္တန္းရနံ႔ကုိရေအာင္ ရႈရိႈက္စစ္ေပးရတာျဖစ္ၿပီး ကြ်မ္းက်င္မႈအေပၚမူတည္ကာ တစ္ႏွစ္ကုိ အေမရိကန္ေဒၚလာ ၁၉၀၀၀ကေန ၅၂၀၀၀ေလာက္အထိကုိ ရရွိႏုိင္ပါတယ္။

smeller

( ၃ ) ခရီးသည္ေတြကုိ တြန္းထုိးေပးသူ

ရွန္ဟုိင္းနဲ႔ တုိက်ိဳတုိ႔လုိ လူစည္းကားလွတဲ႔ ၿမိဳ႕ႀကီးေတြမွာဆုိရင္ ရထားစီးခရီးသည္ေတြက အလြန္မ်ားျပားလွပါတယ္။ ဒါေၾကာင့္ ဒီၿမိဳ႕မ်ားအတြင္းမွာ ရံုးတတ္ခ်ိန္ ရံုးဆင္းခ်ိန္အတြင္း ရထားေပၚကုိ ခရီးသည္ေတြအမ်ားႀကီး လုိက္ပါ စီးနင္းႏုိင္ေစဖုိ႔အတြက္ ေၾကးစားလူတြန္းထုိးသူမ်ားကုိ ခန္႔အပ္ထားပါတယ္။ ဒီအလုပ္ဟာ အခ်ိန္ပုိင္းအလုပ္သာျဖစ္ၿပီး တစ္နာရီကုိ ၂၄ေဒၚလာေအာက္ပဲ ရရွိပါတယ္။

pusher

Unicode : ကမ္ဘာတစ်လွှားက ထူးထူးခြားခြား အလုပ်အကိုင် ၃ မျိုး

( ၁ ) စက်ဘီးလိုက်ဆယ်သူ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရဲ့ အဓိကသယ်ယူပို့ဆောင်ရေးမှာ စက်ဘီးဖြစ်ပါတယ်။ စက်ဘီးတွေဟာ နေ့စဉ်နေ့တိုင်း မြို့အတွင်းမှာရှိတဲ့ တူးမြောင်း ၁၆၅ ခုထဲကို ပြုတ်ကျနေလျက်ရှိပါတယ်။ ဒါကြောင့် အမ်စတာဒမ်မြို့မှ အာဏပိုင်များက တူးမြောင်းအတွင်း ပြုတ်ကျသွားတဲ့ စက်ဘီးများကို လိုက်လံဆယ်ယူနိုင်တဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားခဲ့ရပါတယ်။ စက်ဘီးဆယ်သူများဟာ တူးမြောင်းထဲကနေ တစ်နှစ်အတွင်း စက်ဘီးစီးရေ ၁၂၀၀၀ ကနေ ၁၅၀၀၀ ကြားလောက်အထိကို ဆယ်ယူခဲ့ရတတ်ပါတယ်။

bicycle

( ၂ ) အနံ့အသက်ရှုရှိုက်သူ

ချွေးနံ့ပျောက်ဆေးများ ၊ လက်သည်းဖျက်ဆေးများနဲ့ ရေမွှေးများရဲ့ ရနံ့များကို ရှုရှိုက်ပေးရင်းနဲ့ ရနံ့ရဲ့အရည်အသွေးကို စစ်ဆေးပေးရတဲ့ အလုပ်တစ်ခုလည်း ရှိလို့နေပါတယ်။ ဒီအလုပ်ကတော့ အနံ့အသက်ကို အဓိကထားတဲ့ ကုန်ပစ္စည်းများရဲ့ ထိပ်တန်းရနံ့ကိုရအောင် ရှုရှိုက်စစ်ပေးရတာဖြစ်ပြီး ကျွမ်းကျင်မှုအပေါ်မူတည်ကာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၉၀၀၀ကနေ ၅၂၀၀၀လောက်အထိကို ရရှိနိုင်ပါတယ်။

smeller

( ၃ ) ခရီးသည်တွေကို တွန်းထိုးပေးသူ

ရှန်ဟိုင်းနဲ့ တိုကျိုတို့လို လူစည်းကားလှတဲ့ မြို့ကြီးတွေမှာဆိုရင် ရထားစီးခရီးသည်တွေက အလွန်များပြားလှပါတယ်။ ဒါကြောင့် ဒီမြို့များအတွင်းမှာ ရုံးတတ်ချိန် ရုံးဆင်းချိန်အတွင်း ရထားပေါ်ကို ခရီးသည်တွေအများကြီး လိုက်ပါ စီးနင်းနိုင်စေဖို့အတွက် ကြေးစားလူတွန်းထိုးသူများကို ခန့်အပ်ထားပါတယ်။ ဒီအလုပ်ဟာ အချိန်ပိုင်းအလုပ်သာဖြစ်ပြီး တစ်နာရီကို ၂၄ဒေါ်လာအောက်ပဲ ရရှိပါတယ်။

pusher

Leave a comment

Your email address will not be published.