Wikileaks ဆိုတာ ဘာလဲ?

Wikipedia ကို လူတိုင်းသိကြပေမယ့် wikileaks ကို သိတဲ့လူနည်းပါးပါတယ်။ အကြောင်းအရာတစ်ခုခုကို အသေးစိတ်သိချင်ရင် Wikipedia မှာ အသေးစိတ်ကြည့်လို့ရပြီး မသိသေးတဲ့အကြောင်းအရာတစ်ခုခု ဒါမှမဟုတ် အစိုးရတွေက လျှို့ဝှက် စာရွက်စာတမ်းတွေကို ကြည့်ချင်ရင် ဘယ်လိုလုပ်နိုင်မလဲ။ ဒါတွေအားလုံးကို wikileaks မှာ ကြည့်နိုင်ပါတယ်။ Wikileaks သမိုင်းအကြောင်းပြောရအောင်။

Wikileaks က ၂၀၁၆ စတင်ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံအများစုက နည်းပညာရှင်များ၊ စာနယ်ဇင်းသမားများနဲ့ သင်္ချာပညာရှင်မားက စတည်တည်ထောင်ခဲ့တယ်လို့ ယူဆရပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ Julian Assange က စတင်ပေါ်ပေါက်လာပြီး သူက board အဖွဲ့ဝင် တစ်ယောက်လို့ ထွက်ဆိုခဲ့ပါတယ်။ အချို့ မီဒီယာတွေကလည်း Assange က Wikileaks တည်ထောင်သူလို့ ရေးသားဖော်ပြကြပါတယ်။ Julian Assange က ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး အခုခေတ်စကားနဲ့ ပြောရင် Hacker တစ်ယောက်လို့လည်း ပြောနိုင်ပါတယ်။ အသက်ကတော့ ၄၇ နှစ်ရှိပြီး အခု လန်ဒန်ရဲ့ အရှေ့အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပါတယ်။

Julian Assange က အစောပိုင်းမှာ bank account တွေကို hack ပြီး ကိုယ်ကျိုးစီးပွားအတွက်သာ သူ့ရဲ့ပညာကို အသုံးချခဲ့တဲ့လူဖြစ်ပါတယ်။ အသက်ရလာတဲ့အခါမှာတော့ နိုင်ငံတကာအစိုးရ​က အချင်းချင်းပေးပို့တဲ့ ထိပ်တန်းလျှို့ဝှက်သတင်းတွေကို ရအောင်ဖော်ထုတ်ပြီး wikileaks မှာ တင်ပါတယ်။ ဒီလျှို့ဝှက်သတင်းတော်တော်များများမှာ နိုင်ငံတော်တော်များများ ပါဝင်ပါတယ်။ Wikileaks မှာ တင်တဲ့အခါ စာတွေကို ဒီအတိုင်းရေးတာမျိုးမဟုတ်ပဲ တစ်ချို့အကြောင်းအရာတွေက သမ္မတလက်မှတ်တွေနဲ့ ဗီဒီယိုတွေပါ ပါဝင်ပါတယ်။ နောက်ပိုင်းမှာ လူတော်တော်များများက လက်ခံလာပြီး နိုင်ငံတကာ အစိုးရတွေက မျက်နှာပူလာတဲ့အဆင့်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုလူသိများလာတဲ့အချိန်မှာတော့ Julian Assange ကို ချစ်တဲ့လူနဲ့ မုန်းတဲ့လူတွေ တစ်ဝက်စီ ဖြစ်သွားကြပါတယ်။

နောက်ပိုင်းမှာတော့ ဆွီဒင်မှာ မိန်းကလေးငယ်တစ်ယောက်ကို အတင်းအဓ္ဓမ ပြုကျင့်ခဲ့တဲ့သတင်းကပေါ်လာပြီး Assange ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သတင်းက တစ်ကယ်မှန်ခဲ့ရင်တော့ ထောင်ဒဏ်နှစ်နှစ် ကျမှာ ဖြစ်ပါတယ်။ ဒီလို သတင်းပေါက်ကြားတဲ့အကြောင်းရင်း နောက်ကွယ်မှာ အမေရိကန်အစိုးရ ရှိနေတယ်လို့လည်း သူ့ fan တွေက ပြောကြားခဲ့ပါတယ်။

စာဖတ်သူ ပရိတ်သတ်ကြီးတို့ရော သူလုပ်တဲ့အလုပ်က မှန်ကန်လား၊ မှားတဲ့လုပ်ရပ်လို့ ထင်ပါသလား။

Leave a comment

Your email address will not be published. Required fields are marked *