ဦးဝီရသူရဲ့ ဒုတိယကြိမ်မြောက် ဝစီပိတ်တရားပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပ

ဦးဝီရသူ သည် တရားဟောပြောခွင့် တစ်နှစ်ပိတ်ခံရသော်လည်း ဝစီပိတ်တရားပွဲကို မြစ်ကြီးနားမြို့တွင် မတ်လ ၁၅ ရက်နေ့၌ ကျင်းပလိုက်သည်။ မတ်လ ၁၁ ရက်နေ့၌ အိမ်မဲမြို့တွင် ပထမအကြိမ်အဖြစ် ဝစီပိတ်တရားပွဲ ကျင်းပပြီး ဒုတိယအကြိမ်အဖြစ် မြစ်ကြီးနားမြို့တွင် ကျင်းပလိုက်ခြင်း ဖြစ်သည်။

တရားနာပရိတ်သတ် ၂၅၀ ဦးလာရောက် တရားနာကြပြီး ဦးဝီရသူ၏ တပည့်တစ်ပါးမှ တရားဟောပြောခြင်း ဖြစ်သည်။ ဦးဝီရသူမှာ ပါးစပ်၌ တိတ်ကပ်ထား၍ ထိုင်နေခြင်းသာ ဖြစ်သည်။ တရားပွဲရှိကြောင်း ကြိုတင်ကြေငြာမှုပြုလုပ်ခဲ့ပြီး တရားပွဲကို ည ၈နာရီ မိနစ် ၂၀ ခန့်မှ စတင်ကျင်းပခဲ့သည်။

ဦးဝီရသူဟာ ဘာသာတရား တစ်ခုနဲ့တစ်ခုအကြား သွေးထိုးလှုံ့ဆော်မှုတွေ၊ အဓိကရုဏ်းဖြစ်စေနိုင်သည့် အကြောင်းတွေ၊ အမုန်းတရားတွေကို ကြီးထွားစေတဲ့ အကြောင်းအရာတွေ ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ လိုက်လံဟောပြောနေမှုကြောင့် တရားဟောပြောခွင့်ကိုပိတ်ရတာ ဖြစ်ကြောင်း နိုင်ငံတော် သံဃာ့နယက အဖွဲ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *