ကမ္ဘာ့ဈေးအကြီးဆုံး နှုတ်ခမ်းနီ

မိန်းကလေး တစ်ယောက်အနေနဲ့ အိမ်ပြင်ထွက်တဲ့အခါ မေ့ကျန်လို့ မဖြစ်တဲ့အရာဟာ နှုတ်ခမ်းနီ ဆိုးဆေးတစ်တောင့်ဆိုရင် သင်အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းနီ မဆိုးဘဲ အိမ်ပြင်ထွက်ရင် အဝတ်မပါဘဲထွက်သလို ခံစားကြရတယ်တဲ့။ မိန်းကလေးတွေကို ဒီလောက်တောင် လွှမ်းမိုးတဲ့ နှုတ်ခမ်းနီတောင့်လေးဟာ ဈေးကွက်ထဲမှာ အရောင်အသွေး စုံလိုက်တာကလည်း မပြောပါနဲ့တော့။ အနက်ရောင်၊အပြာရောင်တွေတောင်ရှိလေရဲ့။

ဘယ်လိုပဲအရောင်စုံစုံ မိန်းခလေးအများစုကတော့ သူတို့ရဲ့ ပန်းနုရောင်နှုတ်ခမ်းပွင့်ငုံကို ပြည့်စုံအောင်ချယ်သတဲ့အခါ အနီရောင်က နေရာယူနေဆဲပါပဲ။ အနီတောက်တောက် အရောင်ကတော့ ပိုခေတ်ဆန်ပြီး ပုရိသတွေကို အင်မတန် ဆွဲဆောင်နိုင်တယ်လို့ဆိုပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့က အမျိုးသားတွေ သဘောကျ နှစ်သက်လာအောင်ဆွဲဆောင်ရတာပဲမဟုတ်လား။

ဒီနေ့ခေတ်ကြီးမှာ ဒီလို ဆွဲဆောင်မှုရှိဖို့ နှစ်ဒေါ်လာလောက်ကနေ ဒေါ်လာထောင်ဂဏန်းပေးတာနဲ့ နှုတ်ခမ်းနီ တံဆိပ်အမျိုးအမျိုး အရောင်အစုံအလင်ရတတ်ကြတယ်လေ။ ဒါပေမယ့် ကမ္ဘာပေါ်က ဈေးအကြီးဆုံးနှုတ်ခမ်းနီ တစ်တောင့်ကိုတော့ လူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဒီနှုတ်ခမ်းနီရဲ့ အမည်နာမကတော့  Guerlain’s Kiss Kiss Gold And Diamond  လို့ခေါ်ပါတယ်။ တန်ဖိုးကတော့ အိမ်တစ်လုံးဝယ်လို့ရပါတယ်။ ဒေါ်လာ ၆၂၀၀၀ တဲ့။ မြန်မာငွေဈေးနဲ့ဆိုရင်တော့ သိန်း၈၅၀ နီးနီးတန်ဖိုးရှိပါတယ်။

kiss-gold

တကယ်လို့သာ မွေးနေ့လက်ဆောင်ပေးလို့ပဲဖြစ်ဖြစ် ၊ချစ်သူရည်းစားကပေးလို့ပဲဖြစ် ဖြစ်ဒီနှုတ်ခမ်းနီသာ လက်ဆောင်ရခဲ့မယ့် ဆိုရင်တော့ အင်မတန် ကံကောင်းတယ်လို့ဆိုရမှာပါ။ ဘာကြောင့် ဒီလောက်တောင်ဈေးကြီးရတာလဲ။ နှုတ်ခမ်းနီတောင့် သက်သက်နဲ့တော့ ဒီလောက်ဈေးမရှိနိုင်ပါဘူး။ ဟုတ်ပါတယ် သူ့ကိုဘယ်လိုဖန်တီးထားတယ်ဆိုလေးကြည့်ရအောင်ပါ။

Kiss Kiss ခေါ်တဲ့ ဒီနှုတ်ခမ်းနီတောင့်ကို သီးသန့် ပုံစံ (၁၅) မျိုးနဲ့ဖန်တီးထားပြီး ကြိုက်တာကိုရွေးဝယ်နိုင်ပါတယ်။ ကိုယ်ထည်ကအရမ်းဈေးကြီးတာလည်း မပြောပါနဲ့တော့။ ၁၈ ကာရက်ရွှေသားပေါ်မှာ တောက်ပတဲ့စိန်ပွင့်ရေ ၁၉၉ ပွင့်ကို စီချယ်ထားပါတယ်။ ကိုယ်ထည်ပေါ်မှာ ကိုယ်ပိုင်အမည်နာမ ဒါမှမဟုတ်အမှတ်အသားတစ်ခုခုကို ရေးထွင်းနိုင်တာကြောင့် ကိုယ့်အတွက်ရေရှည်  အမှတ်တရဖြစ်စေပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီတောင့်လေးသုံးလို့ကုန်သွားရင်  ပြန်ဖြည့်ခွင့်ရတာကလည်း ကံကောင်းမှုတစ်ခုပါ။

kiss-color

“နှုတ်ခမ်းနီတောင့်လေးက သာမန်ဆိုပေမယ့် ပဟေဠိဆန်လှပါတယ်။ အဖုံးလေးကို ဖွင့်လိုက်အပြီးမှာ ဘယ်အရောင်ဖြစ်လာမလဲဆိုတာ ဘယ်သူမှ အသေအချာမသိနိုင်ပါဘူး။ ဒီပဟေဠိကပဲ လက်ဖဝါးအလယ်မှာ Kiss Kiss Gold And Diamond နှုတ်ခမ်းနီကို ဆုပ်ကိုင်ပြီး သိချင်တဲ့စိတ်၊တမ်းတမက်မောတဲ့စိတ်ကို ဖြစ်ပေါ်စေပြီး ဒီခံစားချက်ကို  မိန်းကလေးတွေ ခံစားစေဖို့ မျှော်လင့်ပါတယ်။

ဒီစိတ်ဟာ စွမ်းအားပြည့်ဝပြီး စိတ်ကူးမှန်းဆလို့မရနိုင်တဲ့ တစ်ခုတည်းသော လိုအင်ဆန္ဒလည်းဖြစ်တယ်။ ဒါကို တစ်ချိန်တည်းမှာ ရနိုင်သလို ရလည်းမရနိုင်ဘူး” လို့ Kiss Kiss ကို ပူးပေါင်းတီထွင်တဲ့ Herve Van Der Straeten က ဆိုပါတယ်။ ကဲပျိုမေတို့အနေနဲ့ နှုတ်ခမ်းနီလေးအလှဆုံးချယ်သပြီး အေးမြသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Zawgyi Font : ကမၻာ႕ေစ်းအၾကီးဆံုး ႏႈတ္ခမ္းနီ

kisskiss

မိန္းကေလး တစ္ေယာက္အေနနဲ႔ အိမ္ျပင္ထြက္တဲ႔အခါ ေမ႔က်န္လို႕ မျဖစ္တဲ႔အရာဟာ ႏႈတ္ခမ္းနီ ဆိုးေဆးတစ္ေတာင့္ဆိုရင္ သင္အံ့ၾသေကာင္း အံ့ၾသေနပါလိမ့္မယ္။ မိန္းကေလးအမ်ားစုဟာ ႏႈတ္ခမ္းနီ မဆိုးဘဲ အိမ္ျပင္ထြက္ရင္ အ၀တ္မပါဘဲထြက္သလို ခံစားၾကရတယ္တဲ႔။ မိန္းကေလးေတြကို ဒီေလာက္ေတာင္ လႊမ္းမိုးတဲ့ ႏႈတ္ခမ္းနီေတာင့္ေလးဟာ ေစ်းကြက္ထဲမွာ အေရာင္အေသြး စံုလိုက္တာကလည္း မေျပာပါနဲ႔ေတာ႔။ အနက္ေရာင္၊အျပာေရာင္ေတြေတာင္ရွိေလရဲ႕။

ဘယ္လိုပဲအေရာင္စံုစံု မိန္းခေလးအမ်ားစုကေတာ႔ သူတို႕ရဲ႕ ပန္းႏုေရာင္ႏႈတ္ခမ္းပြင့္ငံုကို ျပည္႔စံုေအာင္ခ်ယ္သတဲ႔အခါ အနီေရာင္က ေနရာယူေနဆဲပါပဲ။ အနီေတာက္ေတာက္ အေရာင္ကေတာ႔ ပိုေခတ္ဆန္ျပီး ပုရိသေတြကို အင္မတန္ ဆြဲေဆာင္ႏိုင္တယ္လို႔ဆိုပါတယ္။ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႕က အမ်ိဳးသားေတြ သေဘာက် ႏွစ္သက္လာေအာင္ဆြဲေဆာင္ရတာပဲမဟုတ္လား။

ဒီေန႔ေခတ္ၾကီးမွာ ဒီလို ဆြဲေဆာင္မႈရွိဖို႕ ႏွစ္ေဒၚလာေလာက္ကေန ေဒၚလာေထာင္ဂဏန္းေပးတာနဲ႔ ႏႈတ္ခမ္းနီ တံဆိပ္အမ်ဳိးအမ်ိဳး အေရာင္အစံုအလင္ရတတ္ၾကတယ္ေလ။ ဒါေပမယ္႔ ကမၻာေပၚက ေစ်းအၾကီးဆံုးႏႈတ္ခမ္းနီ တစ္ေတာင္႔ကိုေတာ့ လူတိုင္းစိတ္၀င္စားမယ္ထင္ပါတယ္။ ဒီႏႈတ္ခမ္းနီရဲ႕ အမည္နာမကေတာ႔  Guerlain’s Kiss Kiss Gold And Diamond  လို႔ေခၚပါတယ္။ တန္ဖိုးကေတာ႔ အိမ္တစ္လံုး၀ယ္လို႔ရပါတယ္။ ေဒၚလာ ၆၂၀၀၀ တဲ႔။ ျမန္မာေငြေစ်းနဲ႔ဆိုရင္ေတာ႔ သိန္း၈၅၀ နီးနီးတန္ဖိုးရွိပါတယ္။

kiss-gold

တကယ္လို႕သာ ေမြးေန႔လက္ေဆာင္ေပးလို႔ပဲျဖစ္ျဖစ္ ၊ခ်စ္သူရည္းစားကေပးလို႔ပဲျဖစ္ ျဖစ္ဒီႏႈတ္ခမ္းနီသာ လက္ေဆာင္ရခဲ႔မယ့္ ဆိုရင္ေတာ႕ အင္မတန္ ကံေကာင္းတယ္လို႔ဆိုရမွာပါ။ ဘာေၾကာင့္ ဒီေလာက္ေတာင္ေစ်းၾကီးရတာလဲ။ ႏႈတ္ခမ္းနီေတာင့္ သက္သက္နဲ႔ေတာ႔ ဒီေလာက္ေစ်းမရွိႏိုင္ပါဘူး။ ဟုတ္ပါတယ္ သူ႔ကိုဘယ္လိုဖန္တီးထားတယ္ဆိုေလးၾကည္႔ရေအာင္ပါ။

Kiss Kiss ေခၚတဲ့ ဒီႏႈတ္ခမ္းနီေတာင္႔ကို သီးသန္႔ ပံုစံ (၁၅) မ်ိဳးနဲ႔ဖန္တီးထားျပီး ၾကိဳက္တာကိုေရြး၀ယ္ႏိုင္ပါတယ္။ ကိုယ္ထည္ကအရမ္းေစ်းၾကီးတာလည္း မေျပာပါနဲ႔ေတာ့။ ၁၈ ကာရက္ေရႊသားေပၚမွာ ေတာက္ပတဲ႔စိန္ပြင္႔ေရ ၁၉၉ ပြင္႔ကို စီခ်ယ္ထားပါတယ္။ ကိုယ္ထည္ေပၚမွာ ကိုယ္ပိုင္အမည္နာမ ဒါမွမဟုတ္အမွတ္အသားတစ္ခုခုကို ေရးထြင္းႏိုင္တာေၾကာင္႔ ကိုယ္႔အတြက္ေရရွည္  အမွတ္တရျဖစ္ေစပါတယ္။ ဒါ႔အျပင္ ႏွဳတ္ခမ္းနီေတာင့္ေလးသံုးလို႕ကုန္သြားရင္  ျပန္ျဖည္႔ခြင္႔ရတာကလည္း ကံေကာင္းမႈတစ္ခုပါ။

kiss-color

“ႏွဳတ္ခမ္းနီေတာင္႔ေလးက သာမန္ဆုိေပမယ္႔ ပေဟဠိဆန္လွပါတယ္။ အဖံုးေလးကို ဖြင္႔လိုက္အျပီးမွာ ဘယ္အေရာင္ျဖစ္လာမလဲဆိုတာ ဘယ္သူမွ အေသအခ်ာမသိႏိုင္ပါဘူး။ ဒီပေဟဠိကပဲ လက္ဖ၀ါးအလယ္မွာ Kiss Kiss Gold And Diamond ႏႈတ္ခမ္းနီကို ဆုပ္ကိုင္ျပီး သိခ်င္တဲ႔စိတ္၊တမ္းတမက္ေမာတဲ႕စိတ္ကို ျဖစ္ေပၚေစျပီး ဒီခံစားခ်က္ကို  မိန္းကေလးေတြ ခံစားေစဖို႔ ေမွ်ာ္လင္႔ပါတယ္။

ဒီစိတ္ဟာ စြမ္းအားျပည္႔၀ျပီး စိတ္ကူးမွန္းဆလို႔မရႏိုင္တဲ႔ တစ္ခုတည္းေသာ လိုအင္ဆႏၵလည္းျဖစ္တယ္။ ဒါကို တစ္ခ်ိန္တည္းမွာ ရႏိုင္သလို ရလည္းမရႏိုင္ဘူး” လို႔ Kiss Kiss ကို ပူးေပါင္းတီထြင္တဲ႔ Herve Van Der Straeten က ဆိုပါတယ္။ ကဲပ်ိဳေမတို႕အေနနဲ႔ ႏႈတ္ခမ္းနီေလးအလွဆံုးခ်ယ္သျပီး ေအးျမသာယာတဲ႔ဘ၀ကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

 

Leave a comment

Your email address will not be published. Required fields are marked *