အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ

လေယာဉ်ပျံဆိုတာ လူတွေ ခရီးသွားလာရင် ပို့ဆောင်ပေးဖို့နဲ့ ကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးချခဲ့ပေမယ့် ယခုတော့ ဒီထက်ပိုအဆင့်မြင့်လာပါပြီ။ အမေရိကန်ကနေ ကမ္ဘာ့အကြီးဆုံး လေယာဉ်တစ်စီးကို ဖော်ထုတ်ပြသလိုက်ပြီး အာကာသထဲကိုပစ်လွှတ်မယ့် ဒုံးပျံတွေကို လေယာဉ်နဲ့သယ်ဆောင်ပို့လွှတ်ဖို့ဘဲ ဖြစ်ပါတယ်။ ယခင်က မြေပြင်အခြေစိုက်စခန်းကနေ အာကာသထဲကို အာကာသဒုံးပျံတွေ ပစ်လွှတ်ခဲ့ပေမယ့် ဒီထက်ပိုပြီး အန္တရာယ်ကင်းဖို့နဲ့ ပိုမိုလျှင်မြန်စေဖို့ လေယာဉ်နဲ့သယ်ဆောင်ပစ်လွှတ်ဖို့ စီစဉ်နေတာဘဲ ဖြစ်ပါတယ်။

ariplane-wheel

အင်ဂျင် ၆ လုံးပါရှိပြီး အမြင့်ပေ ၅၀ ရှိပါတယ်။ လေယာဉ်တောင်ပံအရှည်ကတော့ ၃၈၅ ပေ ရှိပြီး တန်ချိန်ပေါင်း ၅သိန်း ကျော်အလေးချိန်ကို သယ်ဆောင်နိုင်ပါတယ်။ လေယာဉ်ဘီးပေါင်း ၂၈ ဘီးပါရှိပြီး ဒီဇိုင်းကတော့ လေယာဉ်၂စီးကို ဆက်ထားတဲ့ပုံစံဘဲ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ မည်သည့်မြေကြီးအမျိုးအစားမှာမဆို ပျံသန်းနိုင်ဖို့ စမ်းသပ်နေပြီး အခြားလေယာဉ်ပျံတွေလိုမျိုး လေယာဉ်ပြေးလမ်းအမျိုးအစား သီးသန့်မလိုအောင် စမ်းသပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကတ္တရာလမ်းမဟုတ်ဘဲ သာမန်မြေကြီးလမ်းပေါ်မှာလည်း သွားနိုင်မယ်လို့ ယူဆရပါတယ်။ လက်ရှိမှာ စမ်းသပ်ဆဲ အခြေအနေအဆင့်သာ ရှိပါသေးတယ်။

၂၀၁၉ ခုနှစ်မှာ စတင်ပျံသန်းပြသမှာ ဖြစ်ပြီး လက်ရှိမှာတော့ စမ်းသပ်ဆဲဖြစ်ပါတယ်။

Zawgyi Font : အေမရိကန္ရဲ႕ ကမၻာ႕အၾကီးဆံုး ေလယာဥ္ပ်ံ

ေလယာဥ္ပ်ံဆိုတာ လူေတြ ခရီးသြားလာရင္ ပို႕ေဆာင္ေပးဖို႕နဲ႕ ကုန္ပစၥည္းေတြကို သယ္ယူပို႕ေဆာင္ေရးအတြက္ အသံုးခ်ခဲ့ေပမယ့္ ယခုေတာ့ ဒီထက္ပိုအဆင့္ျမင့္လာပါျပီ။ အေမရိကန္ကေန ကမၻာ႕အၾကီးဆံုး ေလယာဥ္တစ္စီးကို ေဖာ္ထုတ္ျပသလိုက္ျပီး အာကာသထဲကိုပစ္လႊတ္မယ့္ ဒံုးပ်ံေတြကို ေလယာဥ္နဲ႕သယ္ေဆာင္ပို႕လႊတ္ဖို႕ဘဲ ျဖစ္ပါတယ္။ ယခင္က ေျမျပင္အေျခစိုက္စခန္းကေန အာကာသထဲကို အာကာသဒံုးပ်ံေတြ ပစ္လႊတ္ခဲ့ေပမယ့္ ဒီထက္ပိုျပီး အႏၱရာယ္ကင္းဖို႕နဲ႕ ပိုမိုလွ်င္ျမန္ေစဖို႕ ေလယာဥ္နဲ႕သယ္ေဆာင္ပစ္လႊတ္ဖို႕ စီစဥ္ေနတာဘဲ ျဖစ္ပါတယ္။

ariplane-wheel

အင္ဂ်င္ ၆ လံုးပါရွိျပီး အျမင့္ေပ ၅၀ ရွိပါတယ္။ ေလယာဥ္ေတာင္ပံအရွည္ကေတာ့ ၃၈၅ ေပ ရွိျပီး တန္ခ်ိန္ေပါင္း ၅သိန္း ေက်ာ္အေလးခ်ိန္ကို သယ္ေဆာင္ႏုိင္ပါတယ္။ ေလယာဥ္ဘီးေပါင္း ၂၈ ဘီးပါရွိျပီး ဒီဇိုင္းကေတာ့ ေလယာဥ္၂စီးကို ဆက္ထားတဲ့ပံုစံဘဲ ျဖစ္ပါတယ္။ ထူးျခားခ်က္အေနနဲ႕ မည္သည္႕ေျမၾကီးအမ်ိဳးအစားမွာမဆို ပ်ံသန္းႏိုင္ဖို႕ စမ္းသပ္ေနျပီး အျခားေလယာဥ္ပ်ံေတြလိုမ်ိဳး ေလယာဥ္ေျပးလမ္းအမ်ိဳးအစား သီးသန္႕မလိုေအာင္ စမ္းသပ္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကတၱရာလမ္းမဟုတ္ဘဲ သာမန္ေျမၾကီးလမ္းေပၚမွာလည္း သြားႏိုင္မယ္လို႕ ယူဆရပါတယ္။ လက္ရွိမွာ စမ္းသပ္ဆဲ အေျခအေနအဆင့္သာ ရွိပါေသးတယ္။

၂၀၁၉ ခုႏွစ္မွာ စတင္ပ်ံသန္းျပသမွာ ျဖစ္ျပီး လက္ရွိမွာေတာ့ စမ္းသပ္ဆဲျဖစ္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *