The X Factor ရဲ့ အဓိက ဒိုင်လူကြီးဖြစ်သူ စိုင်မွန် သတိလစ်မေ့မြောမှူ ဖြစ်

စိုင်မွန်ကိုဝဲလ်ဟာ The X Factor ရှိူးပွဲသွားသွားဖို့ အိမ်ကမထွက်ခင် သတိလစ် သွားတာကြောင့် ဆေးရုံသိုု့ အလျင်စလိုပို့ဆောင်ခဲ့ရပါတယ်။ စွမ်းရည်ပြ ပြိုင်ပွဲတွေ လိုလို မှာ ပင်တိုင်စံ ဒိုင်လူကြီးအဖြစ်နဲ့ ပါဝင်ခဲ့တဲ့ စိုင်မွန်ကိုဝဲလ် ဟာ သောကြာနေ့တုန်းက အိမ်ပေါ်ကအဆင်းမှာ ခြေချော်ကျသွားခဲ့ပြီး သတိလစ်သွားတာဖြစ်တယ်လို့ယူဆရပါတယ်။ ဒါပေမယ့် သတင်းထောက်တွေ သတင်းရယူဖို့လာတဲ့အချိန်မှာတော့ နည်းနည်းလေး သက်သာလာပြီဖြစ်တဲ့အတွက် လက်မထောင်ပြခဲ့ပါတယ်။

“ကျွန်တော်သက်သာလာပါပြီ။ ကျွန်တော်သတိမေ့သွားခဲ့တာပါ” လို့ The Sun သတင်းစာကိုပြောပါတယ်။

“ကျွန်တော်ပြန်လာမှာပါ။ ဒါပေမယ့် မနက်ဖြန်ဘာဖြစ်မယ်ဆိုတာတော့မသိပါဘူးတဲ့”။ သူပထမဆုံး ရှိုးပွဲကို လက်လွှတ်လိုက်ရတဲ့အတွက် အစကတော့ သူ့ ဒိုင်အနေနဲ့ လုပ်ရမယ့် ဖျောဖြေမဲ့အဖွဲ့ဟာ ဒီနေ့မှာ ဖျော်ဖြေဖို့ မဖြစ်နိုင်တော့ပါဘူး။

ပထမဆုံးရှိုးပွဲ မှာ အဓိက ဆိုမယ့်သီချင်းကတော့ “ Express Yourself” ပဲဖြစ်ပါတယ်။

Source: Sky News

Published
Categorized as News

Leave a comment

Your email address will not be published. Required fields are marked *