Xiaomi Mi Mix White တစ်မိနစ်အတွင်း အကုန်ရောင်းချခဲ့ရ

Xiaomi ရဲ့ Mi Mix ဟာ စထွက်ချင်းတုန်းက အမဲရောင်အနေနဲ့ စတင်ရောင်းချခဲ့ပေမယ့် အဖြူရောင် Mi Mix ကိုတော့ ယခုမှစတင်ရောင်းချတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ အစဉ်အလာအတိုင်း စတင်ရောင်းချတဲ့ အချိန်အနည်းငယ်အတွင်းမှာဘဲ အကုန် ရောင်းချခဲ့ရပါတယ်။ Xiaomi Store မှ Mi Mix White အား တစ်မိနစ်အတွင်း အကုန်ရောင်းကျခဲ့ရပါတယ်။ Mi Mix White ရဲ့ ကိုယ်ထည်ကို Ceramic  ကြွေသားနဲ့ပြုလုပ်ထားပြီး အဆိုပါ ကုန်ကြမ်းကို ဂျပန်နိုင်ငံကနေ တင်သွင်းခဲ့ ကြောင်း ပြောခဲ့ပါတယ်။ Ceramic အသားကို အဖြူရောင် ရရှိရန် အချိန်ပေါင်းများစွာ ပိုမိုအကုန်ခံရကြောင်းလည်း သိရှိရပါတယ်။

မျက်နှာပြင်ကို ၆.၄လက်မ ရှိပြီး Resolution အနေနဲ့ 2040×1080 pixels ရှိပါတယ်။ 17:9 aspect ratio ဖြစ်တဲ့ အတွက် ၉၁.၃ရာခိုင်နှုန်းက မှန်သားပြင်တွေနဲ့ နေရာယူထားပါမယ်။ ဒါကြောင့် ဘောင်ပျောက်ဒီဇိုင်းလို ဖြစ်နေတာပါ။ CPU အနေနဲ့ Snapdragon 821 SOC နဲ့တပ်ဆင်ထားပြီး RAM 4GB, Storage 128GB, 4k အရည်အသွေးရှိတဲ့ video ရိုက်ကူးနိုင်တဲ့ 16Mega Pixels ကင်မရာ၊ အားအမြန်သွင်းနိုင်မယ့် စနစ်နဲ့ ဘတ်ထရီ 4400 mAh, USB Type-C, NFC တို့ပါဝင်တာ ဖြစ်ပါတယ်။

လက်ရှိမှာ Mi Mix White အလုံးရေးအားလုံး ရောင်းကုန်သွားပြီ ဖြစ်တဲ့အတွက် ဒုတိယအသုတ်အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မှာ ထပ်မံရောင်းချသွားမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅၁၀ ခန့်ရှိမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *